တစ်ကိုယ်တည်း အထီးကျန်ရလွန်းလို့ လမ်းမပေါ်ရှိကားတစ်စီးထံသို့ချဉ်းကပ်ကာ သူ့အား အိမ်သို့ခေါ်သွားပေးဖို့ တောင်းပန်နေခဲ့တဲ့ ခွေးလေး

တစ်ကိုယ်တည်း အထီးကျန်ရလွန်းလို့ လမ်းမပေါ်ရှိကားတစ်စီးထံသို့ချဉ်းကပ်ကာ သူ့အား အိမ်သို့ခေါ်သွားပေးဖို့ တောင်းပန်နေခဲ့တဲ့ ခွေးလေး

ပြီးခဲ့တဲ့ဇွန်လလယ်ပိုင်းမှာ Janitor အမည်ရှိလမ်းသန့်ရှင်းရေးသမား နှင့်သူ့ရဲ့မိတ်ဆွေတစ်ဦး ဟာ အလုပ်လုပ်ရန် Ganzi Prefecture မြို့ရှိ Zheduo တောင်တန်းသို့ သွားခဲ့ကြပါတယ်။သူတို့ဟာ အလုပ်တစ်ခုပြီးသွားတဲ့အခါ လူတူကင်းမဲ့နေတဲ့တောင်တန်းရှိ အိမ်အပြန်လမ်းမပေါ်မှာ အနက်ရောင်အစက်ကလေးတစ်ခုက သူတို့ဆီသို့ ရွေ့လျားလာနေတာကို တွေ့လိုက်ရပါတယ်။

၎င်းအရာက သူတို့ကားနှင့်တဖြည်းဖြည်းနီးကပ်လာတာနှင့်အမျှ ၎င်းအနက်ရောင်အစက်ဟာ အနက်ရောင် Labrador ခွေးတစ်ကောင်ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ထိုအချိန်က ၎င်းဒေသမှာ မိုးရွာနေခဲ့တာကြောင့် ခွေးလေးရဲ့ခန္ဓာကိုယ်ကလည်း စိုရွဲနေခဲ့ပါတယ်။ခွေးလေးဟာ အဝေးမှကားရပ်နေတာကို တွေ့လိုက်ရပြီးနောက် ခွေးလေးဟာ လိုက်မီရန်မျှော်လင့်ချက်ဖြင့် Janitor တို့ကားဆီသို့ ချက်ချင်း ပြေးလိုက်လာခဲ့ပုံရပါတယ်။

ထို့နောက် ခွေးလေးဟာ သူတို့ကားဆီသို့ရောက်လာတဲ့အခါ ၎င်းတို့ရဲ့ကားပြတင်းပေါက်ပေါ်သို့ ခုန်တက်ပြီး သူ့ရဲ့ခေါင်းကို ပြတင်းပေါက်ပေါ်တင်လိုက်ပါတယ်။ခွေးလေးရဲ့ မျက်လုံးတွေက စိုးရိမ်တကြီးနဲ့ တစ်ယောက်တည်းနေရမှာကို ကြောက်နေပုံရပါတယ်။Janitor တို့လည်း အတော်လေး အံ့အားသင့်သွားခဲ့ပြီး ကားတံခါးကိုဖွင့်ကာ ကားပေါ်ဆင်းလိုက်တဲ့နောက်မှာ ထိုခွေးလေးဟာ သူ့ရဲ့ခေါင်းကို Janitor ရဲ့ပေါင်ပေါ်တင်ရင်း Janitor ကို မျက်ရည်များဖြင့် စူးစူးစိုက်စိုက် ကြည့်နေခဲ့ပါတယ်။

ထို့နောက် အဆိုပါခွေးလေးရဲ့လည်ပတ်ကို ကြည့်လိုက်တော့ ထိုခွေးလေးဟာ အိမ်မွေးခွေး ဖြစ်ကြောင်းကို တွေ့ခဲ့ရပါတယ်။ခွေးရဲ့တုံ့ပြန်မှုကို မြင်တွေ့လိုက်ရပြီးနောက် Janitor ကလည်း မျက်ရည်များချက်ချင်း စီးကျသွားခဲ့ပြီး ခွေးကလေးကို အိမ်သို့ ခေါ်ဆောင်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။

ထို့နောက် Janitor တို့ဟာ အလုပ်တွေမပြီးသေးတဲ့အတွက် ခွေးလေးကို အလုပ်လုပ်ရင်း သူတို့နှင့်အတူတူ ခေါ်ထားလိုက်ပါတယ်။ ရိုးရှင်းတဲ့ညွှန်ကြားချက်အချို့ကို ဆောင်ရွက်နိုင်တာကြောင့် ထို labrador ခွေးလေးဟာ လေ့ကျင့်သင်ကြားထားပုံရပါတယ်။Janitor နောက်လိုက်ပါသွားပြီးကတည်းက

အဆိုပါခွေးလေးဟာ သူမရဲ့အနားမှာ အမြဲတွယ်ကပ်နေခဲ့တာကြောင့် ခွေးလေးဟာ နောက်တစ်ကြိမ်စွန့်ပစ်ခံရမှာကို အတော်လေး စိုးရိမ်နေပုံရပါတယ်။ထို့နောက် Janitor ဟာ သူမရဲ့အလုပ်များပြီးဆုံးသွားပြီးနောက် ခွေးလေးအား ဆေးကုသမှုခံယူရန် ဆေးရုံသို့ ချက်ချင်းခေါ်ဆောင်သွားခဲ့ပြီး ထိုခွေးလေးကို မွေးစားလိုက်ပါတော့တယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*