ဆေးရုံတက်နေရသည့် ဘဝ၏နောက်ဆုံးအချိန်လေးတွင် ချစ်သူနှင့် လက်ထပ်ချင်သည်ဆိုသောကြောင့် မင်္ဂလာပွဲလေးကျင်းပပေးခဲ့ရာ မင်္ဂလာဆောင်နေစဉ်မှာဘဲ သေဆုံးသွားခဲ့သည့် သတိုးသမီး

ဆေးရုံတက်နေရသည့် ဘဝ၏နောက်ဆုံးအချိန်လေးတွင် ချစ်သူနှင့် လက်ထပ်ချင်သည်ဆိုသောကြောင့် မင်္ဂလာပွဲလေးကျင်းပပေးခဲ့ရာ မင်္ဂလာဆောင်နေစဉ်မှာဘဲ သေဆုံးသွားခဲ့သည့် သတိုးသမီး

Victor Banayoဆိုသည့်သတိုးသားနှင့် Marjorie Calizarဆိုသည့်သတိုးသမီးတို့၏ မင်္ဂလာပွဲလေးအကြောင်းဟာ အလွန်ဝမ်းနည်းဖွယ်ကောင်းလှတာဖြစ်ပါတယ်။သူတို့ချစ်သူနှစ်ဦးဟာ တွဲလာခဲ့တာ၃နှစ်အထိ သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်ပြီး လက်ထပ်ရန်အတွက်လည်း ကြိုးစားနေခဲ့ကြတာဖြစ်ပါတယ်။

 

သို့သော်လည်း ကောင်မလေး၏ ကျန်းမာရေးအခြေအနေတွေကြောင့် မင်္ဂလာပွဲလေးကို မကျင်းပနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ကောင်မလေးဟာ ကျန်းမာရေးအခြေအနေအလွန်ဆိုးရွားလာခဲ့ပြီး ဆေးရုံတင်နေခဲ့ရပါတယ်။ထိုအချိန်တွင် ကောင်မလေးဟာ မသေဆုံးခင်တွင် ချစ်သူနှင့် မင်္ဂလာပွဲလေးကျင်းပနေချင်ခဲ့တာပါ။

 

ထို့ကြောင့် ကောင်မလေး၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆေးရုံကားကိုပင် မင်္ဂလာကားအနေဖြင့် အသုံးပြုပြီး မင်္ဂလာပွဲလေးကို ကျင်းပပေးခဲ့ရပါတယ်။သို့သော်လည်း ကောင်မလေးဟာ မင်္ဂလာဆောင်နေစဥ်မှာပဲ သေဆုံးသွားခဲ့သည့်အတွက် အလွန်ဝမ်းနည်းဖွယ် ကောင်လွန်းလှပါတယ်။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*