
ဆေးရုံကိုစီးသွားဖို့ ကုန်ကျစရိတ်မတတ်နိုင်တဲ့ ခရီးသည်များကို အခမဲ့ပို့ဆောင်ပေးနေတဲ့ Taxi မောင်းသူအမျိုးသား
ဆေးရုံသို့ လူနာတင်ယာဉ်စီးခြင်းဟာ အချို့သောနိုင်ငံတွေမှာ အနည်းဆုံးဒေါ်လာရာဂဏန်းခန့်ကုန်ကျနိုင်တာကို လူအများကသိကြပါတယ် ။ ထိုင်းနိုင်ငံမှ ထို Taxi သမားဟာ သူဟက ဆင်းရဲတဲ့လူတွေကို ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ်ကို ပေးဆပ်နေခဲ့ပါတယ် ။ အသက် ၄၂ နှစ်အရွယ် Suwannachat Phromchat အမည်ရှိအမျိုးသားဟာ ထိုင်းနိုင်ငံမှာ Taxi မောင်းသူအဖြစ် ၂၄ နှစ်ကြာ လုပ်ကိုင်ခဲ့ပါတယ် ။
သူ့ရဲ့အသက်မွေးဝမ်းကြောင်းတစ်လျှောက်လုံးမှာ သူဟာ ဆေးရုံသို့ လူနာတင်ယာဉ်မတတ်နိုင်တဲ့ ရာနဲ့ချီသော လူနာများကို အခမဲ့ဆေးရုံသို့ ခေါ်ဆောင်ပေးလေ့ရှိပါတယ် ။ ကိုယ်ကျိုးမငဲ့တဲ့ တက္ကစီမောင်းသူဟာ အထူးသဖြင့်သက်ကြီးရွယ်အိုများကို ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ခြင်းဖြင့် ကူညီနေတာပါ ။လူအချို့က ခရီးသည်များကို ပို့ဆောင်ပေးခြင်းဖြင့် အမြတ်အစွန်းရနိုင်တယ်လို့ ထင်ကြသော်လည်း Suwannachat မှာ သူ့ရဲ့ကိုယ်ပိုင်အကြောင်းပြချက်ရှိပါတယ် ။ သူဟာ ငယ်ငယ်ကတည်းက ဆင်းရဲတဲ့မိသားစုမှ တင်းသက်လာတဲ့အခါ Suwannachat က သူ့မိသားစုရဲ့ ဝန်ထုပ်ဝန်ပိုးကို သက်သာအောင်လုပ်ရန် စိတ်ပိုင်းဖြတ်ခဲ့ပါတယ် ။
သူဟာ အသက် ၁၅ နှစ်သာရှိသေးအချိန်မှာ Suwannachat က လှေနဲ့ ငါးဖမ်းအလုပ်ကို ပထမဆုံးစတင်လုပ်ခဲ့ပါတယ် ။ ကံမကောင်းစွာနဲ့ သူလအနည်းငယ်အလုပ်လုပ်ပြီးသည့်တိုင် လှေပိုင်ရှင်က လစာပေးဖို့ ငြင်းဆန်ခဲ့ပါတယ် ။ ကံကောင်းတာက သူလမ်းတွေပေါ်မှာလှည့်လည်နေတုန်း ကြင်နာတက်တဲ့လမ်းလျှောက်သူတွေက သူ့ကို ပိုက်ဆံပေးကြပါတယ် ။ သူစိမ်းများထံမှ ရရှိတဲ့ကြင်နာမှုကြောင့် သူဟာ နောင်အနာဂတ်မှာ လူ့အဖွဲ့အစည်းကို ပြန်လည်ပေးဆပ်ရန် ဆုံးဖြတ်ခဲ့လိုက်ပါတယ် ။ကျေးဇူးတင်စရာကောင်းတာက Suwannachat ဟာ နောက်ပိုင်းမှာ သူ့ခြေထောက်ပေါ်ရပ်တည်နိုင်ပြီး တက္ကစီမောင်းသူတစ်ယောက် ဖြစ်လာတခဲ့ပါတယ် ။
တစ်နေ့မှာ လူတစ်ဦးဟာမသန်မစွမ်းမှုကြောင့် အခြားတက္ကစီယာဉ်မောင်းသူက ငြင်းပယ်ခဲ့တာကို သူတွေ့ခဲ့ပါတယ် ။ ထိုအချိန်မှာ Suwannachat က ထိုဆင်းရဲနွမ်းပါးသူများနဲ့ လိုအပ်နေသူများကို ဆေးရုံသို့ အခမဲ့သွားရန် ဆုံးဖြတ်ခဲ့ပါတယ် ။ သူက ဆေးရုံသို့ပို့လိုက်တဲ့လူတွေကို နောက်ထပ်လှူဒါန်းမှုများကိုလည်း ပေးခဲ့ပါတယ် ။ အခမဲ့အလုပ်လုပ်ဖို့က မလွယ်ကူပါဘူး ။ ဒါပေမဲ့ Suwannachat က သူတင်နိုင်သမျှလုပ်ဆောင်နေပါတယ် ။ Suwannachat အနေဖြင့် သူတစ်ပါးကိုကူညီခြင်းဟာ ဘဝကိုတန်ဖိုးရှိစေတယ်လို့ သူယုံကြည်နေတာပါ ။
