ဇနီးရဲ့ပညာပေး TikTok ဗီဒီယိုကို ကိုယ်တိုင်ရိုက်ပေးရင်း လည်ပင်းမှာ မှတ်စုစာရွက်ပါ ချိတ်ဆွဲထားပေးခဲ့တဲ့ အမျိုးသား

ဇနီးရဲ့ပညာပေး TikTok ဗီဒီယိုကို ကိုယ်တိုင်ရိုက်ပေးရင်း လည်ပင်းမှာ မှတ်စုစာရွက်ပါ ချိတ်ဆွဲထားပေးခဲ့တဲ့ အမျိုးသား

အင်ဒိုနီးရှားနိုင်ငံရှိ TikTok အသုံးပြုသူ Yayang Julita (@yayangjulitaaa) အမည်ရှိအမျိုးသမီးဟာ သူမမိဘများရဲ့ sweet ဖြစ်လွန်းတဲ့ဗီဒီယိုကို မကြာသေးခင်က မျှဝေခဲ့ပါတယ်။Yayang ရဲ့မိခင်ဟာ ဆရာမတစ်ယောက်ဖြစ်ပြီး ရံဖန်ရံခါ ပညာရေးဆိုင်ရာဗဟုသုတများကို TikTok မှာ ဗီဒီယိုများဖြင့် ပညာဒါနဖြည့်စွက်ပေးလေ့ရှိပါတယ်။

Yayang တင်လိုက်တဲ့အဆိုပါဗီဒီယိုမှာ သူမရဲ့မိခင်ဟာ လေထုရဲ့အဓိကအရေးပါမှု အကြောင်းအရာများနှင့်ဂုဏ်သတ္တိများဖြစ်တဲ့ သိပ္ပံဘာသာရပ်ကို သင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။မိခင်ဖြစ်သူဟာ သူမပြောချင်တာကို မမေ့သွားစေရန် မှတ်စုတစ်ခု ပြင်ဆင်ပြီး ဖုန်းကိုင်ရင်း ဗီဒီယိုရိုက်ပေးမဲ့သူမခင်ပွန်းရဲ့လည်ပင်းမှာ ဆွဲထားလိုက်ပါတယ်။

သို့မှသာ သူမကင်မရာရဲ့လမ်းကြောင်းကို ကြည့်ပြီး တစ်ချိန်တည်း ဖတ်နိုင်မှာ ဖြစ်ပါတယ်။ထို့အပြင် သူမရဲ့သင်ကြားမှုအတွက် သူ့မကိုကူညီပေးမဲ့ နောက်မှတ်စုတစ်ခုလည်း နံရံမှာ ထောင်ထားပါသေးတယ်။Yayang ရဲ့ဖခင်ဟာလည်း အလွန်ပရော်ဖက်ရှင်နယ်ကျပြီး ဖုန်းဖြင့် သူ့ဇနီးရဲ့သင်ကြားမှုများကို တိကျသေချာစွာဖြင့် မှတ်တမ်းတင်ထားပေးပါသေးတယ်။

အင်တာနက်အသုံးပြုသူများစွာက Yayang ရဲ့မိဘများဟာ လူငယ်တွေရဲ့ပညာရေးကို တစ်ထောင့်တစ်နေရာကနေ ကြိုးစားပြီး ထောက်ပံ့ပေးကြောင်း နှင့် အချို့ကမူ “ ဒီပုံရိပ်က ချစ်ခြင်းမေတ္တာရဲ့စစ်မှန်တဲ့ပုံရိပ်ဘဲ ” လို့ ဆိုထားပါတယ်။

အခြား netizens များကလည်း ဖခင်ဖြစ်သူရဲ့မျက်နှာအမူအရာကို အာရုံစိုက်ခဲ့ကြပြီး ၎င်းက “ ငါ ဘာတွေလုပ်နေတာလဲ ငါ ဘာလို့ ဒီမှာရှိနေတာလဲ ” လို့ စနောက်ခဲ့ကြပါသေးတယ်။၎င်းအဖြစ်အပျက်လေးက တကယ့်ကို sweet ဖြစ်လွန်းပါတယ်။Yayang ရဲ့ မိခင်ဖြစ်သူရဲ့ ကျောင်းသားတွေကလည်း ကျောင်းသားတွေအပေါ် စိတ်အားထက်သန်တဲ့ဆရာမကို ပိုင်ဆိုင်ထားရခြင်းက သူတို့အတွက် ဘယ်လောက်တောင်ကောင်းနေလိုက်မလဲဆိုတာကို သိကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*