ဇနီးရဲ့ ယုံကြည်မှုကို ပြန်ရယူဖို့ ရင်ဘတ်ပေါ်မှာ တောင်းပန်စာတွေ တက်တူးအနေဖြစ့် ထိုးကာ သက်သေပြခဲ့တဲ့ အမျိုးသား
ဇနီးရဲ့ ယုံကြည်မှုကို ပြန်ရယူဖို့ ရင်ဘတ်ပေါ်မှာ တောင်းပန်စာတွေ တက်တူးအနေဖြစ့် ထိုးကာ သက်သေပြခဲ့တဲ့ အမျိုးသား
တက္ကဆက်ပြည်နယ်က Jose L. Torres အမည်ရှိ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးအပေါ် အလေးအနက်ထားကြောင်း သက်သေပြလိုပြီး ရင်ဘက်ပေါ်မှာ တည်မြဲစွာရှိနေနိုင်မဲ့ အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ တက်တူးကို ထိုးရန်ဆုံးဖြတ်ခဲ့ပါတယ်။ ဇနီးဖြစ်သူကို တောင်းပန်ခြင်း၊ ၀ န်ခံခြင်း အနေဖြင့် ရင်ဘက်ပေါ် တက်တူးထိုးတာဟာ ၎င်းအမျိုးသားက မိမိဆန္ဒနဲ့ တက်တူးထိုးခြင်းဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့ပါတယ်။
ထို့နောက် သူဟာ ၎င်းကို သူ့ဇနီးအပေါ် ပြန်လည်ပေးဆပ်ရန် နည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်နေတယ်လို့ ဆက်ပြောခဲ့ပါတယ်။ သူတို့ရဲ့အိမ်ထောင်ရေးဟာ နာကျင်မှု နဲ့ ဝေဒနာများခံစားခဲ့ရပြီးနောက် ဇနီးရဲ့ယုံကြည်မှုကို မရရှိတော့တာကြောင့် သက်သေပြရန် တောင်းပန်တဲ့စကားလုံးနဲ့ တက်တူးထိုးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သူ့ရဲ့ ရင်ဘက်ပေါ်တက်တူးမထိုးခင်ချိန်မှာလည်း တက်တူးဆရာက ထိုးမထိုးဆိုတဲ့မေးခွန်းကိုလည်း အကြိမ်ကြိမ်မေးနေခဲ့ပါတယ်။ သို့ပေမဲ့ Jorge က “ ကျွန်တော့်ဇန်ီးကို ကျွန်တော်ပြောင်းလဲသွားပြီ ဆိုတာကို သက်သေပြချင်တာကြောင့် ကျွန်တော်ထိုးဖို့ သေချာပါတယ်။ “ လို့ ပြန်ဖြေခဲ့ပါတယ်။
သူ့ရဲ့ Instagram စာမျက်နှာမှာ တက်တူးထိုးထားတဲ့ ဓာတ်ပုံကို တင်ပြီး မကြာမီမှာ သူ့ရဲ့လုပ်ရပ်ကြောင့် “ လှည့်စားခြင်း” နဲ့ “ မလေးစားခြင်း” စတဲ့ မှတ်ချက်များကို စတင်ရရှိခဲ့ပါတယ်။ နောက်ပြီး စာလုံးပေါင်းတွေကိုလည်း သေချာမှန်ကန်အောင်လုပ်ပါ ” ဆိုပြီး အခြားသူတွေလည်း မှတ်ချက်ပြုခဲ့ကြပါတယ်။ ဒီဓာတ်ပုံဟာ Instagram ၊ Reddit နဲ့ Twitter တို့မှာ လျင်မြန်စွာပျံ့နှံ့သွားပြီး အွန်လိုင်းပေါ်မှာအာရုံစူးစိုက်မှုတော်တော်များများ ရနေဆဲပါ။ နောက်ထပ်မှတ်ချက်လေးကတော့ “ Jorge ကသိပ်ကိုအရူးပဲ။” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။
Zawgyi
Be the first to comment
Leave a Reply
Your email address will not be published.
*