
သူနာပြုမလေး Ning Chenကို တွေ့ရဖို့ ထိုင်ဝမ်ရှိသွားဆေးခန်းတစ်ခုမှာ လူနာတွေတန်းစီနေကြပြီး ယခုအခါ သူမဟာ ကမ္ဘာ့sexyအကျဆုံး သူနာပြုအဖြစ် သတ်မှတ်ခံနေရပါတယ်။
အသက်၂၅နှစ်အရွယ် Chenဟာ သူ့ရဲ့ချစ်ဖို့ကောင်းတဲ့အသွင်အပြင်နဲ့ အထင်ကြီးစရာကောင်းတဲ့ရုပ်ရည်တွေကြောင့် အင်တာနက်ပေါ်က လူတွေရဲ့အချစ်တွေကို အရယူနေပါတယ်။
သူမဟာ Taichungမြို့အခြေစိုက် သွားဆရာဝန် ဒေါက်တာ Min လက်အောက်မှာ အလုပ်လုပ်ကိုင်နေပြီး ယခု Instagram မှာ followerပေါင်း ၃၂,၀၀၀ကျော်ရှိနေပြီဖြစ်တာကြောင့် သူမအား ချစ်ပြီးဝန်းရံပေးတဲ့လူတွေအားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
“သူတို့က ကျွန်မကို ကမ္ဘာပေါ်မှာ အလှဆုံးသွားခံတွင်းသူနာပြုလို့သတ်မှတ်တာကို ကျွန်မ မယုံနိုင်ခဲ့ဘူး ကျွန်မ အရမ်းပျော်သွားခဲ့တယ် သူတို့ရဲ့ချစ်ခြင်းမေတ္တာအားလုံးကို ကျေးဇူးအများကြိးတင်မိတယ်”လို့ ဆိုထားပါတယ်။
Chenဟာ ချစ်သူကောင်လေးလည်းရှိနေပြီး အဲဒီအရာဟာလည်း သူမရဲ့နှလုံးသားကို အပိုင်လိုချင်တဲ့အမျိုသားထုတွေအတွက် သတင်းဆိုးတစ်ခုဖြစ်လာခဲ့ရပါတယ်။ဒါပေမဲ့ တကယ့်နတ်သမီးလေးကတော့ လူနာတွေအတွက် သွားဖာခြင်း၊သန့်ရှင်းပေးခြင်းစတဲ့ ဝန်ဆောင်မှုတွေလုပ်ပေးဖို့ စိတ်လှုပ်ရှားနေဆဲဖြစ်ပါတယ်။
Leave a Reply