
တစ်ခါအိပ်ရင် 13 ရက်ခန့် ကြာသွားတတ်တဲ့ လက်တွေ့ဘဝ ‘Sleeping Beauty’ မိန်းကလေး (ရုပ်သံ)
အင်ဒိုနီးရှားနိုင်ငံတောင်ပိုင်း Kalimantan ပြည်နယ် ရှိ Banjarmasin ဒေသ မှ မွေးဖွားလာသူ Echa အမည်ရှိ အသက် ၁၇နှစ် အမျိုးသမီးတစ်ဦးဟာ ၂၀၁၇ ခုနှစ်မှာ သတင်းကြီးပိုင်းတွင်မှာ ပထမဆုံးဖော်ပြခဲ့ပါတယ်။ သတင်းများအရသူမဟာ ၁၃ ရက်လုံးလုံး အိပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်က Echa ရဲ့ အခြေအနေဟာ ပိုမိုဆိုးရွားလာပြီး ခုနစ်ရက်ပတ်လုံးနက်ရှိုင်းစွာ အိပ်စက်ခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး စိုးရိမ်ဖွယ် ဖြစ်စဉ်များကြုံတွေ့ခဲ့ပြီး သူမရဲ့မိဘတွေက သူမကို Banjarmasin ဒေသ ရှိ Ansari Saleh ဆေးရုံကို ခေါ်ဆောင်သွားပေမဲ့လည်း သူမစမ်းသပ်မှုများအဆင်ပြေသွားခဲ့ပါသေးတယ်။ ကိုးရက်လောက်ကြာပြီးမှာ ဆရာဝန်တွေက သူမအရမ်းအားနည်းနေသေးတယ်လို့ပြောပါတယ်။
Echa ရဲ့ ပုံမှန်မဟုတ်ဘဲ ရှည်လျားတဲ့ အိပ်စက်ခြင်းကို ဘယ်လိုလုပ်ဖြစ်နိုင်မာလဲ အမှနိတကယ်မရှိပါဘူးလို့ ထင်ရင်ထင်မိမာပါ။သို့ပေမဲ့လည်း သူမရဲ့ ရောဂါလက္ခဏာဟာ hypersomnia ဝေဒနာခံစားနေရကြောင်း၊ ရောဂါခံစားနေရတဲ့သူတွေဆို တစ်နေ့လုံးအလွန်အမင်းအိပ်ချင်နေပြီး အချိန်ကြာမြင့်စွာအိပ်ပျော်နေကြောင်းကို ဆရာဝန်က ဖော်ပြခဲ့ပါတယ်။ Hypersomnia ဟာ ပုံစံအမျိုးမျိုးရှိပြီး အာရုံကြောပျက်စီးခြင်း၊ မျိုးဗီဇဆိုင်ရာအချက်တွေ နဲ့ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာစိတ်ဒဏ်ရာများအထိ ဖြစ်စေနိုင်ပါတယ်။
Echa ရဲ့ဖခင် ဖြစ်သူ Mulyadi ဟာ သူ့သမီးလေးကို အကြိမ်ပေါင်းများစွာ နှိုးရန် ကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ကြောင်း Tribunn.com သို့ ပြောကြားခဲ့ပါတယ်။ Sleeping Beauty Syndrome ရောဂါဟာ လက်ရှိမှာ မည်သည့်ကုသမှု မရှိသေးပါဘူး။ သို့ပေမဲ့လည်း Echa ရဲ့မိဘတွေက သူမရဲ့ပုံမှန်လက္ခဏာကို ပုံမှန်လေးဖြစ်လာအောင် သူမရဲ့ရောဂါလက္ခဏာကို အနည်းဆုံး ပိုမိုကောင်းမွန်စွာ စီမံနိုင်လိမ့်မည် လို့ မျှော်လင့်နေကြပါတယ်။
