
ဆေးရုံခန်းမှာ ကိုယ့်အိုးအိမ်လို ၆နှစ်အကြာနေထိုင်ပြီးမှ ဆေးရုံဆင်းဖို့ သဘောတူခဲ့တဲ့ မိသားစု
တရုတ်နိုင်ငံရှိ Tian အမည်ရှိတဲ့အမျိုးသားတစ်ဦး ဟာ ၂၀၁၄ ခုနှစ်မှာ ၂လကြာပျို့အန်နေခဲ့ရပြီး ၉ ရက်ကြာတုန်နေတဲ့ခြေထောက်ရောဂါလက္ခဏာတွေကြောင့် ထိပ်တန်းပေကျင်းဆေးရုံတစ်ခုမှာ ဆေးရုံတက်ခဲ့ပါတယ်။ Tian မိဘများကလည်း သူနှင့်အတူလိုက်ပါလာပြီး သူ့ကျန်းမာရေးပြဿနာများအတွက် ဆေးကုသမှုခံယူခဲ့တဲ့ကာလတစ်လျှောက်လုံး သူနှင့်အတူနေထိုင်ခဲ့ကြပါတယ်။
Tian ဟာ ဆေးကုသမှုခံယူပြီးနောက် နောက်ထပ်ရက်အနည်းငယ်ကြာ ဆေးရုံမှာနေရမယ်လို့ထင်နေခဲ့ပေမဲ့ သူ့အား ဆေးရုံဆင်းခွင့်ပြုတဲ့အချိန်မှာ ဆေးရုံက သူ့ကိုမသင့်လျော်တဲ့ ဆေးကုသမှုပေးနေတယ်လို့စွပ်စွဲကာ ဆေးရုံမှထွက်ခွါရန်ငြင်းဆန်ခဲ့ပါတယ်။Tian နှင့်မိဘဖြစ်သူတွေက ၎င်းဆေးရုံအခန်းမှာ အိုးခွက်များ၊ အစားအသောက်ဆိုင်ရာများနှင့် အခြားကိုယ်ပိုင်ပစ္စည်းများပါ ဖြည့်တင်းပြီး ကိုယ့်အိမ်လို သဘောထားနေထိုင်ခဲ့ကြပါတယ်။
ဆေးရုံမှထွက်ခွာသွားရန် ဆေးရုံသက်ဆိုင်သူတွေက နည်းလမ်းပေါင်းများစွာနဲ့ကြိုးစားခဲ့ပေမဲ့ အဆိုပါမိသားစုသုံးယောက်ဟာ ၎င်းဆေးရုံခန်းမှာ သူတို့နေအိမ်လို Lunar New Year ပွဲတော်ကိုပါ အေးဆေးကျင်းပခဲ့ကြပါသေးတယ်။ပြီးခဲ့တဲ့အပတ်ကဘဲ တရုတ်နိုင်ငံ Xicheng ခရိုင်ပြည်သူ့တရားရုံးမှ တရားသူကြီးချုပ် Luo Shengli က Tian နှင့်သူရဲ့မိဘတွေဟာ ပြီးခဲ့တဲ့ ၆နှစ်တာကာလအတွင်း ဆေးကုသမှုခံယူခဲ့တဲ့အပြင် သူတို့အား ဆေးရုံမှလျော်ကြေးရရှိနိုင်အောင် ဆုံးဖြတ်ပေးခဲ့ပြီး
နောက်ဆုံး Tian တို့မိသားစုဟာ ယွမ် ၄၈၀,၀၀၀ (၉၇၉ သိန်းနီးပါး) ကိုလက်ခံခဲ့ကာ ဆေးရုံမှထွက်ခွါရန် သဘောတူခဲ့ကြပါတယ်။ထို့အပြင် သူတို့ကို ဆေးရုံလူနာတင်ယာဉ်ဖြင့် အိမ်တိုင်ရာရောက်ပို့ပေးခဲ့ရပါသေးတယ်။
Leave a Reply