ဇနီးသည်ရဲ့ဘဏ်ကတ်နဲ့ ချစ်သူကောင်မလေးကို အမ်းမိလို့ ဒုက္ခရောက်ခဲ့တဲ့ အမျိုးသား

အဖြစ်အပျက်တွေကတော့ အဆန်းပါပဲ။ ရည်းစားထားပါတယ်ဆိုမှ မိန်းမသိအောင် ကိုယ်တိုင်လုပ်လိုက်မိတဲ့အဖြစ်တစ်ခုပေါ့။ Gulf News မှ ကိုးကားဖော်ပြလိုက်ပါတယ်။

ဒူဘိုင်းမှာပါ။ အမျိုးသမီးတစ်ယောက်ဟာ ဘဏ်ကိုဖန်းဆက်လာခဲ့ပါတယ်။ သူမရဲ့ credit card က hack ခံလိုက်ရပြီတဲ့လေ။ ဒါနဲ့ ဘဏ်က်ကနေပြီး Cyber Crime ဌာနကိုလည်း ဆက်သွယ်ခဲ့ပြီးတော့ အမျိုးသမီ credit card က သုံးခဲ့တဲ့ history ကို ပြန်စစ်ဆေးကြည့်တဲ့အခါမှာတော့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို ဖောက်ဖျက်ထားလို့ ဒဏ်ကြေးပေးထားခဲ့တာ မနည်းမနောဆိုတာ သွားတွေ့ခဲ့ပါတယ်။

 

အမျိုးသမီးဟာ ကားလည်း မမောင်းတဲ့အတွက် hack ခံရဖို့ဆိုတာ များနေပြီမှန်း သုံးသပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူရဲ့လက်ချက်ဖြစ်လို့နေတာပါ။ သူမရဲ့ခင်ပွန်းဟာ တကယ်တော့ ဖောက်ပြန်နေတာပါတဲ့။ ချစ်သူအမျိုးသမီးရဲ့ ဒဏ်ကြေးတွေကို ဇနီးရဲ့ credit card ကို အသုံးပြုပြီးတော့ ရှင်းပေးခဲ့ပါသတဲ့လေ။

အဲတော့မှပဲ ခင်ပွန်းသည်ဖောက်ပြန်နေတယ်ဆိုတာ သိသွားတော့တယ်။ တကယ်ပပဲ hack ပြီထင်ပြီးတော့ ဘဏ်ဖက်ကရော cyber ရဲတွေပါ အကုန်လုံး အလုပ်ရှုပ်ပြီးတော့ အုတ်အောသောင်းနင်းဖြစ်သွားပါသေးတယ်။ အရင်တုန်းကလည်း ဒူတိုင်းမှာ ဒီလိုအဖြစ်မျိုး မရှိခဲ့တဲ့အတွက်လည်း တန်လှုပ်သွားခဲ့တာပါ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*