ဈာပနကျင်းပခါနီးမှ အခေါင်းထဲကနေ ရုတ်တရက်နိုးလာပြီး ရေတောင်းသောက်ခဲ့တဲ့ ၂ နှစ်အရွယ် ကွယ်လွန်သူကောင်လေးတစ်ဦး

ဈာပနကျင်းပခါနီးမှ အခေါင်းထဲကနေ ရုတ်တရက်နိုးလာပြီး ရေတောင်းသောက်ခဲ့တဲ့ ၂ နှစ်အရွယ် ကွယ်လွန်သူကောင်လေးတစ်ဦး

ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ Aberlardo Santos ဆေးရုံမှာ ဆေးကုသမှုခံယူနေခဲ့တဲ့ အသက် ၂ နှစ်အရွယ် Kelvin Santos အမည်ရှိကောင်လေးတစ်ဦးဟာ အဆုတ်ရောင်ရောဂါကြောင့် အသက်ရှုရပ်သွားပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ ထို့နောက် နာရေးကူညီမှုအသင်းကလည်း Kelvin ရဲ့ရုပ်အလောင်းကို လေလုံတဲ့အိတ်ဖြင့်ထုပ်ပိုးပြီး ဝမ်းနည်းပူဆွေးနေတဲ့ သူ့မိသားစုရဲ့နေအိမ်သို့ သယ်ဆောင်သွားပေးခဲ့ပါတယ်။

သေဆုံးရခြင်းအကြောင်းရင်းမှာ အဆုတ်များ ကောင်းမွန်စွာ မလုပ်ဆောင်နိုင်ခြင်းကြောင့် နှင့် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ဖြစ်ပါတယ်။ထို့နောက် သူ့မိသားစုကလည်း Kelvin ရဲ့ရုပ်အလောင်းကို အခေါင်းထဲသို့ ပြောင်းထည့်ထားခဲ့ကြပါတယ်။ သို့ပေမဲ့ နောက်တစ်နေ့ သူ့ရဲ့ဈာပနကျင်းပခါနီး တစ်နာရီအလိုမှာ Kelvin ရဲ့အဒေါ်က Kelvin ရဲ့ ခန္ဓာကိုယ်လှုပ်ရှားနေတာကို ရုတ်တရက် သတိပြုမိသွားခဲ့ပါတယ်။

“ Kelvin က သူ့အခေါင်းထဲမှာ ရုတ်တရက် ထလာပြီး ” ဖေဖေ၊ ရေနည်းနည်းလောက် ရနိုင်မလား” လို့ပြောလာတဲ့အချိန်မှာ ကျွန်တော်က သူ့ကိုလှမ်းဆွဲပြီး ‘သား၊ ဖေဖေ့ဆီ ပြန်လာပါ’ လို့ပြောခဲ့တယ်၊ ကျွန်တော့်သားက နာရီအနည်းငယ်ကြာ သူ့ခေါင်းတလားထဲမှာ ထထိုင်လာတော့ လူတိုင်းကလည်း အော်ဟစ်နေကြပြီး သူတို့ရဲ့မျက်လုံးတွေကို မယုံနိုင်ဖြစ်ခဲ့ကြတယ်၊ အဲ့တော့ ကျွန်တော်တို့ကလည်း သားလေး အသက်ပြန်ရှင်လာတယ်လို့ထင်ခဲ့ကြပေမဲ့ Kelvin က သူ့အရင်ပုံစံအတိုင်း ပြန်အိပ်သွားခဲ့တယ်။

အဲ့နောက် ကျွန်တော်တို့ သူ့ကို နှိုးဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး၊ အခုတော့ သူက တကယ်ပျောက်ကွယ်သွားပြီ ” လို့ Antonio Santos အမည်ရှိဖခင်ဖြစ်သူက သူ့မျက်စိရှေ့မှာတင် မယုံနိုင်စရာတွေဖြစ်ခဲ့ရတာကို ပြောပြခဲ့ပါတယ်။

ထို့နောက် မိသားစုက Kelvin ကို ပြန်လည်စစ်ဆေးဖို့ ဆေးရုံကို အမြန်ပြန်ခေါ်ခဲ့ပေမယ့် ဆရာဝန်များက Kelvin က တကယ်အသက်မရှိတော့ဘူးလို့ ဆိုခဲ့ကြပါတယ်။ ထိုကဲ့သို့ ထူးဆန်းတဲ့အဖြစ်အပျက်ကြောင့် မိသားစုဝင်များက Kelvin ရဲ့ဈာပနအခမ်းအနားအား အချိန်ဆွဲထားခဲ့ရပေမဲ့လည်း ဝမ်းနည်းစွာပင် ၎င်းတို့ရဲ့စောင့်ဆိုင်းမှုက မအောင်မြင်ခဲ့သလို ထိုညမှာဘဲ ကလေးကို ဒေသခံ သုသာန်မှာ သင်္ဂြိုဟ်ခဲ့ကြပါတယ်။

