
ဈာပနာအခမ်းအနားတွင် အငှားလိုက်ငိုပေးခြင်းအားဖြင့် ဝင်ငွေများစွာ ရရှိနိုင်သောအခွင့်အရေး
လောကကြီးတွင် လူတို့သည် ထူးဆန်းသော အရာများကို အမြဲပြုလုပ်လျက်ရှိပြီး ငွေကြေးများရှိလျှင် ဘယ်အရာမဆို လိုချင်သလောက်နီးပါး ဖန်တီး အကောင်အထည်ဖော်နိုင်ပြီး အမျိုးမျိုးပြောင်းလဲပစ်နိုင်သည်။
သို့ဖြစ်၍ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်ရှိ ကွယ်လွန်သူဧ။် ဈာပနာအခမ်းအနားတွင် အားရပါးရ ငိုပေးခြင်းဖြင့် တစ်နှစ်လျှင် ရရှိမည့်ဝင်ငွေမှာ ယွမ် ၂၀၀၀၀၀နီးပါးဖြစ်ပြီး တွက်ချေကိုက်ပြီး အတော်လေးခေတ်စားလျက်ရှိသည်။ကိုယ်နှင့်လည်း မသိ မရင်းနှီးသောသူဧ။် အသုဘအခမ်းအနားတွင် သူဧ။်မိသားစုဝင် ဆွေမျိုးရင်းခြာတစ်ယောက်လို အငှားလိုက်ငိုပေးခြင်းဖြင့် နာရီဝက်ကို ယွမ်၃၀၀နီးပါး ဝင်ငွေရသည်။
ထို့ကြောင့် ဟီနန်ပြည်နယ်ရှိ ကျေးလက်ဒေသတွင် နေထိုင်သော အမျိုးသမီးတစ်ဦးသည် အငှားလိုက်ငိုပေးသည့် ဝင်ငွေနှင့် တစ်မိသားစုလုံး အခြားအလုပ်မရှာပဲ စားဝတ်နေရေးတွက် စိတ်ပူစရာမလိုပဲ ထိုင်စားလို့ ရနိုင်သည့်အပြင် ကလေးများကိုလည်း မြို့ပေါ်ကျောင်းတွင် ထားရန် ထောက်ပံ့နိုင်သေးသည်။
တရုတ်နိုင်ငံတွင် ထိုသို့အငှားလိုက်ငိုပေးခြင်းသည် ယခင်ကတည်းက တည်ရှိခဲ့သော ဓလေ့ထုံးတမ်း ဖြစ်ပြီး ယခုအခါ အသုဘအခမ်းအနားတွင် sexy အက များကိုပါ ထည့်သွင်းရန် အစီအစဉ်ရှိသေးကြောင်း သိရသည်။
Zawgyi
ဈာပနာအခမ္းအနားတြင္ အငွားလိုက္ငိုေပးျခင္းအားျဖင့္ ဝင္ေငြမ်ားစြာ ရရွိႏိုင္ေသာအခြင့္အေရး
ေလာကႀကီးတြင္ လူတို႔သည္ ထူးဆန္းေသာ အရာမ်ားကို အၿမဲျပဳလုပ္လ်က္ရွိၿပီး ေငြေၾကးမ်ားရွိလွ်င္ ဘယ္အရာမဆို လိုခ်င္သေလာက္နီးပါး ဖန္တီး အေကာင္အထည္ေဖာ္ႏိုင္ၿပီး အမ်ိဳးမ်ိဳးေျပာင္းလဲပစ္ႏိုင္သည္။
သို႔ျဖစ္၍ တ႐ုတ္ႏိုင္ငံ ဟီနန္ျပည္နယ္ရွိ ကြယ္လြန္သူဧ။္ ဈာပနာအခမ္းအနားတြင္ အားရပါးရ ငိုေပးျခင္းျဖင့္ တစ္ႏွစ္လွ်င္ ရရွိမည့္ဝင္ေငြမွာ ယြမ္ ၂၀၀၀၀၀နီးပါးျဖစ္ၿပီး တြက္ေခ်ကိုက္ၿပီး အေတာ္ေလးေခတ္စားလ်က္ရွိသည္။ကိုယ္ႏွင့္လည္း မသိ မရင္းႏွီးေသာသူဧ။္ အသုဘအခမ္းအနားတြင္ သူဧ။္မိသားစုဝင္ ေဆြမ်ိဳးရင္းျခာတစ္ေယာက္လို အငွားလိုက္ငိုေပးျခင္းျဖင့္ နာရီဝက္ကို ယြမ္၃၀၀နီးပါး ဝင္ေငြရသည္။
ထို႔ေၾကာင့္ ဟီနန္ျပည္နယ္ရွိ ေက်းလက္ေဒသတြင္ ေနထိုင္ေသာ အမ်ိဳးသမီးတစ္ဦးသည္ အငွားလိုက္ငိုေပးသည့္ ဝင္ေငြႏွင့္ တစ္မိသားစုလုံး အျခားအလုပ္မရွာပဲ စားဝတ္ေနေရးတြက္ စိတ္ပူစရာမလိုပဲ ထိုင္စားလို႔ ရႏိုင္သည့္အျပင္ ကေလးမ်ားကိုလည္း ၿမိဳ႕ေပၚေက်ာင္းတြင္ ထားရန္ ေထာက္ပံ့ႏိုင္ေသးသည္။
တ႐ုတ္ႏိုင္ငံတြင္ ထိုသို႔အငွားလိုက္ငိုေပးျခင္းသည္ ယခင္ကတည္းက တည္ရွိခဲ့ေသာ ဓေလ့ထုံးတမ္း ျဖစ္ၿပီး ယခုအခါ အသုဘအခမ္းအနားတြင္ sexy အက မ်ားကိုပါ ထည့္သြင္းရန္ အစီအစဥ္ရွိေသးေၾကာင္း သိရသည္။
Leave a Reply