
ဆံပင်ကိုက်တတ်တဲ့အကျင့်ကြောင့် အရွယ်မတိုင်ခင် သေလမ်းသွားရမယ့်အဖြစ်နဲ့ ကြုံတွေ့ခဲ့ရတဲ့ မိန်းကလေး
တခါတရံမှာတော့ ကိုယ်ကဘာမှမဖြစ်လောက်ဘူးထင်ပြီး အမြဲလိုလိုလုပ်မိနေတဲ့ အရာလေးကနေ ကိုယ့်ကို ဘေးဒုက္ခအကြီးကြီးတွေ့စေနိုင်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရစေနိုင်ပါတယ်။
အခုဖော်ပြချင်တဲ့ သတင်းအကြောင်းအရာလေးဟာဆိုရင်လည်း ဆံပင်မွှေးလေးတွေကို ကိုက်ကိုက်ပြီး မြိုချတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ သူမျိုချခဲ့တဲ့ ဆံပင်မွှေးတွေကြောင့်ဘဲ အသက်သေဆုံးနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။
ဒီဖြစ်ရပ်လေးကတော့ ရုရှားနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်သလို ၎င်းအမျိုးသမီးလေးဟာ အသက် ၆ နှစ်လောက်အရွယ်ထဲ့ ဆံပင်မွှေးလေးတွေကို ကိုက်ကိုက်ပြီး မြိုချလာခဲ့တာပဲဖြစ်ပါတယ်။
အဲ့ဒီလိုမြိုချလာရင်းနဲ့ ဆယ်နှစ်လောက်ကြာမြင့်တဲ့အခါမှာတော့ သူမဟာ ကျန်းမာရေးပြသနာတွေနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့လာခဲ့ရပါတယ်။
ဒါ့အပြင် သူမရဲ့ဗိုက်ဟာလည်း တဖြေးဖြေးအရင်ကထက် ပိုပိုပူလာတာကြောင့် မသင်္ကာတာနဲ့ စစ်ဆေးကြည့်တဲ့အခါ သူမရဲ့အစာအိမ်ထဲမှာ ကြီးမားတဲ့ အလုံးတစ်လုံးကိုတွေ့ရှိခဲ့ရပါတယ်။
ဒါ့ကြောင့် ဆရာဝန်တွေဟာ သူမကိုအရေးပေါ်လူနာအဖြစ်သတ်မှတ်ပြီး သူမရဲ့ဗိုက်ကိုခွဲကြည့်တဲ့အခါမှာတော့ အစာအိမ်ထဲမှာ 1lb 2oz လောက်ရှိတဲ့ ဆံပင်အလုံးကြီးကိုတွေ့ရှိခဲ့ရပါတယ်။
ါ့ကြောင့် ဆရာဝန်တွေကလည်း ချက်ချင်းဆိုသလို သူမရဲ့အစာအိမ်ထဲက ဆံပင်အထွေးကြီးကို ဖယ်ရှားပြီး သူမရဲ့အသက်ကို ကယ်တင်ဖို့ကျိုးစားခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဆရာဝန်တွေဟာ သူမရဲ့အသက်ကို ကယ်တင်လိုက်နိုင်ပေမယ့်လည်း သူမကတော့ တစ်သက်မမေ့နိုင်တော့တဲ့ ဝေဒနာတွေကို ခံစားနေရဆဲပဲဖြစ်ပါတယ်။
ဒါ့ကြောင့် ပရိသတ်ကြီးရဲ့ မိသားစုဝင်တွေထဲမှာလည်း ဆံပင်ကိုက်တတ်တဲ့သူတွေရှိရင် ယခုလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ရအောင် ကြိုတင်ကာကွယ်နိုင်စေဖို့ ဒီသတင်းလေးကိုဝေမျှပေးလိုက်ရပါတယ်။
Leave a Reply