
ဈေးဝယ်သူများ ဓာတ်ပုံခိုးရိုက်ရလောက်ထိ ချောမောလှပပြီး ချစ်စရာကောင်းသော တိုဟူးသည်မလေး နာမည်ကြီးနေ
ချောမောလှပမှုကို လူတိုင်းလိုချင်ကြ၍ ထိုသို့ ပြည့်စုံသော အလှတရားရှိသူများကို လူတိုင်းက ငေးမော အားကျကြသည်။
သို့ဖြစ်၍ လာအိုနိုင်ငံမှ Thanh Thao အမည်ရှိသော အသက် ၁၇နှစ်အရွယ် ကျောင်းသူလေးသည် ဈေးထဲတွင် မိသားစုဧ။် စားဝတ်နေရေးကို အထောက်အကူပြုနေသော တိုဟူးဆိုင်တွင် ကျောင်းဆင်းချိန်တိုင်း မိခင်ဖြစ်သူကို ရောင်းကူခဲ့သည်။
Thao သည် မိခင်ဖြစ်သူကို ဈေးအမြဲရောင်းကူရသည့် သမီးလိမ်မာလေးဖြစ်သည့်အပြင် အတန်းတွင်လည်း စာတော်သော ကျောင်းသူအဖြစ် သတ်မှတ်ခြင်းခံထားရသည်။
Thao သည် အခြားသူများလို မိတ်ကပ်လိမ်းမထားသော်လည်း နဂိုရှိသော အလှတရားမှာ ပေါ်လွင်ကာ ချစ်စရာကောင်းပြီး ဖော်ရွေသော ဆက်ဆံရေးကြောင့် ဈေးဝယ်သူများပင် ဓာတ်ပုံခိုးရိုက်ကြသည်။
ခိုးရိုက်ထားသော ပုံများအား လူမှုကွန်ယက်မှာ ပျံ့နှံ့နေခဲ့ပြီး လူတို့ဧ။် အထူးစိတ်ဝင်စားမှုကို ခံနေရသည်။
Zawgyi
Leave a Reply