ဇနီးနဲ့ အမြဲတူတူနေချင်တဲ့သဘောကို ပြရန်ဆိုပြီး နောက်ကျောမှာ သူမရဲ့ပုံတူတက်တူးကို ၂၄ နာရီအကြာ ထိုးခဲ့တဲ့ အမျိုးသား

ဇနီးနဲ့ အမြဲတူတူနေချင်တဲ့သဘောကို ပြရန်ဆိုပြီး နောက်ကျောမှာ သူမရဲ့ပုံတူတက်တူးကို ၂၄ နာရီအကြာ ထိုးခဲ့တဲ့ အမျိုးသား

အသက် ၂၂ နှစ်အရွယ် Truong Van Lam အမည်ရှိ အမျိုးသားတစ်ဦးဟာ ၂၄ နာရီနီးပါးကြာအောင် သူ့ရည်းစားဓာတ်ပုံကို နောက်ကျောမှာ ပုံစံတူ တက်တူးထိုးထားခဲ့ပါတယ်။ ရလဒ်မှာ အသက် ၂၀ အရွယ် Luong Kha Tran လို့ခေါ်တဲ့ သူ့ရည်းစားဓာတ်ပုံတစ်ပုံကို တက်တူးထိုးခဲ့တာပါ။ Luong Kha Tran ဟာ သူမခင်ပွန်းရဲ့နောက်ကျောပေါ်မှာ သူမရဲ့ပုံကို တက်တူး ထိုးထားဒါ မြင်တွေ့ရပြီးနောက် အလွန်အံ့အားသင့်ပြီး ပျော်ရွှင်သွားခဲ့ပါတယ်။

နောက်ပြီး သူမရဲ့ နာမည် နဲ့ မွေးနေ့ကိုပါ သူ့ရဲ့ရင်ဘတ်ပေါ်မှာ တက်တူးထိုးထားခဲ့ပါသေးတယ်။ “ ကျွန်တော့်ဇနီးကို အရမ်းချစ်တယ်၊ သူမ နဲ့ အမြဲတမ်းအတူတူ တကယ်ရှိချင်တယ်ဆိုတာကို ပြချင်လို့ ကျွန်တော်ကိုယ်တိုင်ဒီလိုလုပ်ခဲ့တာပါပဲ။ ဒီလိုထိုးတာ ကျွန်တော် နောင်တမရပါဘူး၊ လူတိုင်းမှာ သူတို့ရဲ့ ခံစားချက်တွေ နဲ့ အတွေးတွေကို ဖော်ပြတဲ့ ကိုယ်ပိုင်နည်းလမ်းဘဲဖြစ်တယ် ။

သူတစ်ပါးအပေါ်ကိုလည်း ပြဿနာ မဖြစ်စေခဲ့ပါဘူး” ဆိုပြီး Truong Van Lam က ပြောဆိုခဲ့ပါတယ်။ ဒီစုံတွဲနှစ်ဦးဟာ လာမဲ့လကျရင် လက်ထပ်ဖို့ စီစဉ်ထားပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*