မည်သို့ပင်ဆိုစေကာမူ ဖခင် Antonio က ဆရာဝန်များက ပထမအကြိမ်စစ်ဆေးစဉ်အတွင်း Kelvin အားသေဆုံးကြောင်း မှားယွင်းစွာမှတ်ယူခဲ့တယ်လို့ ယုံကြည်ခဲ့တာကြောင့် နောက်ပိုင်းမှာ ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ပါတယ်။

“ Kelvin ကို ကယ်တင်ဖို့ကြိုးပမ်းပြီး ၁၅ မိနစ်အကြာမှာတော့ ဆရာဝန်တွေက ကျွန်တော့်ဆီလာပြီး ကျွန်တော့်ကလေး သေဆုံးကြောင်း အကြောင်းကြားပြီး သားလေးရဲ့အလောင်းကို လွှဲပေးခဲ့ကြပါတယ်။ သူတို့က Kelvin ကို ပိုပြီး စေ့စေ့စပ်စပ် စစ်ဆေးမှုမျိုးမပြုလုပ်ခဲ့ပါဘူး။ သေပြီးတဲ့လူက ပြန်ရှင်လာစရာအကြောင်းမရှိပါဘူး “ လို့ ဖခင် Antonio က ရဲတပ်ဖွဲ့အား တိုင်တန်းခဲ့ပါတယ်။

ဒါပေမယ့် စုံစမ်းစစ်ဆေးမှုအရ Kelvin ဟာ ဆေးရုံတင်ထားရချိန်မှာကတည်း စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြန်လည်ဖြေကြားခဲ့ပြီး ၎င်းအမှုကို ပိတ်ပင်ခဲ့ပါတယ်။ ထို့ပြင် ဖြစ်ရပ်များနှင့် ဖြစ်စဉ်အများစုကို ဖြေရှင်းနိုင်တဲ့ သိပ္ပံနှင့်နည်းပညာခေတ်ကြီးမှာ ဤကိစ္စရပ်က သမားတော်အများစုကို စိတ်ရှုပ်သွားစေခဲ့ပါတယ်။

Zawgyi

ဈာပနက်င္းပခါနီးမွ အေခါင္းထဲကေန ႐ုတ္တရက္ႏိုးလာၿပီး ေရေတာင္းေသာက္ခဲ့တဲ့ ၂ ႏွစ္အ႐ြယ္ ကြယ္လြန္သူေကာင္ေလးတစ္ဦး

ဘရာဇီးႏိုင္ငံေျမာက္ပိုင္းရွိ Aberlardo Santos ေဆး႐ုံမွာ ေဆးကုသမႈခံယူေနခဲ့တဲ့ အသက္ ၂ ႏွစ္အ႐ြယ္ Kelvin Santos အမည္ရွိေကာင္ေလးတစ္ဦးဟာ အဆုတ္ေရာင္ေရာဂါေၾကာင့္ အသက္ရႈရပ္သြားၿပီးေနာက္ ေသဆုံးသြားခဲ့ပါတယ္။ ထို႔ေနာက္ နာေရးကူညီမႈအသင္းကလည္း Kelvin ရဲ႕႐ုပ္အေလာင္းကို ေလလုံတဲ့အိတ္ျဖင့္ထုပ္ပိုးၿပီး ဝမ္းနည္းပူေဆြးေနတဲ့ သူ႔မိသားစုရဲ႕ေနအိမ္သို႔ သယ္ေဆာင္သြားေပးခဲ့ပါတယ္။

ေသဆုံးရျခင္းအေၾကာင္းရင္းမွာ အဆုတ္မ်ား ေကာင္းမြန္စြာ မလုပ္ေဆာင္ႏိုင္ျခင္းေၾကာင့္ ႏွင့္ ႏွလုံးေသြးေၾကာပိတ္ျခင္းေၾကာင့္ ျဖစ္ပါတယ္။ထို႔ေနာက္ သူ႔မိသားစုကလည္း Kelvin ရဲ႕႐ုပ္အေလာင္းကို အေခါင္းထဲသို႔ ေျပာင္းထည့္ထားခဲ့ၾကပါတယ္။ သို႔ေပမဲ့ ေနာက္တစ္ေန႔ သူ႔ရဲ႕ဈာပနက်င္းပခါနီး တစ္နာရီအလိုမွာ Kelvin ရဲ႕အေဒၚက Kelvin ရဲ႕ ခႏၶာကိုယ္လႈပ္ရွားေနတာကို ႐ုတ္တရက္ သတိျပဳမိသြားခဲ့ပါတယ္။

