
ဇနီးနဲ့သားကို ထောက်ပံ့ရန် အသက်ကြီးရင့်နေပေမဲ့ ဖိနပ်ချုပ်စားနေသေးတဲ့ အဘိုးအို
Netizen အမျိုးသမီးတစ်ဦးက Holland ကျေးရွာ MRT အနီးရှိ အရိပ်ထဲမှာ ဖိနပ်ချုပ်စားနေတဲ့ သက်ကြီးအဘိုးအိုကို တွေ့ရှိခဲ့ပါတယ် ။ အသက် ၇၀ ၀ န်းကျင်ရှိတဲ့ အဘိုးအိုတစ်ဦးဟာ သူ့ဇနီးနဲ့ သားကို ထောက်ပံ့ဖို့အတွက် အသက်အရွယ်ကြီးရင့်သော်လည်း ဖိနပ်ပြင်ခြင်းအလုပ်ကိုလုပ်ကိုင်နေခဲ့ရပါတယ် ။
Holland ကျေးရွာရှိ ထိုသက်ကြီးရွယ်အိုများဆိုင်ရာ အကြောင်းဖတ်ခဲ့ရပြီး Netizen တွေက အဘိုးရဲ့ စီးပွားရေးလုပ်ငန်းကိုရှာဖွေရန်နဲ့ ထောက်ပံ့ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ဒါ့ကြောင့် netizen အမျိုးသမီးတစ်ဦးက သူမရဲ့ ဒေါက်ဖိနပ်အပျက်ကို ယူဆောင်လာပြီး အဘိုးဆီကို လာပြင်ခဲ့ရာ အဘိုးက တုန်နေတဲ့ လက်တွေနဲ့ ဓားတစ်လက်ကိုကိုင်ပြီး ဖိနပ်ပြင်နေတာကို သတိပြုမိခဲ့ပါတယ် ။ စီးပွားရေးလုပ်ငန်းကို စတင်ဖွင့်လှစ်တာ ကြာပြီလားလို့ ထိုအမျိုးသမီးက ဖိနပ်ချုပ်သမား အဘိုးအိုကို မေးမြန်းခဲ့တဲ့အခါမှာ တရုတ်စကားနဲ့ “ အနည်းငယ်” လို့ ဖြေခဲ့ပါတယ် ။
အဘိုးအိုက ဒေါက်မြင့်တရံကို ပြုပြင်ပြီးတာနဲ့ netizen က မထွက်သွားခင် အရိပ်ထဲက အဘိုးကို လှည့်ကြည့်ခဲ့လိုက်သေးပါတယ် ။ လူတိုင်းအတွက်အခက်အခဲများစွာရှိသော်လည်း လူတချို့က ကျွန်တော်တို့ထက် ပိုပြီး ခက်ခဲတယ်ဆိုတာ နာလည်းသဘောပေါက်မိပါတယ် ။
Zawgyi
Leave a Reply