Zawgyi
တစ္ခါအိပ္ရင္ 13 ရက္ခန႔္ ၾကာသြားတတ္တဲ့ လက္ေတြ႕ဘဝ ‘Sleeping Beauty’ မိန္းကေလး (႐ုပ္သံ)
အင္ဒိုနီးရွားႏိုင္ငံေတာင္ပိုင္း Kalimantan ျပည္နယ္ ရွိ Banjarmasin ေဒသ မွ ေမြးဖြားလာသူ Echa အမည္ရွိ အသက္ ၁၇ႏွစ္ အမ်ိဳးသမီးတစ္ဦးဟာ ၂၀၁၇ ခုႏွစ္မွာ သတင္းႀကီးပိုင္းတြင္မွာ ပထမဆုံးေဖာ္ျပခဲ့ပါတယ္။ သတင္းမ်ားအရသူမဟာ ၁၃ ရက္လုံးလုံး အိပ္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့အပတ္က Echa ရဲ႕ အေျခအေနဟာ ပိုမိုဆိုး႐ြားလာၿပီး ခုနစ္ရက္ပတ္လုံးနက္ရႈိင္းစြာ အိပ္စက္ခဲ့ပါတယ္။ အဲ့ဒီအခ်ိန္မွစၿပီး စိုးရိမ္ဖြယ္ ျဖစ္စဥ္မ်ားႀကဳံေတြ႕ခဲ့ၿပီး သူမရဲ႕မိဘေတြက သူမကို Banjarmasin ေဒသ ရွိ Ansari Saleh ေဆး႐ုံကို ေခၚေဆာင္သြားေပမဲ့လည္း သူမစမ္းသပ္မႈမ်ားအဆင္ေျပသြားခဲ့ပါေသးတယ္။ ကိုးရက္ေလာက္ၾကာၿပီးမွာ ဆရာဝန္ေတြက သူမအရမ္းအားနည္းေနေသးတယ္လို႔ေျပာပါတယ္။
Echa ရဲ႕ ပုံမွန္မဟုတ္ဘဲ ရွည္လ်ားတဲ့ အိပ္စက္ျခင္းကို ဘယ္လိုလုပ္ျဖစ္ႏိုင္မာလဲ အမွနိတကယ္မရွိပါဘူးလို႔ ထင္ရင္ထင္မိမာပါ။သို႔ေပမဲ့လည္း သူမရဲ႕ ေရာဂါလကၡဏာဟာ hypersomnia ေဝဒနာခံစားေနရေၾကာင္း၊ ေရာဂါခံစားေနရတဲ့သူေတြဆို တစ္ေန႔လုံးအလြန္အမင္းအိပ္ခ်င္ေနၿပီး အခ်ိန္ၾကာျမင့္စြာအိပ္ေပ်ာ္ေနေၾကာင္းကို ဆရာဝန္က ေဖာ္ျပခဲ့ပါတယ္။ Hypersomnia ဟာ ပုံစံအမ်ိဳးမ်ိဳးရွိၿပီး အာ႐ုံေၾကာပ်က္စီးျခင္း၊ မ်ိဳးဗီဇဆိုင္ရာအခ်က္ေတြ နဲ႔ ႐ုပ္ပိုင္းဆိုင္ရာ သို႔မဟုတ္ စိတ္ပိုင္းဆိုင္ရာစိတ္ဒဏ္ရာမ်ားအထိ ျဖစ္ေစႏိုင္ပါတယ္။
Echa ရဲ႕ဖခင္ ျဖစ္သူ Mulyadi ဟာ သူ႔သမီးေလးကို အႀကိမ္ေပါင္းမ်ားစြာ ႏႈိးရန္ ႀကိဳးစားခဲ့ေပမဲ့လည္း မေအာင္ျမင္ေၾကာင္း Tribunn.com သို႔ ေျပာၾကားခဲ့ပါတယ္။ Sleeping Beauty Syndrome ေရာဂါဟာ လက္ရွိမွာ မည္သည့္ကုသမႈ မရွိေသးပါဘူး။ သို႔ေပမဲ့လည္း Echa ရဲ႕မိဘေတြက သူမရဲ႕ပုံမွန္လကၡဏာကို ပုံမွန္ေလးျဖစ္လာေအာင္ သူမရဲ႕ေရာဂါလကၡဏာကို အနည္းဆုံး ပိုမိုေကာင္းမြန္စြာ စီမံႏိုင္လိမ့္မည္ လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။
Leave a Reply