တစ်နယ်တစ်ကျေးတွင် အလုပ်သွားလုပ်နေသော မိခင်ဖြစ်သူကို လွမ်းသောကြောင့် ဓာတ်ပုံလေးကြည့်ပြီး ငိုနေခဲ့သည့် အသက်၃နှစ်အရွယ်ကလေး

တစ်နယ်တစ်ကျေးတွင် အလုပ်သွားလုပ်နေသော မိခင်ဖြစ်သူကို လွမ်းသောကြောင့် ဓာတ်ပုံလေးကြည့်ပြီး ငိုနေခဲ့သည့် အသက်၃နှစ်အရွယ်ကလေး

မိဘများနှင့် အဝေးတွင် နေထိုင်နေရသူများအတွက် အလွမ်းဆိုသောအရာသည် အလွန်ပင်ခံစားရခက်သော ခံစားချက်တစ်ခုဖြစ်ကြောင်းကို နားလည်သဘောပေါက်ပေလိမ့်မည်။ကမ္ဘာပေါ်တွင် အအေးမြဆုံးဆိုသော သစ်ရိပ်ဝါးရိပ်ပင်လျှင် မိဘတို့၏ ရင်ခွင်လောက် အေးမြမှုမရှိပေ။

ယခုတွင်လည်း အသက်၃နှစ်အရွယ်သာရှိသေးသည့် ကလေးငယ်လေးသည် မိခင်ဖြစ်သူကို လွမ်းနေသောကြောင့် ဓာတ်ပုံလေးကြည့်ပြီး ငိုနေခဲ့ပါတယ်။မိခင်ဖြစ်သူဟာ တခြားတစ်နေရာတွင် အလုပ်ခဏသွားလုပ်နေသောကြောင့် သမီးငယ်လေးက လွမ်းဆွတ်နေခြင်းဖြစ်ပါတယ်။

ဖခင်ကိုယ်တိုင်က သမီးငယ်လေးကို ပွေ့ချီပြီး ချော့ပေးခဲ့သော်လည်း ကလေးဟာ မိခင်ဖြစ်သူ၏ ဓာတ်ပုံကို လက်ထဲမှာ တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့တယ်ဟု ဆိုရပါတယ်။အသက်၃နှစ်အရွယ်သာ ရှိသေးသော်လည်း ကလေး၏ မိခင်ဖြစ်သူကိုလွမ်းစိတ်သည် မိဘများနှင့် ဝေးကွာနေရသူတိုင်း ခံစားမိလိမ့်ပေမည်။

Be the first to comment

Leave a Reply

Your email address will not be published.


*