
သားသမီးလေးတွေအပေါ်ထားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာဟာ နှိုင်းဆလို့မရလောက်အောင်ကြီးမားလှသလို အန်မတန်မှလည်း ထူးကဲလှတဲ့ အရာတခုပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့သားသမီးတွေအပေါ် ရယူလိုစိတ်ထက် ပေးဆပ်ဖို့သာ တွေးသားပြီး ကိုယ်လုပ်နိုင်တာထက် ပိုတဲ့ အရာတွေကို သားသမီးလေးတွေကို လုပ်ပေးချင်တာဟာ မိခင်တွေရဲ့သဘာဝပါပဲ။
အခုလို စိတ်ထားလေးတွေဟာ လူသားမိခင်တွေမှာသာ မဟုတ်ဘဲ တိရိစ္ဆာန်မိခင်လေးတွေမှာလည်း ရှိနေကြတယ်ဆိုတာကိုလည်း ပရိသတ်တွေ လက်ခံယုံကြည်ကြမယ်လို့ ထင်ပါတယ်။
လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်လည်း မိခင်စိတ်ပြည့်ဝလှတဲ့ ကြောင်မကြီးတစ်ကောင်ဟာ ရှဉ့်ပေါက်စလေးတစ်ကောင်ကို သူမရဲ့သားသမီးကို စောင့်ရှောက်ပေးနေတဲ့ သတင်းဟာ နိုင်ငံတော်တော်က မီဒီယာတွေရဲ့ အလေးတစားဖော်ပြမှုကို ခံနေရတာတွေ့ရပါတယ်။
၎င်းကြောင်မကြီးကတော့ ခရိုင်မီးယားကျွန်းဆွယ်က သဘာဝဥယျာဉ်မှာ နေထိုင်သူဖြစ်ပြီး သူ့မှာ သားသမီးလေးတွေလေးယောက်ရှိနေပါတယ်။ သို့ပေမယ့် နှိုင်းဆလို့မရလောက်အောင် ကြီးမားတဲ့ မိခင်တစ်ယောက်ရဲ့ မေတ္တာကြောင့် သူမဟာ
မိဘတွေမရှိတော့ဘဲ တကောင်ကြွက်ဖြစ်နေတဲ့ ရှဉ့်ပေါက်လေးကို သူမရဲ့ သားသမီးတွေနဲ့မခြား စောင့်ရှောက်ပေးနေတာပဲဖြစ်ပါတယ်။ကြောင်မကြီးဟာ ရှဉ့်လေးနွေးထွေးမှုလိုအပ်လာရင် နွေးထွေးမှုပေးလိုက် နို့ရည်လိုအပ်လာရင် သူမရဲ့သားသမီးလေးတွေနဲ့ တန်းတူ နို့ရည်တိုက်လိုက်နဲ့ သူမရဲ့ဝမ်းမနာသားလေးကို ပြုစုစောင့်ရှောက်ပေးနေတာက မြင်ရသူတွေအဖို့ အင်မတန်ကြည်နူးစရာကောင်းလှပါတယ်။
Leave a Reply