
ဇနီးသည်ဖြစ်သူနှင့် ကွာရှင်းပြီး လေးနှစ်အကြာတွင် ယောက္ခမဖြစ်သူကို ပြန်လည်လက်ထပ်ခဲ့သည့် အသက်၆၄နှစ်အရွယ်အမျိုးသား
Clive Blunderဆိုသည့် အသက်၆၅နှစ်အရွယ်အမျိုးသားဖြစ်သူဟာ အင်္ဂလန်နိုင်ငံ Warrington Cheshireတွင် ဇနီးသည်နှင့်အတူ နေထိုင်ခဲ့တာဖြစ်ပါတယ်။အမျိုးသားဟာ အစပိုင်းတွင် ဇနီးသည်လေးဖြင့် ဘဝကိုပျော်ရွင်စွာ တည်ဆောက်လျက်ရှိပြီး သမီးနှစ်ဦးရရှိခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်းတွင် လင်မယားနှစ်ဦးဟာ အဆင်မပြေမှုတွေရှိလာခဲ့ပြီး မိသားစုဟာ ပျော်ရွင်မှုတွေကုန်ခမ်းလာခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် အမျိုးသားဟာ ဇနီးသည်နှင့် ကွာရှင်းပြတ်စဲခဲ့တာဖြစ်ပါတယ်။ထို့နောက် ကွာရှင်းပြီးလေးနှစ်အကြာတွင် ဇနီးသည်၏ မိခင် အသက်၇၇နှစ်ရှိသူနှင့် ချိန်းတွေ့မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။
ထို့နောက်တွင်တော့ အမျိုးသားဟာ ယောက္ခမဖြစ်သူနှင့် ပျော်ရွင်ဖွယ်အိမ်ထောင်ရေးလေးကို ပြန်လည်တည်ဆောက်နိုင်မည်ဟု မျှော်လင့်ကာ လက်ထပ်ခဲ့တာဖြစ်ပါတယ်။
Zawgyi
Leave a Reply