Zawgyi
ေဆး႐ုံကိုစီးသြားဖို႔ ကုန္က်စရိတ္မတတ္ႏိုင္တဲ့ ခရီးသည္မ်ားကို အခမဲ့ပို႔ေဆာင္ေပးေနတဲ့ Taxi ေမာင္းသူအမ်ိဳးသား
ေဆး႐ုံသို႔ လူနာတင္ယာဥ္စီးျခင္းဟာ အခ်ိဳ႕ေသာႏိုင္ငံေတြမွာ အနည္းဆုံးေဒၚလာရာဂဏန္းခန႔္ကုန္က်ႏိုင္တာကို လူအမ်ားကသိၾကပါတယ္ ။ ထိုင္းႏိုင္ငံမွ ထို Taxi သမားဟာ သူဟက ဆင္းရဲတဲ့လူေတြကို ေဆးဝါးကုသမႈအတြက္ ကုန္က်စရိတ္ကို ေပးဆပ္ေနခဲ့ပါတယ္ ။ အသက္ ၄၂ ႏွစ္အ႐ြယ္ Suwannachat Phromchat အမည္ရွိအမ်ိဳးသားဟာ ထိုင္းႏိုင္ငံမွာ Taxi ေမာင္းသူအျဖစ္ ၂၄ ႏွစ္ၾကာ လုပ္ကိုင္ခဲ့ပါတယ္ ။
သူ႔ရဲ႕အသက္ေမြးဝမ္းေၾကာင္းတစ္ေလွ်ာက္လုံးမွာ သူဟာ ေဆး႐ုံသို႔ လူနာတင္ယာဥ္မတတ္ႏိုင္တဲ့ ရာနဲ႔ခ်ီေသာ လူနာမ်ားကို အခမဲ့ေဆး႐ုံသို႔ ေခၚေဆာင္ေပးေလ့ရွိပါတယ္ ။ ကိုယ္က်ိဳးမငဲ့တဲ့ တကၠစီေမာင္းသူဟာ အထူးသျဖင့္သက္ႀကီး႐ြယ္အိုမ်ားကို ေဆး႐ုံအေရးေပၚဌာနသို႔ ပို႔ေဆာင္ျခင္းျဖင့္ ကူညီေနတာပါ ။လူအခ်ိဳ႕က ခရီးသည္မ်ားကို ပို႔ေဆာင္ေပးျခင္းျဖင့္ အျမတ္အစြန္းရႏိုင္တယ္လို႔ ထင္ၾကေသာ္လည္း Suwannachat မွာ သူ႔ရဲ႕ကိုယ္ပိုင္အေၾကာင္းျပခ်က္ရွိပါတယ္ ။ သူဟာ ငယ္ငယ္ကတည္းက ဆင္းရဲတဲ့မိသားစုမွ တင္းသက္လာတဲ့အခါ Suwannachat က သူ႔မိသားစုရဲ႕ ဝန္ထုပ္ဝန္ပိုးကို သက္သာေအာင္လုပ္ရန္ စိတ္ပိုင္းျဖတ္ခဲ့ပါတယ္ ။
သူဟာ အသက္ ၁၅ ႏွစ္သာရွိေသးအခ်ိန္မွာ Suwannachat က ေလွနဲ႔ ငါးဖမ္းအလုပ္ကို ပထမဆုံးစတင္လုပ္ခဲ့ပါတယ္ ။ ကံမေကာင္းစြာနဲ႔ သူလအနည္းငယ္အလုပ္လုပ္ၿပီးသည့္တိုင္ ေလွပိုင္ရွင္က လစာေပးဖို႔ ျငင္းဆန္ခဲ့ပါတယ္ ။ ကံေကာင္းတာက သူလမ္းေတြေပၚမွာလွည့္လည္ေနတုန္း ၾကင္နာတက္တဲ့လမ္းေလွ်ာက္သူေတြက သူ႔ကို ပိုက္ဆံေပးၾကပါတယ္ ။ သူစိမ္းမ်ားထံမွ ရရွိတဲ့ၾကင္နာမႈေၾကာင့္ သူဟာ ေနာင္အနာဂတ္မွာ လူ႔အဖြဲ႕အစည္းကို ျပန္လည္ေပးဆပ္ရန္ ဆုံးျဖတ္ခဲ့လိုက္ပါတယ္ ။ေက်းဇူးတင္စရာေကာင္းတာက Suwannachat ဟာ ေနာက္ပိုင္းမွာ သူ႔ေျခေထာက္ေပၚရပ္တည္ႏိုင္ၿပီး တကၠစီေမာင္းသူတစ္ေယာက္ ျဖစ္လာတခဲ့ပါတယ္ ။
တစ္ေန႔မွာ လူတစ္ဦးဟာမသန္မစြမ္းမႈေၾကာင့္ အျခားတကၠစီယာဥ္ေမာင္းသူက ျငင္းပယ္ခဲ့တာကို သူေတြ႕ခဲ့ပါတယ္ ။ ထိုအခ်ိန္မွာ Suwannachat က ထိုဆင္းရဲႏြမ္းပါးသူမ်ားနဲ႔ လိုအပ္ေနသူမ်ားကို ေဆး႐ုံသို႔ အခမဲ့သြားရန္ ဆုံးျဖတ္ခဲ့ပါတယ္ ။ သူက ေဆး႐ုံသို႔ပို႔လိုက္တဲ့လူေတြကို ေနာက္ထပ္လႉဒါန္းမႈမ်ားကိုလည္း ေပးခဲ့ပါတယ္ ။ အခမဲ့အလုပ္လုပ္ဖို႔က မလြယ္ကူပါဘူး ။ ဒါေပမဲ့ Suwannachat က သူတင္ႏိုင္သမွ်လုပ္ေဆာင္ေနပါတယ္ ။ Suwannachat အေနျဖင့္ သူတစ္ပါးကိုကူညီျခင္းဟာ ဘဝကိုတန္ဖိုးရွိေစတယ္လို႔ သူယုံၾကည္ေနတာပါ ။
Leave a Reply