
ဆံပင်ညှပ်ရန်အတွက် ဘယ်နေရာ ဘယ်လိုညှပ်ရမည်ဆိုတာကို အတိအကျဒီဇိုင်းဆွဲထားသည့် စာရွက်ကိုပေးပြီး ဆံပင်ညှပ်ဆရာကို ညှပ်ခိုင်းခဲ့သည့် အဘိုးအို
ဆံပင်ဆိုသည်မှာလည်း လူသားတို့၏ အလှအပရေးရာအတွက် ဒုတိယမျက်နှာဟုပင်ခေါ်ဝေါ်ရလောက်သည်အထိ အလွန်အရေးပါသော အရာတစ်ခုဖြစ်ပေသည်။ကမ္ဘာပေါ်ရှိလူသားတိုင်းဟာ ဆံပင်များကို ပြုပြင်ထိန်းသိမ်းကြပြီး မိမိတို့၏အလှများကို ပိုမိုပေါ်လွန်စေရန် ကြိုးစားလာတတ်ကြပေသည်။
ထို့ကြောင့် ဆံပင်ပြုပြင်ပြီး ညှပ်ရာတွင်လည်း ၉၀ရာခိုင်နှုန်းသော လူတို့သည် စိတ်ကျေနပ်မှုမရှိသည်ကို တွေ့ရပါတယ်။ယခုတွင်လည်း အဖိုးအိုတစ်ဦးဟာ ဆံပင်ညှပ်ရာတွင် စိတ်မကျေနပ်မှုအတော်များလာခဲ့ပုံရပါတယ်။ထို့ကြောင့် ဆံပင်ညှပ်ဆရာကို ညှပ်ပေးရမည့်ပုံစံအား ဘယ်နေရာတွင် အရှည်ဘယ်လောက်ညှပ်ရမည်ဆိုတာကို အတိအကျဖြစ်စေရန် ပုံစံရေးဆွဲပေးခဲ့ပါတယ်။
အဖိုးအိုဟာ ဆံပင်ပုံစံဒီဇိုင်းကို စာရွက်လေးဖြင့် သေချစွာဆွဲလာခဲ့တာဖြစ်ပါတယ်။
Leave a Reply