
ဆွေမျိုးများထံ သွားလည်မည်ဟုဆိုကာ ပျောက်ဆုံးသွားခဲ့ပြီး ချစ်သူကောင်လေး၏ အခန်းထဲတွင် အခန်းပြင်မထွက်ဘဲ ဆယ်နှစ်ကျော်ကြာ သွားနေခဲ့သည့်ကောင်မလေး
ယခုဖြစ်ပျက်ခဲ့သည့် အချစ်ဇာတ်လမ်းလေးဟာ အိန္ဒိယနိုင်ငံတွင် ဖြစ်ပျက်ခဲ့သော အကြောင်းအရာလေးတစ်ခုဖြစ်ပါတယ်။ဒီအချစ်ဇာတ်လမ်းလေးကို ပြန်ပြောရမည်ဆိုလျှင် လွန်ခဲ့သော ဆယ်နှစ် ၂၀၁၀ခုနှစ်ကို ပြန်သွားဖို့တော့ လိုအပ်နေခဲ့ပါတယ်။
လွန်ခဲ့သော ၂၀၁၀ခုနှစ်တွင် အသက်၁၈နှစ်အရွယ်ရှိ Sajithaဆိုသည့်ကောင်မလေးဟာ အသက်၂၄နှစ်အရွယ်ကောင်လေးတစ်ဦးနှင့် ချစ်ကြိုက်မိခဲ့ပါတယ်။မိဘများက သိရှိသွားခဲ့ပြီး သဘောမတူကြောင်းနှင့် လမ်းခွဲရန်ပြောဆိုစေခိုင်းပါတော့တယ်။ထိုအခါကောင်မလေးဟာ လမ်းမခွဲနိုင်သဖြင့် မိဘများကို ဆွေးမျိုးများထံ သွားလည်မည်ဟုဆိုကာ ထွက်သွားခဲ့ပြီး ပျောက်ဆုံးသွားခဲ့ပါတယ်။
မိဘများက ရဲစခန်းကို လူပျောက်တိုင်ချက်ဖွင့်ခဲ့သော်လည်း လုံးဝစုံးစမ်းမရသဖြင့် အချိန်ကြာလာသောအခါ သေဆုံးပြီဟု ယူဆခဲ့ကြပါတယ်။အမှန်တကယ်မှာ ကောင်မလေးဟာ ၂၀၁၀ခုနှစ်မှ ယခု၂၀၂၁ခုနှစ်အထိကို ချစ်သူကောင်လေး၏ အခန်းထဲတွင် နေထိုင်ခဲ့ပြီး လုံးဝအပြင်ထွက်ခြင်းမရှိဘဲ နေနေခဲ့တာလို့သိခဲ့ရပါတယ်။
Leave a Reply