ဇနီးအရွေးမှားခဲ့လို့ လမ်းမကြီးဘေးမှာ နေထိုင်နေရတဲ့ သားအဖ

ဇနီးအရွေးမှားခဲ့လို့ လမ်းမကြီးဘေးမှာ နေထိုင်နေရတဲ့ သားအဖ

ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက သားအဖနှစ်ယောက်ရဲ့အဖြစ်ကတော့ အတော့်ကိုခက်ခဲရုန်းကန်လွန်းနေရတယ်လို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ Jerrico အမည်ရှိတဲ့ အမျိုးသားဟာ Jollibee အမည်ရှိတဲ့ စားသောက်ဆိုင်ရှေ့မှာ အမြဲနေ့ရောညပါ နေထိုင်နေတဲ့သားအဖ နှစ်ယောက်ကို အမြဲတွေ့ဆုံမိလို့ အစပိုင်းမှာ အစားအသောက်တွေ လက်ဆောင်ပေးရင်း နောက်ပိုင်း စကားစမြီးစပြောမိခဲ့ပါတယ် ။

အဆိုပါ သားအဖဟာ အစပိုင်းမှာတော့ အကင်ဆိုင်ပိုင်ရှင်ဖြစ်ပြီး ၊ စီးပွားရေးလည်း အတော်လေးကို ကောင်မွန်ခဲ့ပါတယ် ။ သို့ပေမဲ့လည်း ဇနီးသည်ကတော့ အတော်လေးကို ဆိုးလွန်းတယ်လို့ ပြောရမှာပါပဲ ။ အကြောင်းကတော့ ဇနီးသည်ဟာ လောင်းကစားကိုကြိုက်နှစ်သက်သူဖြစ်ပြီး နောက်ဆုံး ပိုင်ဆိုင်မှုတွေအကုန်လုံး ဆုံးရှုံးလိုက်ရတဲ့အထိကို ဆော့ကစားခဲ့လို့ပါပဲ ။ နောက်ပိုင်း အိမ်လခမပေးနိုင်တော့ လမ်းပေါ်ရောက်ခဲ့ရတာပါ ။

မိဘအိမ်ပြန်ပြီး အကူအညီတောင်းခဲ့ပေမဲ့ မိဘသဘောမတူတဲ့ မိန်းကလေးမျိုးကို ယူခဲ့လို့ မိဘတွေကစိတ်နာပြီး လုံးဝလှည့်မကြည့်တော့ပါဘူး ။ ဒါကြောင့် သူငယ်ချင်းနဲ့အတူ အလုပ်ရှာနေရင်း လမ်းမပေါ်မှာ 2 နှစ်သားအရွယ် သားငယ်လေးနဲ့ အတူနေနေရတာဖြစ်ကြောင်း သိရပါတယ် ။ တစ်ကယ့်ကို ဇနီးအရွေးမှားလို့ ဒုက္ခရောက်နေရတဲ့ သားအဖရဲ့အဖြစ်လို့ ပြောရမှာပါပဲလေ ။

Zawgyi

ဇနီးအေ႐ြးမွားခဲ့လို႔ လမ္းမႀကီးေဘးမွာ ေနထိုင္ေနရတဲ့ သားအဖ

ဒီတစ္ေခါက္ေဖာ္ျပမဲ့ ဖိလစ္ပိုင္ႏိုင္ငံက သားအဖႏွစ္ေယာက္ရဲ႕အျဖစ္ကေတာ့ အေတာ့္ကိုခက္ခဲ႐ုန္းကန္လြန္းေနရတယ္လို႔ ေျပာရမွာပါပဲ ။ အေၾကာင္းကေတာ့ Jerrico အမည္ရွိတဲ့ အမ်ိဳးသားဟာ Jollibee အမည္ရွိတဲ့ စားေသာက္ဆိုင္ေရွ႕မွာ အၿမဲေန႔ေရာညပါ ေနထိုင္ေနတဲ့သားအဖ ႏွစ္ေယာက္ကို အၿမဲေတြ႕ဆုံမိလို႔ အစပိုင္းမွာ အစားအေသာက္ေတြ လက္ေဆာင္ေပးရင္း ေနာက္ပိုင္း စကားစၿမီးစေျပာမိခဲ့ပါတယ္ ။

အဆိုပါ သားအဖဟာ အစပိုင္းမွာေတာ့ အကင္ဆိုင္ပိုင္ရွင္ျဖစ္ၿပီး ၊ စီးပြားေရးလည္း အေတာ္ေလးကို ေကာင္မြန္ခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း ဇနီးသည္ကေတာ့ အေတာ္ေလးကို ဆိုးလြန္းတယ္လို႔ ေျပာရမွာပါပဲ ။ အေၾကာင္းကေတာ့ ဇနီးသည္ဟာ ေလာင္းကစားကိုႀကိဳက္ႏွစ္သက္သူျဖစ္ၿပီး ေနာက္ဆုံး ပိုင္ဆိုင္မႈေတြအကုန္လုံး ဆုံးရႈံးလိုက္ရတဲ့အထိကို ေဆာ့ကစားခဲ့လို႔ပါပဲ ။ ေနာက္ပိုင္း အိမ္လခမေပးႏိုင္ေတာ့ လမ္းေပၚေရာက္ခဲ့ရတာပါ ။

မိဘအိမ္ျပန္ၿပီး အကူအညီေတာင္းခဲ့ေပမဲ့ မိဘသေဘာမတူတဲ့ မိန္းကေလးမ်ိဳးကို ယူခဲ့လို႔ မိဘေတြကစိတ္နာၿပီး လုံးဝလွည့္မၾကည့္ေတာ့ပါဘူး ။ ဒါေၾကာင့္ သူငယ္ခ်င္းနဲ႔အတူ အလုပ္ရွာေနရင္း လမ္းမေပၚမွာ 2 ႏွစ္သားအ႐ြယ္ သားငယ္ေလးနဲ႔ အတူေနေနရတာျဖစ္ေၾကာင္း သိရပါတယ္ ။ တစ္ကယ့္ကို ဇနီးအေ႐ြးမွားလို႔ ဒုကၡေရာက္ေနရတဲ့ သားအဖရဲ႕အျဖစ္လို႔ ေျပာရမွာပါပဲေလ ။

Be the first to comment

Leave a Reply

Your email address will not be published.


*