တကယ့်ဘဝထဲက တာဇံ သို့တည်းမဟုတ် တောထဲမှာ ၄၁ နှစ်တိုင်တိုင် နေထိုင်ခဲ့ရသူ

ဗီယက်နမ်နိုင်ငံသား Ho Van Lang ဟာ တောတွင်းထဲမှာ ၄၁ နှင်တိုင်တိုင် တာဇံတစ်ယောက်လို နေထိုင်ခဲ့ရပါတယ် ။ သူဟာ လက်ရှိမှာ အသက် ၄၄ နှစ်ရှိပြီဖြစ်ကာ ဖခင်ဖြစ်သူ Ho Van Thanh အသက် ၈၅ နှစ်နဲ့အတူ ဗီယက်နမ်စစ်ပွဲကို ရှောင်ရှားဖို့ တောနက်ကြီးထဲမှာ ၄၁ နှစ်တိုင်တိုင် ရှင်သန်အောင် ကြိုးစားရုန်းကန်နေထိုင် ကြီးပြင်းခဲ့ပါတယ်။

သူတို့သားအဖနှစ်ယောက်ဟာ Quang Ngai ဒေသကဖြစ်ပြီး ၊ Tay Tra တောထဲမှာ နေထိုင်ခဲ့ကြတာပါ ၊ သားအဖနှစ်ဦးဟာ သစ်ပင်ပေါ်မှာ အိမ်ဆောက်နေထိုင်ပြီး သစ်ခေါက်နဲ့ ပြုလုပ်ထားတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်ကာ နေထိုင်ခဲ့ကြရတာပါ ။ သူတို့သားအဖနှစ်ဦးဟာ ခေတ်သစ်ကမ္ဘာနဲ့ အနှစ်လေးဆယ်လောက် အဆက်အသွယ် ပြတ်နေခဲ့ကြပါတယ်။

 

သူတို့သားအဖနှစ်ယောက် တောထဲရောက်သွားရတာကတော့ ၁၈၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်တွေက သူတို့နေထိုင်တဲ့ ရွာလေးကို ဗုံးကျဲခဲ့ချိန်မှာ ဇနီးနဲ့ အခြားသော ကလေးနှစ်ဦး သေဆုံးပြီး ၊ ဖခင်ဖြစ်သူက သားငယ်ကို လက်ဆွဲပြီး တောထဲကို ဝင်ရောက်နေထိုင်ခဲ့ကြတာပါ။

သူတို့သားအဖနှစ်ယောက်ကို ၂၀၁၃ ခုနှစ်က ပြန်လည်ရှာတွေ့ခဲ့ပြီး အခုတော့ တောနဲ့ နီးတဲ့နေရာမှာ အိမ်တစ်လုံးနဲ့ နေထိုင်နေကြပါတယ် ။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကတော့ သူတို့သားအဖနှစ်ယောက်အကြောင်းကို ရိုက်ကူးရေးအဖွဲ့က ငါးရက်တာ မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ သူတို့နှစ်ဦး တောတွင်းမှာ ဘယ်လိုရှင်သန်အောင် လှုပ်ရှားရုန်းကန်ရတယ်ဆိုတာတွေ ပါဝင်ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*