
ညီမလေးဖြစ်သူ စကပ်အတိုဝတ်လာလို့ စာမေးပွဲခန်းထဲ ဝင်ခွင့်မပြုတာကြောင့် သူ့ရဲ့ဘောင်းဘီနဲ့ လဲဝတ်ပေးခဲ့တဲ့ အစ်ကိုကြီး
ဖိလစ်ပိုင်နိုင်ငံက Cebu ပြည်နယ်ရှိ အသက် ၂၅ နှစ်အရွယ် Jan Christian Bungcaras လို့ခေါ်တဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ အနက်ရောင်ဘောင်းဘီကို Jea လို့ခေါ်တဲ့ ၁၈ နှစ်အရွယ် ညီမလေးဖြစ်သူရဲ့ စကပ်နဲ့ လဲဝတ်ခဲ့တာကြောင့် သူမဟာ သင့်လျှော်တဲ့ အဝတ်အစားနဲ့ ကောလိပ်စာမေးပွဲခန်းထဲ ဝင်ခွင့်ရခဲ့ပါတယ်။
၎င်းအမျိုးသားက ပုံတွေရိုက်ထားပြီး Facebook ပေါ်မှာ သူ့ရဲ့ ဓာတ်ပုံတွေကို မျှဝေခဲ့ပါတယ်။ အဲ့ဒီနောက် Netizen တွေက သူ့ရဲ့ ညီမလေးအတွက် လုပ်ဆောင်ပေးတဲ့လုပ်ရက်ကို ချီးကျူးခဲ့ကြပါတယ်။ ၎င်းအချိန်အတောအတွင်းမှာ အခြားကောင်တွေကလည်း သူ့ရဲ့ post ကို မြင်ပြီး သူတို့ရဲ့ ညီမလေးအတွက်ဆိုရင်လည်း အလိုပုံစံမျိုး လုပ်ပေးလိမ့်မယ် လို့ ဆိုကြပါတယ်။
အစ်ကို၊ အစ်မတွေဆိုဒါ ညီငယ်ညီမငယ်တွေအတွက်ဆိုရင် သူတို့တွေဘာမဆို အနစ်နာခံပြီး ရင်ဆိုင်တိုက်ခိုက်ရဲကြတာပါ။ တချို့တလေဆို ညီငယ်ညီမငယ်တွေ ကျောင်းမတက်နိုင်မာဆိုးလို့ဆိုပြီး ကျောင်းထွက်ကာ အလုပ်တွေလုပ် သူတို့တွေအတွက် ကုန်ကျစရိတ်တွေ ရှာဖွေပေးကြပါတယ်။ ဒါကြောင့်လည်း ၎င်းအမျိုးသားရဲ့ လုပ်ရပ်ကို ကျွန်တော် တကယ်ဘဲ ချီးကျူးဂုဏ်ယူမိပါတယ်။
Zawgyi
Leave a Reply