ဈေးဝယ်ထွက်စဉ် မိခင်ဖြစ်သူဟာ အစာအိမ်နာပြီး ရုတ်တရက်လဲကျသွားသောကြောင့် လမ်းပေါ်တွင်သွားနေသော ကားတစ်စီးကို ကူညီပေးပါရန် ဒူးထောက်တောင်းပန်ခဲ့သည့် ကလေး

ဈေးဝယ်ထွက်စဉ် မိခင်ဖြစ်သူဟာ အစာအိမ်နာပြီး ရုတ်တရက်လဲကျသွားသောကြောင့် လမ်းပေါ်တွင်သွားနေသော ကားတစ်စီးကို ကူညီပေးပါရန် ဒူးထောက်တောင်းပန်ခဲ့သည့် ကလေး

လူသားတိုင်းသည် ဘဝကြီးထဲတွင် အသက်ရှင်သန်နိုင်ရန် ကြိုးစားရင်းဖြင့် မိမိ၏ကျန်းမာရေးကို သတိမပြုမိဘဲ ရှိနေတတ်ကြပါသည်။လူတို့အတွက် ကျန်းမာရေးကသာလျှင် အဓိကဖြစ်ပါတယ်။တရုတ်နိုင်ငံတွင် ကလေးငယ်တစ်ဦးဟာ မိခင်နှင့်အတူ ညအချိန်၌ စျေးဝယ်ထွက်စဥ်တွင် မိခင်မှာ အစာအိမ်နာလာပြီး မခံမရက်နိုင်သောကြောင့် လမ်းမပေါ်တွင် လဲနေခဲ့ရပါတယ်။

 

ထို့ကြောင့် အသက်၇နှစ်အရွယ် သားငယ်လေးဟာ မိခင်ကို အလွန်ပင်စိတ်ပူနေခဲ့ပါတယ်။အကူအညီဟာလည်း မဲ့နေခဲ့ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ထိုအချိန်တွင် ကားတစ်စီးမောင်းလာသည်ကို တွေ့သောကြောင့် ကူညီကာ ဆေးရုံသို့ ပို့ပေးရန်အတွက် ကလေးငယ်လေးဟာ ဒူးထောက်ပြီး တောင်းပန်နေခဲ့ပါတယ်။ကားမောင်းသူဟာလည်း ကားကိုချက်ချင်းရပ်ပြီး ကလေးငယ်လေးကို ကူညီပေးခဲ့ပါတယ်။

ထိုပုံရိပ်များဟာ လိုင်းပေါ်တွင် ရောက်ရှိလာသောအခါ လူတိုင်းဟာ ကလေးငယ်၏ ခံစားချက်ကို နားလည်ပြီး ကလေး၏ ကြိုးစားမှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*