ဆံပင်ညှပ်ခြင်းနှင့် အလှပြင်ခမှာ ယွမ် ၂.၅သန်း အကြွေးတင်နေသည်ကို သိရှိသွားသော ခင်ပွန်းမှ စိတ်ဆိုးကာ ဇနီးဖြစ်သူအားကွာရှင်းပစ်ခဲ့

ဆံပင်ညှပ်ခြင်းနှင့် အလှပြင်ခမှာ ယွမ် ၂.၅သန်း အကြွေးတင်နေသည်ကို သိရှိသွားသော ခင်ပွန်းမှ စိတ်ဆိုးကာ ဇနီးဖြစ်သူအားကွာရှင်းပစ်ခဲ့

မိန်းကလေးများသည် အသက်ကြီး အသက်ငယ် မရွေးပဲ အိမ်ထောင်သည် အပျိုလေး မခွဲခြားပဲ အလှအပနှင့် ပက်သက်ပြီး မက်မောကြသည်။

ယခုအခါတွင်လည်း တရုတ်နိုင်ငံ Zhejiang ပြည်နယ်ရှိ Hangzhouမြို့တွင် နေထိုင်သော မိန်းကလေးသည် အိမ်ထောင်သည်ဖြစ်ပြီးသော်လည်း လှချင်သေး၍ အိမ်ဘေးရှိ ဆံပင်ညှပ်ဆိုင်တွင် မကြာခဏ ဆံပင်လေးညှပ်လိုက် အလှလေးပြင်လိုက် skinကဲလိုက်နှင့် လုပ်ဆောင်လေ့ရှိသည်။

မိန်းကလေးသည် ချမ်းသာသော အသိုင်းအဝန်းကမဟုတ်သော်လည်း ထိုဆိုင်တွင် ၁၀နှစ်နီးပါး ပြင်ခဲ့ရင်း VIPကဒ်ရရှိကာ အထူးလျှော့ဈေးများလည်း ရရှိထား၍ အလှပြုပြင်ခမှာ ပေးတလှည့် မပေးတလှည့်နှင့် အကြွေးတင်လာတော့သည်။ထို့နောက် ဆံပင်ညှပ်ဆိုင်မှလည်း များနေပြီဖြစ်၍ အကြွေးအားပြန်ဆပ်ရန် ပြောဆိုသောအခါ ပေးချေမှုမှတ်တမ်းအား ပြန်ကြည့်ခဲ့ရာ ယွမ် ၂.၅သန်း ကျန်နေသေးသည်။

ထို့ကြောင့် မိန်းကလေးလည်း ခင်ပွန်းဖြစ်သူစုဆောင်းထားသော ငွေများနှင့် အကြွေးဆပ်ခဲ့ရာ ခင်ပွန်းသည် သိရှိပြီးနောက် အလွန်စိတ်ဆိုး ဒေါသထွက်ပြီးနောက် နေ့တိုင်းနီးပါး ရန်ဖြစ်စကားများပြီး ကွာရှင်းရန် ပြောဆိုခဲ့သည်။

Zawgyi

ဆံပင္ညႇပ္ျခင္းႏွင့္ အလွျပင္ခမွာ ယြမ္ ၂.၅သန္း အေႂကြးတင္ေနသည္ကို သိရွိသြားေသာ ခင္ပြန္းမွ စိတ္ဆိုးကာ ဇနီးျဖစ္သူအားကြာရွင္းပစ္ခဲ့

မိန္းကေလးမ်ားသည္ အသက္ႀကီး အသက္ငယ္ မေ႐ြးပဲ အိမ္ေထာင္သည္ အပ်ိဳေလး မခြဲျခားပဲ အလွအပႏွင့္ ပက္သက္ၿပီး မက္ေမာၾကသည္။

ယခုအခါတြင္လည္း တ႐ုတ္ႏိုင္ငံ Zhejiang ျပည္နယ္ရွိ Hangzhouၿမိဳ႕တြင္ ေနထိုင္ေသာ မိန္းကေလးသည္ အိမ္ေထာင္သည္ျဖစ္ၿပီးေသာ္လည္း လွခ်င္ေသး၍ အိမ္ေဘးရွိ ဆံပင္ညႇပ္ဆိုင္တြင္ မၾကာခဏ ဆံပင္ေလးညႇပ္လိုက္ အလွေလးျပင္လိုက္ skinကဲလိုက္ႏွင့္ လုပ္ေဆာင္ေလ့ရွိသည္။

မိန္းကေလးသည္ ခ်မ္းသာေသာ အသိုင္းအဝန္းကမဟုတ္ေသာ္လည္း ထိုဆိုင္တြင္ ၁၀ႏွစ္နီးပါး ျပင္ခဲ့ရင္း VIPကဒ္ရရွိကာ အထူးေလွ်ာ့ေဈးမ်ားလည္း ရရွိထား၍ အလွျပဳျပင္ခမွာ ေပးတလွည့္ မေပးတလွည့္ႏွင့္ အေႂကြးတင္လာေတာ့သည္။ထို႔ေနာက္ ဆံပင္ညႇပ္ဆိုင္မွလည္း မ်ားေနၿပီျဖစ္၍ အေႂကြးအားျပန္ဆပ္ရန္ ေျပာဆိုေသာအခါ ေပးေခ်မႈမွတ္တမ္းအား ျပန္ၾကည့္ခဲ့ရာ ယြမ္ ၂.၅သန္း က်န္ေနေသးသည္။

ထို႔ေၾကာင့္ မိန္းကေလးလည္း ခင္ပြန္းျဖစ္သူစုေဆာင္းထားေသာ ေငြမ်ားႏွင့္ အေႂကြးဆပ္ခဲ့ရာ ခင္ပြန္းသည္ သိရွိၿပီးေနာက္ အလြန္စိတ္ဆိုး ေဒါသထြက္ၿပီးေနာက္ ေန႔တိုင္းနီးပါး ရန္ျဖစ္စကားမ်ားၿပီး ကြာရွင္းရန္ ေျပာဆိုခဲ့သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*