
တက်တူးတွေနဲ့မို့ တာဝန်မကျေပွန်တဲ့မိခင် ဆိုပြီး ဝေဖန်ပြစ်တင်ခံနေရတဲ့ အမျိုးသမီး
တရုတ်နိုင်ငံမှာ အခြေချနေထိုင်လျက်ရှိတဲ့ မလေးရှားတက်တူးပညာရှင်တစ်ဦးဖြစ်သူဟာ online ပေါ်မှာ အတော်လေးရေပန်းစားနေခဲ့တဲ့ သူမရဲ့ဓာတ်ပုံတွေကြောင့် ဝေဖန်ပြစ်တင်မှုတွေကို ခံနေရလျက်ရှိပါတယ် ။ Kinki Ryusaki အမည်ရှိတဲ့ တက်တူးပညာရှင်မိန်းကလေးဟာ သူမရဲ့ 2 နှစ်အရွယ်သမီးလေးနဲ့အတူ အတူလည်ပတ်နေခဲ့တဲ့ ဓာတ်ပုံကို တရုတ်နိုင်ငံရဲ့နာမည်ကြီးဓာတ်ပုံဆရာ Jing Ke Jie Pai က ရိုက်ကူးပြီး တရုတ် social media ဖြစ်တဲ့ Weibo မှာ ဝေမျှခဲ့တာပါ ။
အဆိုပါသူမရဲ့ဓာတ်ပုံကို ဝေဖန်ပြစ်တင်သူအများအပြားရှိခဲ့ပြီး အကြောင်းကတော့ သူမရဲ့ခန္ဓာကိုယ်မှာ အမြောက်အများထိုးနှံထားတဲ့ တက်တူးတွေကြောင့် မိခင်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူးလို့ ယုံကြည်သတ်မှတ်နေကြလို့ပါပဲ ။သူမအနေနဲ့ကတော့ အခုလိုတက်တူးတွေနဲ့ ပက်သက်ပြီး ပြောဆိုခံနေရတာကတော့ ပထမဆုံးအကြိမ်တောင် မဟုတ်တော့ပါဘူး ။ သူမဟာ ခင်ပွန်းဖြစ်သူနဲ့ ပျော်ရွှင်စွာလက်ထပ်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ၊ တရုတ်ပြည်မှာ နာမည်ကြီး တက်တူးဆိုင်ဖွင့်လှစ်ထားသူပါ ။
အဆိုပါ ဝေဖန်ပြစ်တင်နေတဲ့ comment တွေနဲ့ ပက်သက်ပြီး Kinki ကတော့ ‘ လုပ်စရာမရှိရင် အခြားသူတွေကိုယ့်အကြောင်းပြောနေတာကို နားထောင်ကြည့်လိုက်ပါ ၊ သဲထိတ်ရင်ဖိုရုပ်ရှင်တွေထက် ပိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ် ၊ ကိုယ်က ဘားမှမလုပ်ထားဘူးဆိုရင်တောင်မှ အမျိုးမျိုးသောဇာတ်ကောင်နေရာမှာ သရုပ်ဆောင်နေပြီး show ရဲ့တစ်ကယ့် star တစ်ယောက်ဖြစ်နေမှန်း သဘောပေါက်သွားပါလိမ့်မယ် ၊ ကျွန်မ ရှင့်ကို အမှတ်ပြည့် 100 ပေးလိုက်ပါမယ် ” ဆိုပြီး ပြန်လည်ရေးသားတုံ့ပြန်ခဲ့ပါတယ် ။
Zawgyi
တ႐ုတ္ႏိုင္ငံမွာ အေျခခ်ေနထိုင္လ်က္ရွိတဲ့ မေလးရွားတက္တူးပညာရွင္တစ္ဦးျဖစ္သူဟာ online ေပၚမွာ အေတာ္ေလးေရပန္းစားေနခဲ့တဲ့ သူမရဲ႕ဓာတ္ပုံေတြေၾကာင့္ ေဝဖန္ျပစ္တင္မႈေတြကို ခံေနရလ်က္ရွိပါတယ္ ။ Kinki Ryusaki အမည္ရွိတဲ့ တက္တူးပညာရွင္မိန္းကေလးဟာ သူမရဲ႕ 2 ႏွစ္အ႐ြယ္သမီးေလးနဲ႔အတူ အတူလည္ပတ္ေနခဲ့တဲ့ ဓာတ္ပုံကို တ႐ုတ္ႏိုင္ငံရဲ႕နာမည္ႀကီးဓာတ္ပုံဆရာ Jing Ke Jie Pai က ႐ိုက္ကူးၿပီး တ႐ုတ္ social media ျဖစ္တဲ့ Weibo မွာ ေဝမွ်ခဲ့တာပါ ။
အဆိုပါသူမရဲ႕ဓာတ္ပုံကို ေဝဖန္ျပစ္တင္သူအမ်ားအျပားရွိခဲ့ၿပီး အေၾကာင္းကေတာ့ သူမရဲ႕ခႏၶာကိုယ္မွာ အေျမာက္အမ်ားထိုးႏွံထားတဲ့ တက္တူးေတြေၾကာင့္ မိခင္ေကာင္းတစ္ေယာက္မျဖစ္ႏိုင္ဘူးလို႔ ယုံၾကည္သတ္မွတ္ေနၾကလို႔ပါပဲ ။သူမအေနနဲ႔ကေတာ့ အခုလိုတက္တူးေတြနဲ႔ ပက္သက္ၿပီး ေျပာဆိုခံေနရတာကေတာ့ ပထမဆုံးအႀကိမ္ေတာင္ မဟုတ္ေတာ့ပါဘူး ။ သူမဟာ ခင္ပြန္းျဖစ္သူနဲ႔ ေပ်ာ္႐ႊင္စြာလက္ထပ္ထားတဲ့သူတစ္ေယာက္ျဖစ္ၿပီး ၊ တ႐ုတ္ျပည္မွာ နာမည္ႀကီး တက္တူးဆိုင္ဖြင့္လွစ္ထားသူပါ ။
အဆိုပါ ေဝဖန္ျပစ္တင္ေနတဲ့ comment ေတြနဲ႔ ပက္သက္ၿပီး Kinki ကေတာ့ ‘ လုပ္စရာမရွိရင္ အျခားသူေတြကိုယ့္အေၾကာင္းေျပာေနတာကို နားေထာင္ၾကည့္လိုက္ပါ ၊ သဲထိတ္ရင္ဖို႐ုပ္ရွင္ေတြထက္ ပိုစိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္ ၊ ကိုယ္က ဘားမွမလုပ္ထားဘူးဆိုရင္ေတာင္မွ အမ်ိဳးမ်ိဳးေသာဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ေနၿပီး show ရဲ႕တစ္ကယ့္ star တစ္ေယာက္ျဖစ္ေနမွန္း သေဘာေပါက္သြားပါလိမ့္မယ္ ၊ ကြၽန္မ ရွင့္ကို အမွတ္ျပည့္ 100 ေပးလိုက္ပါမယ္ ” ဆိုၿပီး ျပန္လည္ေရးသားတုံ႔ျပန္ခဲ့ပါတယ္ ။
Leave a Reply