
ဆွဲဆောင်မှုရှိလွန်းတဲ့ မိန်းကလေးဝတ်စုံတွေနဲ့ စားပွဲထိုးတွေကြောင့် ရောင်းအားကောင်းနေတဲ့ စားသောက်ဆိုင်(ရုပ်သံ)
Staneemeehoi (Shell Station) စားသောက်ဆိုင်ဟာ ဘန်ကောက်မြို့ရဲ့ ပင်လယ်စာ စားသောက်ဆိုင်များစွာအနက်မှ တစ်ခု ဖြစ်ပါတယ်။ Shell Station ဆိုတဲ့ ဆိုင်နာမည်အတိုင်း ၎င်းဟာ ခရုတွေကို အထူးပြုထားပါတယ်။ TripAdvisor နဲ့ Facebook ပေါ်က ရာနဲ့ ချီတဲ့ ပြန်လည်သုံးသပ်ခြင်းများအရ ၎င်းနေရာမှာ အလွန်အရသာရှိတဲ့ ဟင်းလျာများ နဲ့ ထူးခြားတဲ့ ဝန်ဆောင်မှုကြောင့် ကျော်ကြားနေတယ်လို့ သိရပါတယ်။ ၎င်းစားသောက်ဆိုင်ဟာ ခန္ဓာကိုယ် ကြွက်သားတွေ နဲ့ လူငယ်အဖွဲ့တစ်ဖွဲ့ကို ဝန်ထမ်းအဖြစ်ခန့်အပ်ထားပြီး ဧည့်သည်တွေကို ဝန်ဆောင်မှုပေးနေတာပါ။ ၎င်းအမျိုးသားတွေက မိန်းကလေးအမှုအရာများ နဲ့ ဧည့်ခံကြိုဆိုနေကြတာပါ။
၃၄ နှစ်အရွယ် Veerasak Maesa လို့ခေါ်တဲ့ Staneemeehoi ဆိုင်ပိုင်ရှင်ဟာ ခန့်ချောတဲ့ waiter ကောင်လေးတွေရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ သူဟာ အမျိုးသားမော်ဒယ်လ်အဖြစ် လုပ်ကိုင်ခဲ့ဖူးပေမဲ့လည်း အသက်ကြီးလာသည်နှင့်အမျှ သူ့ရဲ့ ကိုယ်ပိုင်စီးပွားရေးကို ဖွင့်လှစ်ရန် စဉ်းစားခဲ့ပါတယ်။
သူ့က အစမှာ ကဖေးတစ်ခုဖွင့်ရန် ဖြစ်ပါတယ်။ သို့ပေမဲ့ တစ်နေ့တော့ ဘန်ကောက်မြို့က စားသောက်ဆိုင်တစ်ခုမှာ အစာစားနေစဉ် သူဟာ အိုးတလုံးအချို့နဲ့ မီးဖိုများသာ လိုအပ်တဲ့ ခရုစားသောက်ဆိုင်ကို ဖွင့်ဖို့ သဘောပေါက်မိခဲ့ပါတယ်။
Veerasak က သူဟာ Staneemeehoi ဆိုတဲ့ဆိုင်နာမည်ကို ပေးခဲ့ပြီး ရလူငယ်မန်နေဂျာက ဟင်းပွဲများ နဲ့ ဝက်အူချောင်းတွေကို မှန်ကန်စွာ ရရှိခြင်းက အစပိုင်းမှာ ခက်ခဲကြောင်း ဝန်ခံခဲ့ပါတယ်။ သို့ပေမဲ့ အလွန်ကောင်းမွန်တဲ့ ထမင်းချက်သူဖြစ်တဲ့ သူ့သူငယ်ချင်းမိခင်တစ်ဦး ရဲ့ကျေးဇူးကြောင့် အရာအားလုံး အဆင်ပြေလာခဲ့ပါတယ်။
ဘန်ကောက်မြို့က အလွန်ကောင်းတဲ့ shellfish စားသောက်ဆိုင်တွေ များစွာရှိပါတယ်။ Veerasak ဟာ သူ့ရဲ့အစားအစာ ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ သူ့ရဲ့ ပြိုင်ဘက်တွေထက် ရောင်းကောင်းရန် အရောင်းသည် များစွာလိုအပ်နေသေးတာကို သိခဲ့ပါတယ်။
ဒါကြောင့် သူက သူ့သူငယ်ချင်းအချို့ကို ခေါ်ပြီးသူနဲ့ ပူးပေါင်းဖို့ တောင်းဆိုလိုက်တော့ သူငယ်ချင်းအချို့တွေက ရောင်းအားကောင်းအောင် အကောင်းဆုံးနည်းက မိန်းကလေးလို့ဝတ်ဆင်ရန် နဲ့ သူတို့ရဲ့ ကြွက်သားကိုယ်ထည်ကို ပေါ်စေမယ့် skimpy အမျိုးသမီးဝတ်စုံများကို ဝတ်ရန် သူတို့ဆုံးဖြတ်ခဲ့ကြပါတယ်။
အဲ့ဒီအချိန်မှာဘဲ လူတွေက သူတို့ရဲ့ စားသောက်ဆိုင်ကိုစိတ်ဝင်စားလာပြီး နှုညံ့ပျော့ပျောင်းတဲ့ စားပွဲထိုးကောင်လေးတွေနဲ့အတူ ဓါတ်ပုံရိုက်ကာ အွန်လိုင်းပေါ်တင်ပြခြင်းဖြင့် ပျံ့နှံ့သွားပြီး Staneemeehoi စားသောက်ဆိုင်ဟာ ကျော်ကြားမှုများစွာ ရရှိခဲ့တာပါ။ အကယ်လို့ သင်ဟာ ဘန်ကောက်မြို့ရဲ့ ညစာ နဲ့ ပြပွဲကို ရှာဖွေနေတယ်ဆိုရင် Staneemeehoi စားသောက်ဆိုင်သာ သွားရောက်စားသောက်လိုက်ပါ။
Leave a Reply