ညနေစောင်းလို့ ဆိုင်ကယ်ပတ်စီးချိန်ရောက်တိုင်း သခင်ရဲ့ထိုင်ခုံနောက်မှာ အမြဲတစေ အငြိမ့်လေးလိုက်စီးတတ်တဲ့ ကြောင်နှင့်ကြက်ကလေး(ရုပ်သံ)

မကြားသေးမီက မလေးရှားနိုင်ငံ Kelantan ပြည်နယ်ရှိ အသက် ၂၉ နှစ်အရွယ် Muhammad Amir Mustapa အမည်ရှိ အမျိုးသားတစ်ဦးဟာ အိမ်မွေးတိရိစ္ဆာန် ဖြစ်တဲ့ ကြောင်နှင့်ကြက်တို့ကို သူ့ရဲ့မော်တော်ဆိုင်ကယ်ပေါ် အမြဲတစေ စီးစေခဲ့တဲ့အတွက် လူသိများသွားခဲ့ပါတယ်။Amir ဟာ ယခုအခါ ညနေပိုင်းရောက်တိုင်း သူချစ်ရတဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူ ဆိုင်ကယ်ပတ်စီးဖို့အတွက် နေ့စဉ်သမာရိုးကျအလုပ်တစ်ခုလိုဖြစ်နေကြောင်း Harian Metro သို့ပြောကြားခဲ့ပါတယ်။

Amir က ၎င်းတိရိစ္ဆာန်တွေဟာ သူသွားလေရာ သူ့နောက်ကို လိုက်နေမှာဖြစ်သလို ဒီမတိုင်ခင်က ကြောင်လေးကိုသာ ဆိုင်ကယ်ဖြင့် တင်စီးခဲ့ပေမဲ့ ပြီးခဲ့တဲ့နှစ်ကမှ အဆိုပါကြက်ကို ဆိုင်ကယ်လိုက်စီးစေခဲ့ကြောင်း ဆိုခဲ့ပါတယ်။ထူးဆန်းတာက ကြက်ကို ဆိုင်ကယ်နောက်ထိုင်ခုံမှာ ထိုင်ခိုင်းတဲ့အခါ ၎င်းက မပြေးဆင်းသွားတဲ့အပြင် ဆိုင်ကယ်မရပ်မချင်း လိုက်စီးနေခဲ့ကြောင်း Amir က ပြောပြခဲ့ပါတယ်။၎င်း တိရိစ္ဆာန်တို့ဟာ ပြီးခဲ့တဲ့နှစ်က Amir နှင့်အတူ Machang မြို့မှ Dungun မြို့အထိ 225 km ဝေးတဲ့ခရီးကို ဆိုင်ကယ်ဖြင့် သွားခဲ့ကြပါသေးတယ်။

Amir က သူချစ်တဲ့တိရိစ္ဆာန်တွေနဲ့အတူ ခရီးထွက်တိုင်း မြင်သူတိုင်းက စိတ်ဝင်တစား ဓာတ်ပုံရိုက်တတ်ကြကြောင်း ဆိုပါတယ်။တကယ်တော့ တိရိစ္ဆာန်ချစ်သူကြီးဖြစ်တဲ့ Amir ဟာ လွန်ခဲ့တဲ့ ၄နှစ်တာကာလအတွင်း ကြောင်အကောင် ၄၀၀ ကျော်ကို မွေးစားခဲ့ပါတယ်။၎င်းတို့အားလုံးကို Kok Lanas ရှိ နေအိမ်မှာ ထားရှိပြီး ၂ ရက် မှ ၃ ရက်တစ်ခါနေ အစားအစာသွားကျွေးရင်း အမြဲ သွားတွေ့လေ့ရှိပါတယ်။“ ကျွန်တော့် ကြောင်တော်တော်များများက လမ်းဘေးကြောင်တွေပါ ၊ အခုတော့ သူတို့က ကျွန်တော့်ကလေးတွေလို ဖြစ်နေပြီ ၊ ပြီးကျ့ သူတို့လေးတွေကို နှစ်စဉ် ဒေသခံအိမ်မွေးတိရိစ္ဆာန်ဖက်ရှင်ပြိုင်ပွဲတွေမှာလည်း ဝင်ပြိုင်ခိုင်းလေ့ရှိတယ် ” လို့ Amir က ပြောကြားခဲ့ပါသေးတယ်။

ထို့အပြင် Amir ဟာ ၎င်းတိရိစ္ဆာန်လေးတွေရဲ့ ကျန်းမာရေးနှင့် စားစရိတ်များအတွက် တစ်လကို ရင်းဂစ် ၁,၀၀၀ အထိသုံးစွဲကြောင်း နှင့် ဆိုင်ကယ်ပတ်စီးတိုင်း ကြောင်လေးတွေက ဆိုင်ကယ်နောက်လိုက်စီးတတ်ကြသလို ကြက်လေးတွေကလည်း သူ့ရဲ့ပခုံးပေါ်အထိ တက်စီးတတ်ကြကြောင်း သူသိချစ်တဲ့တိရိစ္ဆာန်လေးတို့ရဲ့ အကျင့်လေးတွေကိုပါ ပြောပြခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*