တက်တူးရဲ့ စိတ်ဝင်စားစရာကောင်းသော နောက်ခံသမိုင်းကြောင်း

တက်တူးဆိုတာဟာ ရှေးလွန်ခဲ့သော နှစ်ပေါင်းများစွာထဲကပေါ်ပေါက်တည်ရှိလာခဲ့တာဖြစ်တယ်လို့ စာအုပ်တစ်အုပ်မှာ ဖတ်ရှု့ဖူးခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ဖက်ရှင်ဒီဇိုင်းအဖြစ်သော်လည်းကောင်းအသုံးပြုရေးဆွဲနေကြပြီးတော့ ဈေးနှုန်းတွေပါကြီးနေတာကိုမြင်တွေ့ကြားသိကြမှာဖြစ်ပါတယ်။တစ်ချို့တွေကနာမှာစိုးတာကြောင့်သော်လည်းကောင်း၊အမြင်ရိုင်းမှာစိုးသောကြောင့်သော်လည်းကောင်းအကြောင်းအမျိုးမျိုးကြောင့်မကြိုက်နှစ်သက်ကြပေမယ့်လည်း တက်တူးကိုအရူးအမူးနှစ်သက်တဲ့ ပတ်ဝန်းကျင်တွေမှာတော့ရေပန်းအလွန်စားနေတာလည်းဖြစ်ပါတယ်။ ဘယ်လောက်ဘဲ ငြင်းငြင်း ကျွန်တော်တို့ပတ်ဝန်းကျင် အနီးအနားကလူတော်တော်များများမှာတော့ တက်တူးတွေကိုတွေ့မြင်နေရဆဲလည်းဖြစ်ပါတယ်။

၁၉၉၁ ခုနှစ်တုန်းမှာတော့ သြစတြေးလျနှင့် အီတလီနှစ်နိုင်ငံနယ်စပ်ကြားမှာ Otzi လို့အမည်ရတဲ့ မံမီ ရုပ်လောင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမံမီဟာဆိုရင် ဘီစီ၃၀၀၀ လောက်ထဲက အေးခဲနေခဲ့တာလည်း ဖြစ်ပါတယ်။ရာစုနှစ်နှင့် ဆိုရရင် ရာစုနှစ်ပေါင်း၅၀ကျော်ကဖြစ်ပါတယ်။ ထူးဆန်းမှု့တစ်ခုကတော့ အဆိုပါမံမီရုပ်ရဲ့နောက်ကျောရိုး၊ဘယ်ဘက်ဒူးခေါင်းနှင့် ညာဘက်ခြေချင်းဝတ်တို့မှာ တက်တူးပေါင်း ၅၇ခုနှစ်ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ပုံဖော်ထားတာမျိုးမရှိပေမယ့်လည်းအစက်တွေ၊လိုင်းတွေ၊မျဉ်းတွေ ရေးဆွဲထားတာဖြစ်ပြီး လူသားတွေ ရှာဖွေတွေ့ရှိခဲ့ရတဲ့အစောဆုံးသော တက်တူးလို့ ခေါ်ဆိုရမှာဖြစ်ပါတယ်။

၂၀၀၂ခုနှစ်ရဲ့ မဲပေးရွေးကောက်မှု့တစ်ခုမှာတော့ လူ၈ယောက်မှာအနည်းဆုံးတစ်ယောက်က တက်တူး ရှိတာကို စာရင်းရရှိခဲ့ပါတယ်။၂၀၀၆ ခုနှစ်အရောက်မှာတော့အသက် ၁၈နှစ်ကနေ ၂၉ နှစ်ကြားက လူတွေမှာ ၃၆ ရာခိုင်နှုန်းဟာ အနည်းဆုံးတက်တူးတစ်ခုစီထိုးထားတာကိုလည်း စာရင်းများအရ တွေ့ရှိရပါတယ်။

တက်တူးမှင်အရောင် အမျိုးအစားပေါင်း ၁၀၀ ကျော်ရှိပြီးတက်တူးထိုးမယ့်အစီအစဉ်ရှိတယ်ဆိုရင်တော့ကိုယ်တစ်ကယ်ထိုးချင်တဲ့အရောင်ကိုသေချာရွေးချယ်ရမှာလည်းဖြစ်ပါတယ်။ပြီးတော့ကိုယ်ထိုးမယ့်ပုံကိုလည်း သေချာစဉ်းစားရွေးထိုးရမှာဖြစ်ပြီး တက်တူးဆရာကိုလည်းသေချာရွေးချယ်ရအုံးမှာလည်းဖြစ်ပါတယ်။ အိမ်ထောင်ပြု၊ဘုရားတည်၊ဆေးမှင်စုတ်ထိုးဒီသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်ရန်ခက်သည့် အမျိုးဆိုသလိုရှိတာကြောင့်မို့တကယ်သေချာစဉ်းစားပြီးမှ တက်တူးထိုးသင့်ပါတယ်လို့ အကြံပြုရင်း….။

Be the first to comment

Leave a Reply

Your email address will not be published.


*