
ဈေးထဲလာရောက်လည်ပတ်သူတွေက အစားအသောက်တွေ အဆမတန်ကျွေးလွန်းလို့ အဝလွန်ပြီးဒုက္ခရောက်နေတဲ့ မျောက်လေး
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရဲ့ Min Buri ဈေးမှာရှိတဲ့ 3 နှစ်သားအရွယ် ‘ဂေါ်ဇီလာ’ အမည်ရှိတဲ့ မျောက်လေးဟာ အင်္ကျီလေးဝတ်ထားပြီး ဝတုတ်နေတဲ့ကိုယ်လုံးလေးနဲ့မို့ ဈေးသို့လာရောက်လည်ပတ်သူတွေအကြား ရေပန်းစားလျက်ရှိပါတယ် ။မျောက်လေးရဲ့ သခင်ဖြစ်သူ Manop ရဲ့ပြောပြချက်အရ အရင်ပိုင်ရှင်ကမျောက်လေးကိုဈေးမှာ စွန့်ပစ်ခဲ့တာဖြစ်ပြီး ၊ Manop က ခေါ်ယူကာ သေသေချာချာလေး ကျွေးမွေးစောင့်ရှောက်ထားတာပါ ။
Manop က နေအိမ်မှာမျောက်လေးကို ထားရစ်ခဲ့ရင် အထီးကျန်မှာစိုးရိမ်လို့ ယခုလိုဈေးထဲခေါ်လာပြီး ကြိုးလေးနဲ့ချည်ထားခဲ့ရတာဖြစ်ကြောင်း သိရပါတယ် ။ဒါကြောင့် ဈေးထဲလာရောက်လည်ပတ်သူက မျောက်လေး ကိုတွေ့ပြီး အစားအသောက်တွေကျွေးမွေးခဲ့ကြတာပါ ။ ငယ်ရွယ်စဉ်ကတည်းက လူတွေနဲ့အတူနေလာခဲ့လို့ မျောက်လေး ‘ဂေါ်ဇီလာ’ ဟာ တောထဲမှာ ကိုယ်တိုင်အစာထွက်ရှာနိုင်ခြင်းမျိုး မတတ်တော့ပါဘူး ။
ပုံမှန် မျောက်လေးရဲ့ ကိုယ်အလေးချိန်က 8kg သာရှိရမှာဖြစ်ပေမဲ့ ဂေါ်ဇီလာရဲ့ကိုယ်အလေးချိန်မှာတော့ 20kg ဖြစ်ကြောင်း သိရှိရပါတယ် ။ Manop က ဂေါ်ဇီလာကို မနက်တိုင်းခေါ်ပြီး လေ့ကျင့်ခန်းလုပ်စေခဲ့ပေမဲ့လည်း ကိုယ်အလေးချိန်ကျသွားခြင်းမျိုးမရှိပါဘူး ။ ဒါကြောင့် Manop အနေနဲ့ အဝလွန်ပြီးဒုက္ခရောက်နေတဲ့ ဂေါ်ဇီလာ မျောက်လေးကို ဒီထက်ပိုဂရုတစိုက် ကျွေးမွေးပြုစုစောင့်ရှောက်ဖို့ မျှော်လင့်မိပါတယ် ။
Zawgyi
ေဈးထဲလာေရာက္လည္ပတ္သူေတြက အစားအေသာက္ေတြ အဆမတန္ေကြၽးလြန္းလို႔ အဝလြန္ၿပီးဒုကၡေရာက္ေနတဲ့ ေမ်ာက္ေလး
ထိုင္းႏိုင္ငံ ၊ ဘန္ေကာက္ၿမိဳ႕ရဲ႕ Min Buri ေဈးမွာရွိတဲ့ 3 ႏွစ္သားအ႐ြယ္ ‘ေဂၚဇီလာ’ အမည္ရွိတဲ့ ေမ်ာက္ေလးဟာ အက်ႌေလးဝတ္ထားၿပီး ဝတုတ္ေနတဲ့ကိုယ္လုံးေလးနဲ႔မို႔ ေဈးသို႔လာေရာက္လည္ပတ္သူေတြအၾကား ေရပန္းစားလ်က္ရွိပါတယ္ ။ေမ်ာက္ေလးရဲ႕ သခင္ျဖစ္သူ Manop ရဲ႕ေျပာျပခ်က္အရ အရင္ပိုင္ရွင္ကေမ်ာက္ေလးကိုေဈးမွာ စြန႔္ပစ္ခဲ့တာျဖစ္ၿပီး ၊ Manop က ေခၚယူကာ ေသေသခ်ာခ်ာေလး ေကြၽးေမြးေစာင့္ေရွာက္ထားတာပါ ။
Manop က ေနအိမ္မွာေမ်ာက္ေလးကို ထားရစ္ခဲ့ရင္ အထီးက်န္မွာစိုးရိမ္လို႔ ယခုလိုေဈးထဲေခၚလာၿပီး ႀကိဳးေလးနဲ႔ခ်ည္ထားခဲ့ရတာျဖစ္ေၾကာင္း သိရပါတယ္ ။ဒါေၾကာင့္ ေဈးထဲလာေရာက္လည္ပတ္သူက ေမ်ာက္ေလး ကိုေတြ႕ၿပီး အစားအေသာက္ေတြေကြၽးေမြးခဲ့ၾကတာပါ ။ ငယ္႐ြယ္စဥ္ကတည္းက လူေတြနဲ႔အတူေနလာခဲ့လို႔ ေမ်ာက္ေလး ‘ေဂၚဇီလာ’ ဟာ ေတာထဲမွာ ကိုယ္တိုင္အစာထြက္ရွာႏိုင္ျခင္းမ်ိဳး မတတ္ေတာ့ပါဘူး ။
ပုံမွန္ ေမ်ာက္ေလးရဲ႕ ကိုယ္အေလးခ်ိန္က 8kg သာရွိရမွာျဖစ္ေပမဲ့ ေဂၚဇီလာရဲ႕ကိုယ္အေလးခ်ိန္မွာေတာ့ 20kg ျဖစ္ေၾကာင္း သိရွိရပါတယ္ ။ Manop က ေဂၚဇီလာကို မနက္တိုင္းေခၚၿပီး ေလ့က်င့္ခန္းလုပ္ေစခဲ့ေပမဲ့လည္း ကိုယ္အေလးခ်ိန္က်သြားျခင္းမ်ိဳးမရွိပါဘူး ။ ဒါေၾကာင့္ Manop အေနနဲ႔ အဝလြန္ၿပီးဒုကၡေရာက္ေနတဲ့ ေဂၚဇီလာ ေမ်ာက္ေလးကို ဒီထက္ပိုဂ႐ုတစိုက္ ေကြၽးေမြးျပဳစုေစာင့္ေရွာက္ဖို႔ ေမွ်ာ္လင့္မိပါတယ္ ။
Leave a Reply