ဈေးဝယ်စင်တာ၏ ဆိုင်တစ်ခုတွင် ကောင်မလေးကို ကြက်တစ်ကောင်ဖြင့် ချစ်ခွင့်ပန်ခဲ့ပြီး ”မင်းချစ်ရင် စွပ်ပြုတ်ချက်ကျွေးမယ်”ဆိုပြီး တော်ကီကြွယ်တဲ့ အမျိုးသား

ဈေးဝယ်စင်တာ၏ ဆိုင်တစ်ခုတွင် ကောင်မလေးကို ကြက်တစ်ကောင်ဖြင့် ချစ်ခွင့်ပန်ခဲ့ပြီး ”မင်းချစ်ရင် စွပ်ပြုတ်ချက်ကျွေးမယ်”ဆိုပြီး တော်ကီကြွယ်တဲ့ အမျိုးသား

ယခုအဖြစ်အပျက်လေးကတော့ တရုတ်နိုင်ငံ Zhejiangပြည်နယ် Hangzhouမြို့ရှိ စျေးဝယ်စင်တာတစ်ခုတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်ပါတယ်။ကောင်မလေးတစ်ဦးဟာ စျေးဝယ်စင်တာရှိ ဆိုင်တစ်ခုတွင် အအေးသောက်နေစဥ် ကောင်လေးတစ်ဦးဟာ လက်ဆောင်ပုံးလေးကိုင်ပြီး ရောက်ရှိလာခဲ့ပါတယ်။လက်ဆောင်ပုံးထဲတွင် ကြက်တစ်ကောင်နှင့် ပန်းစီးလေးကို ယူလာခဲ့တာပါ။

ထို့နောက်တွင် လက်ဆောင်ပုံးလေးကိုဖွင့်ပြီး ကြက်တစ်ကောင်ကို ထုတ်လိုက်ကာ ကောင်မလေးကိုပေးပြီး ချစ်ခွင့်ပန်ခဲ့ပါတယ်။ကောင်မလေးမှ ပြန်ချစ်တယ်ဆိုလျှင် ကြက်သားကို စွပ်ပြုတ်ချက်ကျွေးမယ်လို့လည်း ပြောခဲ့ပါသေးတယ်။

 

ကောင်မလေးဟာ အလွန်ရှက်နေခဲ့ပြီး ကျေးဇူးပြုပြီး မလုပ်ပါနဲ့ဟုဆိုကာ တောင်းပန်နေခဲ့တာပါ။ထို့နောက်ကောင်လေးဟာလည်း ခေါင်မာနေခဲ့သဖြင့် ပြန်မချစ်နိုင်ကြောင်း ဆိုခဲ့သောအခါ ကောင်လေးဟာ ကြမ်းပြင်ပေါ် အိပ်ချလိုက်ပါတော့တယ်။

 

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*