ဈေးဝယ်လာတဲ့ ဧည့်သည်များကိုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နေပူထဲတွင် အိပ်ပျော်နေသည့်ဇနီးသည်ကို အရိပ်ထဲရွေ့ပေးနေခဲ့သည့် အမျိုးသား

စျေးဝယ်လာတဲ့ ဧည့်သည်များကိုများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နေပူထဲတွင် အိပ်ပျော်နေသည့်ဇနီးသည်ကို အရိပ်ထဲရွေ့ပေးနေခဲ့သည့် အမျိုးသား

မိန်းကလေးတစ်ဦးဟာ မိမိအပေါ်ဂရုစိုက်ပြီး အနွံတာခံကာ ချစ်ပေးသည့် ယောကျာ်းလေးမျိုးကိုသာ အလိုရှိတတ်ကြပေသည်။ထိုကဲ့သို့သော အမျိုးသားကို ပိုင်ဆိုင်ရပြီဆိုလျှင် မိန်းကလေးဟာ ဘဝတစ်ခုလုံး စိတ်ချမ်းသာရမည်မဟုတ်ပါလား။

ယခုတွင်လည်း စျေးဝယ်သူတစ်ဦး ရိုက်ကူးထားသည့် ဇနီးအပေါ်အချစ်ပိုနေသည့် ခင်ပွန်းသည်တစ်ဦး၏ အမူအရာလေးတွေဟာ လိုင်းပေါ်တွင် အခြားသူများ၏ အားကျခြင်းကို ဖြစ်ပေါ်နေခဲ့ပါတယ်။လင်မယားနှစ်ဦးဟာ သီးနှံများကို ရောင်းချနေပြီး ဇနီးသည်ဟာ အရိပ်တစ်ခုအောင်တွင် ခုံလေးဖြင့် အနားယူရင်း အိပ်ပျော်နေခဲ့တာဖြစ်ပါတယ်။

အနည်းငယ်ကြာလာသောအခါ ဇနီးသည်အနားယူနေသည့် နေရာလေးဟာ နေပူလာခဲ့ပါတယ်။ထိုအခါ ခင်ပွန်းသည်ဟာ စျေးဝယ်လာသူကိုပင် စျေးမရောင်းနိုင်တော့ဘဲ ဇနီးသည်လေးကိုသာ အရိပ်ထဲသို့ ရွေ့ပေးနေခဲ့တာဖြစ်ပါတယ်။ထိုကြည်နူးမှုလေးဟာ မြင်တွေ့သူတိုင်းကို အချစ်ပိုစေခဲ့ပြီး အားကျစေခဲ့ရတာဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*