
Shiloh အမည်ရှိတဲ့ခွေးလေးဟာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၂ရက်နေ့က Ohio ပြည်နယ်တက္ကသိုလ်ရဲ့ Wexner ဆေးရုံစင်တာမှာ လူနာတွေနဲ့ ဝန်ထမ်းတွေကို နှုတ်ဆက်ပေးဖို့ စေတနာ့ဝန်ထမ်းအဖြစ် အလုပ်ရသွားခဲ့ပါတယ်။သူလေးက နာမည်ကဒ်အပြည့်အစုံပါရထားပါသေးတယ်။
အဆိုပါဆေးရုံရဲ့MDဖြစ်တဲ့ Shari Dunaway က “ကျွန်မဆေးရုံက ဝန်ထမ်းတွေနဲ့လူနာတွေကို နှုတ်ဆက်စကားပြောပေးပြီး အင်အားဖြစ်စေဖို့ ဝန်ထမ်းတစ်ဦးကို အလုပ်ခန့်ခဲ့တယ်”လို့ဆိုပြီး သူမရဲ့social media မှာ ဝေမျှခဲ့ပြီးနောက်မှာတော့ တိရိစ္ဆာန်ချစ်သူလေးတွေအတွက် သဘောကျမဆုံးဖြစ်သွားခဲ့ရပါတယ်။
လူတစ်ယောက်က အကယ်လို့ Shilohက စေတနာ့ဝန်ထမ်းဆိုရင် သူလည်းလုပ်အားခအပြည့်အဝရထိုက်တယ်လို့ဆိုတော့ Shariက Shilohဟာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ လူနာတွေကို နွေးထွေးတဲ့အပြုံးတွေ ပေးနိုင်တာကြောင့် အဲ့တာတွေက သူကိုယ်တိုင်အတွက် အကောင်းဆုံးဆုနဲ့ အပြည့်အဝလျော်ကြေးငွေပါလို့ ပြန်ဖြေပေးခဲ့ပါတယ်။Shilohရဲ့ ပုံတွေပျံ့နှံ့သွားတဲ့နောက်မှာတော့ အခြားဆေးရုံအသီးသီးကလည်း သူတို့ရဲ့စေတနာ့ဝန်ထမ်းလေးတွေကို ထုတ်ကြွားပြခဲ့ကြပါတယ်။
ယခုနှစ်အစောပိုင်းတုန်းကလည်း ဝန်ဆောင်မှုအပြည့်ပေးနိုင်တဲ့ Wynnအမည်ရှိတဲ့ခွေးလေးက Covid-19 ရောဂါကို ရှေ့တန်းကနေတိုက်ထုတ်ပေးနေတဲ့ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးခဲ့ပါသေးတယ်။၁နှစ်အရွယ် Wynnဟာ ကျန်းမာရေးဝန်ထမ်းတွေအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို အကောင်းဆုံးကူညီဖြေသိမ့်ပေးနိုင်တဲ့ အဖော်လေးဖြစ်စေခဲ့ပါတယ်။
တကယ်လည်း အခြားတိရိစ္ဆာန်တွေထက် လူနဲ့ပိုအနေနီးပြီးစိတ်ခံစားချက်တွေကို ခန့်မှန်းနိုင်တဲ့ခွေးလေးတွေကသာ လူသားတို့ရဲ့စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို အမှန်တကယ်ဖြေပျောက်ပေးနိုင်တာပါ။
Leave a Reply