ဇနီးထက်သာလွန်တဲ့ pose တွေပေးပြီး သတို့သမီးလောင်းအဖြစ် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ သတို့သား

ဇနီးထက်သာလွန်တဲ့ pose တွေပေးပြီး သတို့သမီးလောင်းအဖြစ် ဓာတ်ပုံရိုက်ကူးခဲ့တဲ့ သတို့သား

မင်္ဂလာဆောင်ပွဲတစ်ခုမှာ အထူးခြားဆုံးဖြစ်အောင် စုံတွဲတွေက ဖန်တီးမှုဆိုင်ရာအတွေးအခေါ်များကို တီထွင်လိုကြပါတယ်။ ဇနီးမောင်နှံ Sarah“ Sah” Jimenez နဲ့ Ronnel Binuya တို့အတွက် သူတို့ရဲ့ တီထွင်ဖန်တီးမှုဟာ သူတို့ရဲ့ မင်္ဂလာဆောင်ပွဲဓာတ်ပုံကို ထူးခြားမှုရှိအောင် သရုပ်ဆောင်ခဲ့ပါတယ်။

Binuya ဆိုတဲ့ သတို့သားဟာ မင်္ဂလာဆောင်ဓာတ်ပုံရိုက်စဉ် သူ့ရဲ့ဇနီးထက် ပိုကောင်းအောင်ဆိုပြီး Jimenez အစား သတို့သားက သတို့သမီးအဖြင့် ဝတ်စားဆင်ယင်ခဲ့ပါတယ်။ Jimenez လို့ခေါ်တဲ့ သတို့သမီးဟာ ဇွန်လ ၁၀ ရက်နေ့မှာ သူမသတို့သားရဲ့ ဓါတ်ပုံများကို အင်တာနက်သုံးသူများ နဲ့ အခြားစုံတွဲတွေအတွက် ပျော်ရွှင်မှုကို ရဖို့ Facebook ပေါ် မျှဝေပေးခဲ့ပါတယ်။ သူမရဲ့အဆိုအရ” photoshoot သတို့သမီးဖြစ်ရန် သူမခင်ပွန်းရဲ့ စိတ်ကူးအိပ်မက်ပါ” ဆိုပြီး ပြောထားပါတယ်။

Jimenez က သူမခင်ပွန်းဟာ ကံကောင်းခြင်း နဲ့ ပတ်သက်လာရင် သူမထက်ပိုသာတယ်လို့ ပြက်ရယ်ပြုပြောဆိုခဲ့ပါတယ်။ ဆိုလိုရင်းအဓိပ္ပာယ်က ” သူမတင်ဆက်ခြင်းထက် ခင်ပွန်းဖြစ်သူကသာ ပိုကောင်းတယ်” လို့ ဆိုလိုပါတယ်။

သူတို့ဇနီးမောင်နှံနှစ်ဦးဟာ အခြားသောစုံတွဲတွေ လာမည့်မင်္ဂလာဆောင်ပွဲအတွက် လှုံ့ဆော်မှုအနေဖြင့် Jimenez နဲ့ Binuya ရဲ့မင်္ဂလာဆောင်ပွဲကို ဗီဒီယိုနဲ့ YouTube မှာတွေ့မြင်တွေ့နိုင်ပါတယ်။ ယခုဗီဒီယိုမှာ Binuya က သတို့သမီးအနေဖြင့်သရုပ်ဆောင်ထားတဲ့ ဓာတ်ပုံကို နောက်ကွယ်ကအဖြစ်အပျက်ကိုလည်း ပြသထားပါတယ်။ မင်္ဂလာဆောင်ပွဲဟာ ကျွန်တော်တို့အတွက် တစ်သက်မှာ တစ်ခါသာပြုလုပ်ရဒါကြောင့် စုံတွဲတွေက တစ်သက်တာအမှတ်တရဖြစ်အောင် ဓာတ်ပုံရိုက်ကူးထားချင်ကြတာဟာ မထူးဆန်းပါဘူး။

Zawgyi






 

Be the first to comment

Leave a Reply

Your email address will not be published.


*