ဆွေမျိုးနဲ့သူငယ်ချင်းတွေထံမှ ရစရာရှိတဲ့ကြွေးမြီ ၆၁ သိန်းကို ပြန်မယူတော့ဘဲ ပယ်ဖျက်ပေးခဲ့တဲ့ အမျိုးသား

ဆွေမျိုးနဲ့သူငယ်ချင်းတွေထံမှ ရစရာရှိတဲ့ကြွေးမြီ ၆၁ သိန်းကို ပြန်မယူတော့ဘဲ ပယ်ဖျက်ပေးခဲ့တဲ့ အမျိုးသား

သင့်ရဲ့သူငယ်ချင်းနှင့် ဆွေမျိုးများက သင့်ထံ ပိုက်ဆံအကြွေးတင်နေခဲ့ရင် သင်ကဘဲ အကြွေးမတောင်းတော့ဘဲ ရေလျှောပေးလိုကိတဲ့အဖြစ်မျိုးတွေ ရှိဖူးပါသလား။သို့ပေမဲ့ မကြားသေးခင်က အသက် ၃၂နှစ်အရွယ် Nguyen Van Minh အမည်ရှိအမျိုးသားဟာ သူ့စိတ်အလိုတော်အတိုင်း ပြုလုပ်ခဲ့ပြီး ပထမဆုံးအနေနဲ့ သူဟာ သူ့မိသားစုနှင့်သူငယ်ချင်းများရဲ့အကြွေးအားလုံးကို ပယ်ဖျက်ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။

“ စုစုပေါင်း ကြွေးမြီပမာဏက VND သန်း ၁၀၀ ( မြန်မာငွေ ၆၁ သိန်းကျော်) ရှိတယ် ၊ သူတို့က လွန်ခဲ့တဲ့နှစ်များစွာကတည်းက ချေးယူခဲ့ကြပေမဲ့ အခုထိ မဆပ်နိုင်ကြသေးဘူး ၊ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်က အကြွေးယူထားတဲ့သူတွေအားလုံးကို ကြွေးမြီတွေ ပယ်ဖျက်ပေးမယ်လို့ ကြေငြာခဲ့တယ် ၊ ဒါမှ သူတို့လည်း အခုလို ကာလအတွင်း စိတ်ဖိစီးမှုတွေ တိုးလာမှာမဟုတ်ဘူး ” လို့ Nguyen က VNExpress သို့ ပြောကြားခဲ့ပါတယ်။

Nguyen ရဲ့၎င်းကြေငြာချက်ဟာ ရှုပ်ထွေးမှုများစွာဖြစ်စေခဲ့ပြီး သူ့ရဲ့ဆွေမျိုးတစ်ဦးက Nguyen ဟာ အကြွေးပြန်လိုချင်နေပြီး ရန်လိုနေတယ်လို့ထင်မြင်ခဲ့ရာ မကြာမီပြန်ပေးဆပ်မည်ဟု သူ့အား ကတိပေးခဲ့ပါတယ်။ သို့ပေမဲ့ Nguyen က နားလည်မှုလွှမှားနေခြင်းဖြစ်ကြောင်းကို သူတို့အားလုံးအား သေချာစိတ်ရှည်စွာ ရှင်းပြခဲ့ရပါတယ်။ထို့အပြင် Nguyen က သူဟာ သူ့မွေးချင်းများထပ် ငွေရေးကြေးရေးအဆင်ပြေတဲ့အခြေအနေမှာရှိနေတာကြောင့် မိဘများရဲ့အမွေ( အိမ်ဟောင်း နှင့် ၂၀၀၀ စတုရန်းဧရိယာရှိတဲ့လယ်ယာမြေ)တို့မှ မည့်သည့်အပိုင်းကိုမျှ မလိုချင်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဖေနှင့် ဦးလေးဖြစ်သူတို့ရဲ့ အမွေဆက်ခံရဖို့အတွက် အချင်းချင်း တိုက်ခိုက်ကြတာကို မြင်ခဲ့ဖူးတာကြောင့် သူဟာ ၎င်းကဲ့သို့သော ဖြစ်ရပ်များကို ထပ်ခါတလဲလဲ ပြန်မကြုံချင်တော့ကြောင်း ထပ်မံပြောဆိုခဲ့ပါတယ်။ Nguyen ရဲ့ငွေစုဟာ သူ့ပတ်ဝန်းကျင်ရှိသူများကို ကူညီရန် နှင့် မိခင်ဖြစ်သူရဲ့လောင်းကစားအကြွေးကို ဆပ်ရန်အတွက် အသုံးပြုတာကြောင့် သူ့မှာ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေ မရှိပါဘူး။ဇနီးဖြစ်သူကလည်း ရုံးဝန်ထမ်းတစ်ဦး ဖြစ်ပြီး အလွတ်တန်း ဘာသာပြန်သူတစ်ဦးဖြစ်ပါတယ်။

ကူးစက်ရောဂါကာလအတွင်း အိမ်မှအလုပ်လုပ်ရင်း ၂ နှစ်အရွယ် သားလေးကိုပါ ဂရုစိုက်ပေးနိုင်ခဲ့လို့ ဝမ်းသာနေခဲ့ပါသေးတယ်။ Nguyen ဟာ ဇနီးဖြစ်သူအား သူ့ရဲ့အကြွေးကိစ္စနှင့်ပတ်သက်ပြီး တိုင်ပင်တော့ ဇနီးဖြစ်သူက Nguyen ဟာ လေးမြတ်တဲ့စိတ်ထားပိုင်ဆိုင်ထားသူမို့ သူမဟာ နည်းနည်းလေးမှတောင် မအံ့ဩသွားခဲ့ပါဘူး။ Nguyen အသက် ၃၀ ကျော်နေချိန်မှာ သူဟာ အမွေ နှင့် အကြွေးကိစ္စကို ယခုကဲ့သို့ အမြန်ဆုံးပြုလုပ်နိုင်ဖို့ကို စိတ်အားထက်သန်နေခဲ့ပါတယ်။ထို့ကြောင့် Nguyen ရဲ့မိသားစုဟာ အမြဲကောင်းချီးခံစားရလိမ့်မယ်လို့ မျှော်လင့်ဆုတောင်းမိပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*