ဇနီးက ငွေထပ်မံတောင်းခံခြင်းမပြုလုပ်ဖို့ ရောဂါမျိုးစုံနဲ့ သေဆုံးသွားပြီ ဆိုပြီး ဇနီးဆီကို ဓာတ်ပုံရိုက်ပို့ခဲ့တဲ့ အမျိုးသား

ဇနီးက ငွေထပ်မံတောင်းခံခြင်းမပြုလုပ်ဖို့ ရောဂါမျိုးစုံနဲ့ သေဆုံးသွားပြီ ဆိုပြီး ဇနီးဆီကို ဓာတ်ပုံရိုက်ပို့ခဲ့တဲ့ အမျိုးသား

ယူနိုက်တက်စတိတ်က အသက် ၂၇ နှစ်အရွယ် ဒန်နီဂွန်ဇာလက်ဇ် လို့ခေါ်တဲ့ ဟွန်ဒူးရပ်စ်အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးကို ငွေထပ်မံတောင်းခံနေမှု ရပ်တန့်ရန် သူဆုံးသွားပြီဆိုပြီး ဇနီးဖြစ်သူကို လိမ်လည်ခဲ့ပါတယ်။ Gonzales ဟာ လွန်ခဲ့တဲ့ ၂ နှစ်က သူတို့လက်ထပ်ပြီးတာနဲ့ သူ့ရဲ့ဇနီးဟာ သူမအတွက်ငွေများစွာသာ ပို့ပေးခဲ့ပြီး သူမထံများစွာပို့ပေးရန် အပတ်တိုင်းသူ့ဆီကို ဖုန်းဆက်‌လာကြောင်းကို သတင်းထောက်များဆီမှာ ပြောကြားခဲ့ပ်တယ်။

အကြိမ်ပေါင်းများစွာ သည်မခံနိုင်လောက်အောင်များလွန်းသဖြင့် Gonzales က သူမကိုရပ်တန့်စေရန် ကြံရာမရ ဖြစ်နေခဲ့ပါတယ်။ ထိုသူဟာ သူ့ရဲ့ဇနီးအား သူသေပြီဆိုပြီး ထင်မြင်စေရန် လှည့်စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူဟာ အိပ်ရာပေါ်မှာ သူ့ရဲ့နှာခေါင်း နဲ့ ပါးစပ်ကို စာရွက်စတွေထိုးထည့်ပြီး သူကိုယ်တိုင်ဓာတ်ပုံတွေ ပို့ခဲ့ပါတယ်။ ဓာတ်ပုံတွေ နဲ့အတူ မက်ဆေ့ခ်ျတစ်ခုမှာ သူဟာ ကင်ဆာရောဂါ နဲ့ ပန်းနာရင်ကျပ်ရောဂါပေါင်းစပ်မှုကြောင့် သေဆုံးသွားကြောင်းကို ဇနီးအား အသိပေးခဲ့ပါတယ်။

ယူအက်စ်မှာ အလုပ်လုပ်နေတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ဇနီးကို ဟွန်ဒူးရပ်စ်ရှိ ဒေသခံရုပ်မြင်သံကြားဌာနမှာဓါတ်ပုံများကို ပြသခဲ့ပါတယ်။သူ့ရဲ့ ဆွေမျိုးသားချင်းတွေ အားလုံးဟာလည်း မကြာမီ သူ့ရဲ့သေဆုံးမှုအကြောင်း ကြားခဲ့ကြပြီး သူ့အမေအပါအဝင် အချို့မှာစိတ်ပျက်လက်ပျက်ဖြစ်ခဲ့ကြပေမဲ့လည်း အခြားသူများကမူ ဓါတ်ပုံများကို အနီးကပ်ကြည့်ပြီး အချို့လူက ပြုံးနေကြပြီး ၎င်းဟာ သူ့ရဲ့ကိုယ်ခန္ဓာကို ခေါင်းအုံးနဲ့ ဖုံးထားပြီး နှာခေါင်းကို စာရွက်အဖြူနဲ့သာ ထိုးထည့်ထာတာပါ။

ဓာတ်ပုံများက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့သွားပြီး Gonzales ဟာ သူသေဆုံးခြင်းကို မှားယွင်းစွာ ကျူးလွန်ခဲ့တယ် လို့ သံသယများစွာ ထွက်ပေါ်လာသည်နှင့်အမျှ ဒေသခံမီဒီယာတွေက စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ Gonzales သက်ရှိထင်ရှားရှိသေးကြောင်း သိရှိရန် မကြာသေးခင်ကဘဲ သူဟာ သူဇနီးကို အထင်မှာစေချင်တာပါလို့ ချက်ချင်းဝန်ခံခဲ့ပါတယ်။ “ ကျွန်တော့်ဇနီးက သူ့ဆီ ပိုက်ဆံပို့ဖို့ အပတ်တိုင်းဖုန်းဆက်လာတယ်။

ပြီးတော့ သူမကိုအများကြီးပို့ပေးရမယ် တဲ့ ကျွန်တော်အရမ်းစိတ်ညစ်လို့ ခုလို့ပုံစံမျိုးနဲ့ကြံမိတာပါ။” ​​ဆိုပြီး သူက HCH မှာ ပြောကြားခဲ့ပါတယ်။ သူ့မိသားစုဝင်အချို့က သူဟာမိဘများအား သူသေပြီလို့ထင်နေတဲ့နာကျင်မှုဝေဒနာကို ခံစားနေရတဲ့အတွက်“ ကျေးဇူးကန်းတဲ့သား” အဖြစ် စွပ်စွဲခံရပါသေးတယ်။ သူ့အဖြစ်ကလည်း သနားမိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*