
တက္ကသိုလ်တက်နေသော သမီးလေးအား ဖုန်းအဟောင်းလေးတစ်လုံး ဝယ်ပေးရန် စုဆောင်းထားသည့် ငွေလေးအား ရေတွက်နေသော မိခင်ဧ။်ပုံရိပ်
မိဘများသည် ကိုယ့်သားသမီးကို လူတန်းစေ့နေနိုင်အောင် လူအများကြား မျက်နှာမငယ်ရအောင် ဆိုပြီး မရှိသည့်ကြားက လိုအပ်သည်များကို ဖြည့်ဆည်းပေးလေ့ကြသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံမှ မိခင်တစ်ဦးသည် သမီးလေးအား သူငယ်ချင်းကြား တန်းတူ ဖုန်းကိုင်စေချင်၍ နေပူမိုးရွာမရှောင် ဟင်းသီးဟင်းရွက် ရောင်းပြီး စုထားသော ငွေလေးများကို ထုတ်သုံးခဲ့သည်။တက္ကသိုလ်တက်နေသော ကျောင်းသား ကျောင်းသူတစ်ယောက်ဧ။် ပညာရေးကုန်ကျစရိတ်ဆိုသည်မှာ သာမန်လူတန်းစားများအနေနှင့် ကြိုးစားရုန်းကန်ပြီး ထောက်ပံ့ပေးရသည့် အခြေအနေလေးဖြစ်သည်။
ထိုသို့ပင်ပင်ပန်းပန်း ရုန်းကန်ရင်း ကျောင်းထားပေးရသည့် မိဘကို စာနာသနားမိပြီး သိတတ်သော မိန်းကလေးမှာ လိုချင်သော အရာလေးများရှိသည့်အခါ ဖွင့်မပြောပြရက်တော့ပေ။
မိဘဆိုသည်မှာလည်း သားသမီး မျက်နှာတစ်ချက်ကြည့်ရုံနှင့် ဘာလိုချင်လဲဆိုတာ သိနေ၍ မိခင်ဖြစ်သူသည် သမီးလေးအား ဖုန်းအသစ်ကောင်းကောင်းလေးတစ်လုံးအား လက်ဆောင်ဝယ်ပေးချင်သော်လည်း ပိုက်ဆံမှာ မလုံလောက်၍ ဖုန်းအဟောင်းလေးသာ ဝယ်ပေးနိုင်ခဲ့သည်။
ဖုန်းပိုင်ရှင်သည် အစပိုင်းတွင် ဈေးတင်ထားသော်လည်း ပိုက်ဆံရေတွက်နေသော မိခင်နှင့် မောင်လေးအား ကြည့်ရင်းသနားမိကာ ယခင်ဈေးထက် လျော့ပေးပြီး ရောင်းခဲ့၍ ဝမ်းသာသွားခဲ့သည်။
Zawgyi
တကၠသိုလ္တက္ေနေသာ သမီးေလးအား ဖုန္းအေဟာင္းေလးတစ္လုံး ဝယ္ေပးရန္ စုေဆာင္းထားသည့္ ေငြေလးအား ေရတြက္ေနေသာ မိခင္ဧ။္ပုံရိပ္
မိဘမ်ားသည္ ကိုယ့္သားသမီးကို လူတန္းေစ့ေနႏိုင္ေအာင္ လူအမ်ားၾကား မ်က္ႏွာမငယ္ရေအာင္ ဆိုၿပီး မရွိသည့္ၾကားက လိုအပ္သည္မ်ားကို ျဖည့္ဆည္းေပးေလ့ၾကသည္။
ယခုအခါတြင္လည္း ဗီယက္နမ္ႏိုင္ငံမွ မိခင္တစ္ဦးသည္ သမီးေလးအား သူငယ္ခ်င္းၾကား တန္းတူ ဖုန္းကိုင္ေစခ်င္၍ ေနပူမိုး႐ြာမေရွာင္ ဟင္းသီးဟင္း႐ြက္ ေရာင္းၿပီး စုထားေသာ ေငြေလးမ်ားကို ထုတ္သုံးခဲ့သည္။တကၠသိုလ္တက္ေနေသာ ေက်ာင္းသား ေက်ာင္းသူတစ္ေယာက္ဧ။္ ပညာေရးကုန္က်စရိတ္ဆိုသည္မွာ သာမန္လူတန္းစားမ်ားအေနႏွင့္ ႀကိဳးစား႐ုန္းကန္ၿပီး ေထာက္ပံ့ေပးရသည့္ အေျခအေနေလးျဖစ္သည္။
ထိုသို႔ပင္ပင္ပန္းပန္း ႐ုန္းကန္ရင္း ေက်ာင္းထားေပးရသည့္ မိဘကို စာနာသနားမိၿပီး သိတတ္ေသာ မိန္းကေလးမွာ လိုခ်င္ေသာ အရာေလးမ်ားရွိသည့္အခါ ဖြင့္မေျပာျပရက္ေတာ့ေပ။
မိဘဆိုသည္မွာလည္း သားသမီး မ်က္ႏွာတစ္ခ်က္ၾကည့္႐ုံႏွင့္ ဘာလိုခ်င္လဲဆိုတာ သိေန၍ မိခင္ျဖစ္သူသည္ သမီးေလးအား ဖုန္းအသစ္ေကာင္းေကာင္းေလးတစ္လုံးအား လက္ေဆာင္ဝယ္ေပးခ်င္ေသာ္လည္း ပိုက္ဆံမွာ မလုံေလာက္၍ ဖုန္းအေဟာင္းေလးသာ ဝယ္ေပးႏိုင္ခဲ့သည္။
ဖုန္းပိုင္ရွင္သည္ အစပိုင္းတြင္ ေဈးတင္ထားေသာ္လည္း ပိုက္ဆံေရတြက္ေနေသာ မိခင္ႏွင့္ ေမာင္ေလးအား ၾကည့္ရင္းသနားမိကာ ယခင္ေဈးထက္ ေလ်ာ့ေပးၿပီး ေရာင္းခဲ့၍ ဝမ္းသာသြားခဲ့သည္။
Leave a Reply