
ဇိမ်ခံတိုက်ခန်းကနေ တစ်ရှူး 2 ထုပ်ခိုးယူခဲ့တဲ့ သူခိုးကို 5 ရက်အကြာမှာ ဖမ်းမိခဲ့
ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ထိုင်းနိုင်ငံရှိ ရဲအရာရှိတွေဟာ တစ်ရှူး 2 ထုပ်ခိုးယူခံခဲ့ရတဲ့ တိုင်ကြားမှုကို လက်ခံရရှိခဲ့ပါတယ် ။ အဖြစ်အပျက်ကတော့ အဆိုပါဇိမ်ခံတိုက်ခန်းမှာနေထိုင်တဲ့ တရုတ်အမျိုးသားတစ်ဦးဟာ တိုက်ခန်းအတွင်းသို့ သူခိုးဝင်ရောက်လာတာကို တွေ့ရှိခဲ့ပြီး ၊ကြောက်လန့်လို့ အကွယ်လေးမှာ ပုန်းအောင်းနေခဲ့ပါတယ် ။
ထို့နောက် သူခိုးကလည်း နေရာအနှံ့ပစ္စည်းတွေလိုက်ရှာရင်း ယူစရာမရှိတဲ့အဆုံး တစ်ရှူး 2 ထုပ်ယူပြီး တိုက်ခန်းကနေ ထွက်ခွာသွားခဲ့တာပါ ။ သို့ပေမဲ့လည်း သူခိုးရဲ့ကျောပြင်ကို တိုက်ခန်းပိုင်ရှင်က အမိအရဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပြီး ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ် ။ရဲအရာရှိများက CCTV ကို စစ်ဆေးကြည့်လိုက်ချိန်မှာတော့ အဆိုပါသူခိုးဟာ အခြားတိုက်ခန်းတွေရဲ့ တံခါးကို လိုက်ဖွင့်နေခဲ့ပြီး ၊ တံခါးတွေက လောစ့်ကျနေခဲ့လို့ ဖွင့်မရပါဘူး ။ သို့ပေမဲ့လည်း အဆိုပါတရုတ်လူမျိုးနေထိုင်တဲ့တိုက်ခန်းက သော့ပွင့်နေလို့ ဝင်ရောက်ခိုးယူဖို့ကြိုးစားခဲ့တာပါ ။
5 ရက်အကြာမှာတော့ အဆိုပါသူခိုးကို သူငယ်ချင်းဖြစ်သူရဲ့နေအိမ်မှာ ဖမ်းယူနိုင်ခဲ့ပြီး ၊ သူခိုးဖြစ်သူဟာ အရင်ချိန်တုန်းက ကွန်ဒိုတိုက်ခန်းအဆောက်အအုံရဲ့ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ဖူးလို့ ယခုလို တိုက်ခန်းရဲ့တံခါးအကြောင်းကို သိရှိနားလည်နေခဲ့တာဖြစ်ကြောင်း သိရပါတယ် ။ သို့ပေမဲ့လည်း သူခိုးကတော့ တိုက်ခန်းပိုင်ရှင်ကို ဆုတောင်မေတ္တာပို့ပေးဖို့ တိုက်ခန်းအတွင်းသို့ ဝင်ရောက်ခဲ့တာဖြစ်ကြောင်း ထွက်ဆိုခဲ့ပါတယ် ။
Zawgyi
ဇိမ္ခံတိုက္ခန္းကေန တစ္ရႉး 2 ထုပ္ခိုးယူခဲ့တဲ့ သူခိုးကို 5 ရက္အၾကာမွာ ဖမ္းမိခဲ့
ၿပီးခဲ့တဲ့ ရက္ပိုင္းကမွ ထိုင္းႏိုင္ငံရွိ ရဲအရာရွိေတြဟာ တစ္ရႉး 2 ထုပ္ခိုးယူခံခဲ့ရတဲ့ တိုင္ၾကားမႈကို လက္ခံရရွိခဲ့ပါတယ္ ။ အျဖစ္အပ်က္ကေတာ့ အဆိုပါဇိမ္ခံတိုက္ခန္းမွာေနထိုင္တဲ့ တ႐ုတ္အမ်ိဳးသားတစ္ဦးဟာ တိုက္ခန္းအတြင္းသို႔ သူခိုးဝင္ေရာက္လာတာကို ေတြ႕ရွိခဲ့ၿပီး ၊ေၾကာက္လန႔္လို႔ အကြယ္ေလးမွာ ပုန္းေအာင္းေနခဲ့ပါတယ္ ။
ထို႔ေနာက္ သူခိုးကလည္း ေနရာအႏွံ႔ပစၥည္းေတြလိုက္ရွာရင္း ယူစရာမရွိတဲ့အဆုံး တစ္ရႉး 2 ထုပ္ယူၿပီး တိုက္ခန္းကေန ထြက္ခြာသြားခဲ့တာပါ ။ သို႔ေပမဲ့လည္း သူခိုးရဲ႕ေက်ာျပင္ကို တိုက္ခန္းပိုင္ရွင္က အမိအရဓာတ္ပုံ႐ိုက္ကူးႏိုင္ခဲ့ၿပီး ရဲစခန္းကိုတိုင္ၾကားခဲ့ပါတယ္ ။ရဲအရာရွိမ်ားက CCTV ကို စစ္ေဆးၾကည့္လိုက္ခ်ိန္မွာေတာ့ အဆိုပါသူခိုးဟာ အျခားတိုက္ခန္းေတြရဲ႕ တံခါးကို လိုက္ဖြင့္ေနခဲ့ၿပီး ၊ တံခါးေတြက ေလာစ့္က်ေနခဲ့လို႔ ဖြင့္မရပါဘူး ။ သို႔ေပမဲ့လည္း အဆိုပါတ႐ုတ္လူမ်ိဳးေနထိုင္တဲ့တိုက္ခန္းက ေသာ့ပြင့္ေနလို႔ ဝင္ေရာက္ခိုးယူဖို႔ႀကိဳးစားခဲ့တာပါ ။
5 ရက္အၾကာမွာေတာ့ အဆိုပါသူခိုးကို သူငယ္ခ်င္းျဖစ္သူရဲ႕ေနအိမ္မွာ ဖမ္းယူႏိုင္ခဲ့ၿပီး ၊ သူခိုးျဖစ္သူဟာ အရင္ခ်ိန္တုန္းက ကြန္ဒိုတိုက္ခန္းအေဆာက္အအုံရဲ႕ လုံၿခဳံေရးဝန္ထမ္းအျဖစ္ အလုပ္လုပ္ကိုင္ဖူးလို႔ ယခုလို တိုက္ခန္းရဲ႕တံခါးအေၾကာင္းကို သိရွိနားလည္ေနခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ ။ သို႔ေပမဲ့လည္း သူခိုးကေတာ့ တိုက္ခန္းပိုင္ရွင္ကို ဆုေတာင္ေမတၱာပို႔ေပးဖို႔ တိုက္ခန္းအတြင္းသို႔ ဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္း ထြက္ဆိုခဲ့ပါတယ္ ။
Leave a Reply