တစ်ခါးမှ မွေးနေ့လက်ဆောင်မရခဲ့လို့ ကိုယ်တိုင်လက်ဆောင်မှာယူပြီး Surprise delivery ပို့ပေးဖို့ တောင်းဆိုခဲ့တဲ့အမျိုးသား

တစ်ခါးမှ မွေးနေ့လက်ဆောင်မရခဲ့လို့ ကိုယ်တိုင်လက်ဆောင်မှာယူပြီး Surprise delivery ပို့ပေးဖို့ တောင်းဆိုခဲ့တဲ့အမျိုးသား

Tamil Arasan Veeran အမည်နဲ့ Facebook အသုံးပြုသူ အမျိုးသားက online ပန်းစည်းရောင်းချသူထံ ကိုယ်တိုင်အတွက်လက်ဆောင်ပန်းစည်းလေး မှာယူခဲ့လို့ ဈေးရောင်းတဲ့သူက အတော်လေးအံ့အားသင့်ခဲ့ရတာပါ ။

ပန်းစည်းရောင်းတဲ့သူက ဘယ်သူ့မွေးနေ့လည်း ဆိုပြီးမေးမြန်းခဲ့ချိန်မှာတော့ Tamil က သူ့ရဲ့မွေးနေ့ဖြစ်ကြောင်း ဖြေကြားခဲ့လို့ ပန်းစည်းရောင်းသူက ဟာသတွေမလုပ်ဖို့ပြောယူရတဲ့အထိပါပဲ ။ ဘာလို့အခုလိုမျိုး ပန်းစည်းမှာရတာလဲဆိုပြီး မေးမြန်းခဲ့ချိန်မှာတော့ Tamil က ‘ တစ်ယောက်မှ ကျွန်တော့်ကိုမွေးနေ့လက်ဆောင် Surprise မပေးဖူးဘူး ၊

နောက်လည်း ပေးဖို့ရှိကြမှာ မဟုတ်ဘူး ၊ အဲ့ကြောင့် ကိုယ့်အတွက် ကိုယ်တိုင်ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာ ၊ order မှာလို့ရနိုင်မလား ‘ ဆိုပြီး ပြန်လည်ပြောကြားခဲ့ပါတယ် ။ ပန်းစည်းရောင်းသူကတော့’ စိတ်မပူနဲ့ လုပ်ပေးပါ့မယ် ၊ ဒီအချိန်မှာ ခင်ဗျားအတွက်စိတ်မကောင်းဖြစ်ပေမဲ့လည်း ကျွန်တော့်ရဲ့ ရယ်ချင်စိတ်ကိုလုံးဝထိန်းလို့မရဘူးဗျ’ ဆိုပြီး ပန်းစည်းရောင်းသူက ပြန်လည်ပြောကြားခဲ့ပါတယ် ။

ထိုအချိန်မှာပဲ Tamil က ‘ရယ်ပါဗျာ.. Surprise Delivery လုပ်ပေးဖို့တော့ မမေ့နဲ့နော် ပြီးတော့.. Jack Daniels ကိုတော့ သေချာပေါက်ထည့်ပေးလိုက်ပါအုံးဗျာ ‘ ဆိုပြီး မှာခဲ့ပါသေးတယ် ။

Zawgyi

Tamil Arasan Veeran အမည္နဲ႔ Facebook အသုံးျပဳသူ အမ်ိဳးသားက online ပန္းစည္းေရာင္းခ်သူထံ ကိုယ္တိုင္အတြက္လက္ေဆာင္ပန္းစည္းေလး မွာယူခဲ့လို႔ ေဈးေရာင္းတဲ့သူက အေတာ္ေလးအံ့အားသင့္ခဲ့ရတာပါ ။ ပန္းစည္းေရာင္းတဲ့သူက ဘယ္သူ႔ေမြးေန႔လည္း ဆိုၿပီးေမးျမန္းခဲ့ခ်ိန္မွာေတာ့ Tamil က သူ႔ရဲ႕ေမြးေန႔ျဖစ္ေၾကာင္း ေျဖၾကားခဲ့လို႔ ပန္းစည္းေရာင္းသူက ဟာသေတြမလုပ္ဖို႔ေျပာယူရတဲ့အထိပါပဲ ။

ဘာလို႔အခုလိုမ်ိဳး ပန္းစည္းမွာရတာလဲဆိုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ Tamil က ‘ တစ္ေယာက္မွ ကြၽန္ေတာ့္ကိုေမြးေန႔လက္ေဆာင္ Surprise မေပးဖူးဘူး ၊ ေနာက္လည္း ေပးဖို႔ရွိၾကမွာ မဟုတ္ဘူး ၊ အဲ့ေၾကာင့္ ကိုယ့္အတြက္ ကိုယ္တိုင္ျပန္ေပးဖို႔ ဆုံးျဖတ္ခဲ့တာ ၊ order မွာလို႔ရႏိုင္မလား ‘ ဆိုၿပီး ျပန္လည္ေျပာၾကားခဲ့ပါတယ္ ။

န္းစည္းေရာင္းသူကေတာ့’ စိတ္မပူနဲ႔ လုပ္ေပးပါ့မယ္ ၊ ဒီအခ်ိန္မွာ ခင္ဗ်ားအတြက္စိတ္မေကာင္းျဖစ္ေပမဲ့လည္း ကြၽန္ေတာ့္ရဲ႕ ရယ္ခ်င္စိတ္ကိုလုံးဝထိန္းလို႔မရဘူးဗ်’ ဆိုၿပီး ပန္းစည္းေရာင္းသူက ျပန္လည္ေျပာၾကားခဲ့ပါတယ္ ။ထိုအခ်ိန္မွာပဲ Tamil က ‘ရယ္ပါဗ်ာ.. Surprise Delivery လုပ္ေပးဖို႔ေတာ့ မေမ့နဲ႔ေနာ္ ၿပီးေတာ့.. Jack Daniels ကိုေတာ့ ေသခ်ာေပါက္ထည့္ေပးလိုက္ပါအုံးဗ်ာ ‘ ဆိုၿပီး မွာခဲ့ပါေသးတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*