
ဆေးမင်တွေနဲ့တက်တူးထိုးခြင်းဟာရေရှည်မှာအရေပြားရောဂါတွေဖြစ်စေဖို့အတွက်လမ်းပြဖြစ်ပြီးတော့ အခြားကင်ဆာရောဂါဖြစ်ပွားမှု့တွေကိုလည်း တိုးပွားစေနိုင်တယ်လို့ ဥရောပဓာတုဗေဒဆိုင်ရာအေဂျင်စီရဲ့ သတင်းပေးပို့ချက်အရသိရပါတယ်။ သာမာန်အေဂျင်စီတွေဟာ အဲ့ဒီတက်တူးမင်တွေကိုတားမြစ် ပိတ်ပင်ထားတယ်လို့လည်း The Sun မှာဖော်ပြပါရှိပါတယ်။ ဆိုးကျိုးတွေအနေနဲ့ကတော့ ဓာတ်မတည့်မှု့ကြောင့် ယားနာတွေဖြစ်ပေါ်စေနိုင်ပြီး အနာတွေပါပေါက်ကာ တစ်နှစ်လောက်ထိကြာမြင့် နိုင်ပါတယ်။
သုတေသီတွေကတော့ အဲ့ဒီတက်တူးဆေးတေါထဲမှာမှ အနီရောင် ဟာအဆိုးဆုံးဆိုတာကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြာရောင်၊ အစိမ်းရောင် နဲ့ အမဲရောင်တွေဟာလည်း အန္တရာယ်ရှိပါတယ်လို့သတိပေးထားခဲ့ပါတယ်။ The Sun ၏ဖော်ပြချက်အရဆိုလျှင် ECHAရဲ့သတင်းပို့ချက်အရ ဥရောကနိုင်ငံတွေမှာ ၄င်းကဲ့သို့သော မင်တွေကို ပိတ်ပင်တားမြစ်သွားမယ်လို့ပြောပါတယ်။ ECHA ရဲ့သတင်းပို့ချက်ထဲမှာဆိုလျှင်”အဲ့ဒီလိုယားနာအများ စုတွေဖြစ်ရတာဟာ မင်ထဲမှာပါ၀င်တဲ့ အဆိပ်အတောက်ဖြစ် စေနိုင်အောင်ထုတ်လုပ်ပေး တဲ့အရာတွေကြောင့်ပါ” လို့ပါ၀င်ဖော်ပြထားပါတယ်။
အမေရိကန်နိုင်ငံမှာဆိုလျှင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးအဖွဲ့အစည်းကြီး (FDA)က ဓာတုဗေဒဆေးဝါးများ (တက်တူးမင်၊အလှကုန်ပစ္စည်းနှင့်တခြားအရောင်ပါ၀င်တဲ့)ပစ္စည်းတွေကို စည်းမျဉ်းစည်းကမ်းနဲ့ထိန်းသိမ်းထားပါတယ်။
Leave a Reply