“ Kelvin က သူ႔အေခါင္းထဲမွာ ႐ုတ္တရက္ ထလာၿပီး ” ေဖေဖ၊ ေရနည္းနည္းေလာက္ ရႏိုင္မလား” လို႔ေျပာလာတဲ့အခ်ိန္မွာ ကြၽန္ေတာ္က သူ႔ကိုလွမ္းဆြဲၿပီး ‘သား၊ ေဖေဖ့ဆီ ျပန္လာပါ’ လို႔ေျပာခဲ့တယ္၊ ကြၽန္ေတာ့္သားက နာရီအနည္းငယ္ၾကာ သူ႔ေခါင္းတလားထဲမွာ ထထိုင္လာေတာ့ လူတိုင္းကလည္း ေအာ္ဟစ္ေနၾကၿပီး သူတို႔ရဲ႕မ်က္လုံးေတြကို မယုံႏိုင္ျဖစ္ခဲ့ၾကတယ္၊ အဲ့ေတာ့ ကြၽန္ေတာ္တို႔ကလည္း သားေလး အသက္ျပန္ရွင္လာတယ္လို႔ထင္ခဲ့ၾကေပမဲ့ Kelvin က သူ႔အရင္ပုံစံအတိုင္း ျပန္အိပ္သြားခဲ့တယ္။

အဲ့ေနာက္ ကြၽန္ေတာ္တို႔ သူ႔ကို ႏႈိးဖို႔ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူး၊ အခုေတာ့ သူက တကယ္ေပ်ာက္ကြယ္သြားၿပီ ” လို႔ Antonio Santos အမည္ရွိဖခင္ျဖစ္သူက သူ႔မ်က္စိေရွ႕မွာတင္ မယုံႏိုင္စရာေတြျဖစ္ခဲ့ရတာကို ေျပာျပခဲ့ပါတယ္။

ထို႔ေနာက္ မိသားစုက Kelvin ကို ျပန္လည္စစ္ေဆးဖို႔ ေဆး႐ုံကို အျမန္ျပန္ေခၚခဲ့ေပမယ့္ ဆရာဝန္မ်ားက Kelvin က တကယ္အသက္မရွိေတာ့ဘူးလို႔ ဆိုခဲ့ၾကပါတယ္။ ထိုကဲ့သို႔ ထူးဆန္းတဲ့အျဖစ္အပ်က္ေၾကာင့္ မိသားစုဝင္မ်ားက Kelvin ရဲ႕ဈာပနအခမ္းအနားအား အခ်ိန္ဆြဲထားခဲ့ရေပမဲ့လည္း ဝမ္းနည္းစြာပင္ ၎တို႔ရဲ႕ေစာင့္ဆိုင္းမႈက မေအာင္ျမင္ခဲ့သလို ထိုညမွာဘဲ ကေလးကို ေဒသခံ သုသာန္မွာ သၿဂႋဳဟ္ခဲ့ၾကပါတယ္။

မည္သို႔ပင္ဆိုေစကာမူ ဖခင္ Antonio က ဆရာဝန္မ်ားက ပထမအႀကိမ္စစ္ေဆးစဥ္အတြင္း Kelvin အားေသဆုံးေၾကာင္း မွားယြင္းစြာမွတ္ယူခဲ့တယ္လို႔ ယုံၾကည္ခဲ့တာေၾကာင့္ ေနာက္ပိုင္းမွာ ရဲတပ္ဖြဲ႕အား တိုင္ၾကားခဲ့ပါတယ္။

“ Kelvin ကို ကယ္တင္ဖို႔ႀကိဳးပမ္းၿပီး ၁၅ မိနစ္အၾကာမွာေတာ့ ဆရာဝန္ေတြက ကြၽန္ေတာ့္ဆီလာၿပီး ကြၽန္ေတာ့္ကေလး ေသဆုံးေၾကာင္း အေၾကာင္းၾကားၿပီး သားေလးရဲ႕အေလာင္းကို လႊဲေပးခဲ့ၾကပါတယ္။ သူတို႔က Kelvin ကို ပိုၿပီး ေစ့ေစ့စပ္စပ္ စစ္ေဆးမႈမ်ိဳးမျပဳလုပ္ခဲ့ပါဘူး။ ေသၿပီးတဲ့လူက ျပန္ရွင္လာစရာအေၾကာင္းမရွိပါဘူး “ လို႔ ဖခင္ Antonio က ရဲတပ္ဖြဲ႕အား တိုင္တန္းခဲ့ပါတယ္။

ဒါေပမယ့္ စုံစမ္းစစ္ေဆးမႈအရ Kelvin ဟာ ေဆး႐ုံတင္ထားရခ်ိန္မွာကတည္း စိုးရိမ္ရတဲ့အေျခအေနမွာ ရွိေနၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ျပန္လည္ေျဖၾကားခဲ့ၿပီး ၎အမႈကို ပိတ္ပင္ခဲ့ပါတယ္။ ထို႔ျပင္ ျဖစ္ရပ္မ်ားႏွင့္ ျဖစ္စဥ္အမ်ားစုကို ေျဖရွင္းႏိုင္တဲ့ သိပၸံႏွင့္နည္းပညာေခတ္ႀကီးမွာ ဤကိစၥရပ္က သမားေတာ္အမ်ားစုကို စိတ္ရႈပ္သြားေစခဲ့ပါတယ္။

 

Be the first to comment

Leave a Reply

Your email address will not be published.


*