ဇာတိရွာကနေ လေးလံတဲ့ ကြိုးပုခက်ကိုထမ်းကာ မြို့တက်ပြီး ရောင်းချနေတဲ့ အသက် ၁၀၂ နှစ်ရှိပြီဖြစ်တဲ့အဘိုးအို

ဇာတိရွာကနေ လေးလံတဲ့ ကြိုးပုခက်ကိုထမ်းကာ မြို့တက်ပြီး ရောင်းချနေတဲ့ အသက် ၁၀၂ နှစ်ရှိပြီဖြစ်တဲ့အဘိုးအို

Tatay Tony လို့ခေါ်တဲ့ အဘိုးအိုဟာ အသက် ၁၀၂ နှစ်ရှိပြီဖြစ်သော်လည်း သူ့ရဲ့ အသက်အရွယ်နဲ့ပင်မလိုက်အောင် လေးလံတဲ့ကြိုးပုခက်များကို ရောင်းချရန် ဇာတိရွာကနေ မြို့ကို နေ့တိုင်းလမ်းလျှောက် သွားနေရဆဲဖြစ်ပါတယ် ။ Tatay ဟာ ထိုသို့သောအလုပ်မျိုးအတွက် အသက်ကြီးလွန်းတယ်လို့ လူအများကထုတ်ဖော်ပြောကြားသော်လည်း သူက ကျန်းမာသန်စွမ်းနေဆဲဖြစ်တယ်လို့ အခိုင်အမာဆိုခဲ့ပါတယ် ။ သူက သူ့မိသားစုအတွက် ငွေရှာနိုင်သလောက်ကို ကြိုးစားလုပ်ကိုင်နေတာပါ ။

ထိုအဘိုးရဲ့ အလုပ်ကြိုးစားမှု ဓာတ်ပုံတွေဟာ Facebook ပေါ် တင်ပြလိုက်တဲ့အခါမှာ Tatay ရဲ့ အသက်အရွယ်အရ ဆက်လက်ဝင်ငွေရရှိရန် စိတ်ပိုင်းဖြတ်ထားမှုအပေါ် အလွန်အမင်းလေးစားကြောင်းနဲ့ သူ့ရဲ့ ကျန်းမာရေး၊ လုပ်ခြုံရေးအတွက် အင်တာနက် အသုံးပြုသူတွေက စိုးရိမ်နေကြပါတယ် ။

အင်တာနက်အသုံးပြုသူများစွာဟာ အဘိုးရဲ့အသက်အရွယ်အရဆိုရင် အိမ်မှာ အနားယူပြီး သားသမီးနဲ့ မြေးတွေကသာ မိသားစုအတွက် ပိုက်ဆံရှာသင့်ကြောင်း ထင်မြင်ကြပါတယ် ။ ဒါပေမဲ့ Tatay Tony က အလုပ်ကြိုးစားတဲ့ သက်ကြီးရွယ်အိုများအနက်မှ တစ်ယောက်ဖြစ်ပါတယ် ။ အင်တာနက်အသုံးပြုသူများစွာက အဘိုးရဲ့ကြိုးပုခက်များကို ဝယ်ယူအားပေးခြင်း (သို့) အခြားလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြင့် သူ့ကို ကူညီရန် ကမ်းလှမ်းနေကြပါတယ် ။

Zawgyi

ဇာတိ႐ြာကေန ေလးလံတဲ့ ႀကိဳးပုခက္ကိုထမ္းကာ ၿမိဳ႕တက္ၿပီး ေရာင္းခ်ေနတဲ့ အသက္ ၁၀၂ ႏွစ္ရွိၿပီျဖစ္တဲ့အဘိုးအို

Tatay Tony လို႔ေခၚတဲ့ အဘိုးအိုဟာ အသက္ ၁၀၂ ႏွစ္ရွိၿပီျဖစ္ေသာ္လည္း သူ႔ရဲ႕ အသက္အ႐ြယ္နဲ႔ပင္မလိုက္ေအာင္ ေလးလံတဲ့ႀကိဳးပုခက္မ်ားကို ေရာင္းခ်ရန္ ဇာတိ႐ြာကေန ၿမိဳ႕ကို ေန႔တိုင္းလမ္းေလွ်ာက္ သြားေနရဆဲျဖစ္ပါတယ္ ။ Tatay ဟာ ထိုသို႔ေသာအလုပ္မ်ိဳးအတြက္ အသက္ႀကီးလြန္းတယ္လို႔ လူအမ်ားကထုတ္ေဖာ္ေျပာၾကားေသာ္လည္း သူက က်န္းမာသန္စြမ္းေနဆဲျဖစ္တယ္လို႔ အခိုင္အမာဆိုခဲ့ပါတယ္ ။ သူက သူ႔မိသားစုအတြက္ ေငြရွာႏိုင္သေလာက္ကို ႀကိဳးစားလုပ္ကိုင္ေနတာပါ ။

ထိုအဘိုးရဲ႕ အလုပ္ႀကိဳးစားမႈ ဓာတ္ပုံေတြဟာ Facebook ေပၚ တင္ျပလိုက္တဲ့အခါမွာ Tatay ရဲ႕ အသက္အ႐ြယ္အရ ဆက္လက္ဝင္ေငြရရွိရန္ စိတ္ပိုင္းျဖတ္ထားမႈအေပၚ အလြန္အမင္းေလးစားေၾကာင္းနဲ႔ သူ႔ရဲ႕ က်န္းမာေရး၊ လုပ္ၿခဳံေရးအတြက္ အင္တာနက္ အသုံးျပဳသူေတြက စိုးရိမ္ေနၾကပါတယ္ ။

အင္တာနက္အသုံးျပဳသူမ်ားစြာဟာ အဘိုးရဲ႕အသက္အ႐ြယ္အရဆိုရင္ အိမ္မွာ အနားယူၿပီး သားသမီးနဲ႔ ေျမးေတြကသာ မိသားစုအတြက္ ပိုက္ဆံရွာသင့္ေၾကာင္း ထင္ျမင္ၾကပါတယ္ ။ ဒါေပမဲ့ Tatay Tony က အလုပ္ႀကိဳးစားတဲ့ သက္ႀကီး႐ြယ္အိုမ်ားအနက္မွ တစ္ေယာက္ျဖစ္ပါတယ္ ။ အင္တာနက္အသုံးျပဳသူမ်ားစြာက အဘိုးရဲ႕ႀကိဳးပုခက္မ်ားကို ဝယ္ယူအားေပးျခင္း (သို႔) အျခားလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေပးျခင္းျဖင့္ သူ႔ကို ကူညီရန္ ကမ္းလွမ္းေနၾကပါတယ္ ။

Be the first to comment

Leave a Reply

Your email address will not be published.


*