ဆံသဆရာက ရုပ်ဆိုးပြီးမလိုက်မဖက်တဲ့ ဆံပင်ပုံစံမျိုးညှပ်ပေးခဲ့လို့ ရဲခေါ်ပြီးတိုင်ကြားခဲ့တဲ့ 10 နှစ်သားအရွယ်ကောင်လေး

ဆံသဆရာက ရုပ်ဆိုးပြီးမလိုက်မဖက်တဲ့ ဆံပင်ပုံစံမျိုးညှပ်ပေးခဲ့လို့ ရဲခေါ်ပြီးတိုင်ကြားခဲ့တဲ့ 10 နှစ်သားအရွယ်ကောင်လေး

ဆံပင်ညှပ်ဆိုင်က ညှပ်လာပေးတဲ့ဆံပင်ပုံစံကြောင့် အဆင်မပြေမှုတွေကြုံတွေ့ရတဲ့သူပေါင်း မနည်းပါဘူး ။ သို့ပေမဲ့လည်း ဆံပင်က ပြန်ရှည်လာမှာပဲလေ ဆိုပြီး စိတ်ဆိုးဒေါသကို ပြန်ဖြေလျော့နေကြရတာပါ ။ သို့ပေမဲ့လည်း တရုတ်နိုင်ငံက 10 နှစ်သားအရွယ် ကောင်လေးကတော့ စိတ်မဖြေနိုင်ခဲ့ပါဘူး ။

ကောင်လေးဟာ ဆံသဆရာညှပ်ပေးလိုက်တဲ့ဆံပင်ပုံစံကို လုံးဝစိတ်တိုင်းမကျဘဲ စိတ်ဆိုးလွန်းလို့ ရဲခေါ်ပြီးတိုင်ကြားခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ရဲ့ video နဲ့ ဓာတ်ပုံတွေဟာ Weibo နဲ့ တရုတ်နိုင်ငံရဲ့ Twitter စာမျက်နှာတွေပေါ်မှာ အတော်လေးကို ပျံ့နှံ့လျက်ရှိနေပါတယ် ။

Video ထဲမှာတော့ ကောင်လေးဟာ စိတ်မကျေနပ်တဲ့ပုံစံနဲ့ မှန်ကို အကြိမ်ပေါင်းများစွာကြည့်နေခဲ့ပြီး ၊ သူ့ရဲ့ခေါင်းကိုကိုင်ကာ အော်ဟစ်ငိုကြွေးရင်း နောက်ဆုံး ရဲတိုင်ကြားခဲ့တာဖြစ်ပါတယ် ။ ရဲအရာရှိတွေ ရောက်ရှိလာချိန်မှာတော့ အဖြစ်အပျက်အကြောင်းအရာကို သိရှိသွားခဲ့ပြီး ကောင်လေးရဲ့အစ်မဖြစ်သူအား ဆံသဆရာနဲ့သာ ပြသာနာဖြေရှင်းဖို့ပြောဆိုခဲ့ပါတယ် ။

အစ်မဖြစ်သူကလည်း မောင်လေးဖြစ်သူကို ဆုံးမဖို့ ရဲအရါရှိတွေကိုကတိပေးခဲ့ရတဲ့အပြင် နောက်နောင်ယခုလိုသာမှန်ကိစ္စရပ်မျိုးနဲ့ ရဲအရာရှိတွေအားမတိုင်ကြားဘဲ မိဘတွေထံအရင်ပြောအောင် မောင်လေးဖြစ်သူကိုလည်း ရဲအရာရှိတွေမပြန်ခင် အကြံပေးခဲ့ပါတယ် ။

အဆိုပါ video ဟာ အင်တာနက်ပေါ်မှာအတော်လေးပျံ့နှံ့သွားခဲ့ပြီး လူအတော်အများက ‘ လူအချို့က ဆံသဆရာတွေအပေါ် ပြန်လုပ်ချင်ခဲ့တဲ့အရာကို ကောင်လေးက လုပ်ပေးခဲ့တာပဲ ‘ ဆိုပြီး မှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*