
‘ညစ်ပတ်နေတဲ့လက်နဲ့ လာမထိနဲ့ ‘ဆိုတဲ့ အထာနဲ့ ကြောင်လေးရဲ့အပြုအမှု
ကြောင်အတော်များများက ရေချိုးရတာမျိုး မနှစ်သက်ပေမဲ့လည်း အသန့်ကြိုက်ကြပါတယ် ။ သူတို့လေးတွေက လျှာနဲ့လျှက်ပြီး ခန္ဓာကိုယ်သန့်ရှင်မှုမျိုးပြုလုပ်တတ်ကြတယ်ဆိုတာ ကြောင်မွေးတဲ့ သူတိုင်းသိရှိပြီးသားဖြစ်မှာပါ ။ ဒီတစ်ခေါက်ဖော်ပြမဲ့ကြောင်လေးကလည်း သူ့ကိုချစ်ဖို့ကောင်းလို့ဆိုပြီး လက်နဲ့ပွက်သက်ကိုင်မိတဲ့ မိန်းကလေးကို တစ်ခါတည်း ခပ်ချေချေပြန်ပြီးဆက်ဆံခဲ့ပါတယ် ။
အဲတာကတော့ ကြောင်လေးက သူ့ရဲ့ကိုယ်ပေါ်ထိလိုက်တဲ့နေရာကို ချက်ချင်းပဲ လျှာနဲ့ပြန်လျက်ပြီး ‘ လက်ပေကြီးနဲ့ ငါ့ကိုလာမထိနဲ့ ‘ ဆိုကာ သန့်ရှင်းရေးပြန်လုပ်နေခဲ့တာပါ ။ တစ်ကယ့်ကို အသန့်ကြိုက်လွန်းတဲ့ကြောင်လေးလို့ ပြောရမှာပါပဲ ။
#2
#3
Leave a Reply