ဆေးကုသမှုခံယူရန် ငွေမရှိတာကြောင့် ငွေရဖို့ သူစိမ်းတွေကို သီချင်းသီဆိုပြလေ့ရှိတဲ့ ကောင်လေး (ရုပ်သံ)

ဆေးကုသမှုခံယူရန် ငွေမရှိတာကြောင့် ငွေရဖို့ သူစိမ်းတွေကို သီချင်းသီဆိုပြလေ့ရှိတဲ့ ကောင်လေး (ရုပ်သံ)

ဖိလစ်ပိုင်နိုင်ငံက လူငယ်လေးတစ်ဦးဟာ သူ့ရဲ့ ရွှေရောင်အသံကြောင့် လူကြိုက်များပြီး သဘောကျနေကြပါတယ် ။ ဆိုရှယ်မီဒီယာသုံးစွဲသူ Elisa Regalario Secillano မှ မျှဝေထားတဲ့ ပို့စ်တစ်ခုအရ Sta မြို့ရှိ Robinson’s Mall ရဲ့ food court မှာ သူတို့အဖွဲထမင်းစားနေစဉ် ထိုလူငယ်လေးက သူတို့အဖွဲ့နဲ့ချဉ်းကပ်ခဲ့ပြီး Rosaနဲ့ Laguna က အစပိုင်းမှာ ကောင်လေးကို လျစ်လျူရှုခဲ့ကြပေမယ့် Elisa ရဲ့သူငယ်ချင်းတစ်ယောက်က Tristan Dynel Gogit လို့ခေါ်တဲ့ ထိုကောင်လေးဟာ ပုံမှန်ကျောက်ကပ်ဆေးရန်လိုအပ်တာကြောင့် ဆေးကုသမှုခံယူရန် သူစိမ်းတွေကို သီချင်းများသီဆိုပြတယ်ဆိုတဲ့ အကြောင်း ပြောပြခဲ့ပါတယ် ။

ကောင်လေးကလည်း သူ့မိဘတွေက ခွဲခွာပြီး သူ့မှာညီငယ်တွေရှိနေတာကြောင့် သူ့ကိုဆေးရုံပို့ဖို့ ငွေအလုံအလောက်မရှိခဲ့ပါဘူး ။ ဒါ့ကြောင့် သူက သူကိုယ်တိုင် Dialysis စင်တာသို့ သွားခဲ့တယ်လို့ ဆိုပါတယ် ။ အဲဒီမှာ သူကတစ်ခါတစ်လေ အော်ပရေတာတွေကို သီချင်းအခမဲ့ဆိုသလို သူတို့က သူ့ကိုအခမဲ့ ဆေးစစ်ပေးကြပါတယ် ။ ကောင်လေးကို သနားသောအားဖြင့် Elisa တို့အဖွဲ့က ကောင်လေးကို ငွေပေးပြီး သီချင်းဆိုခွင့်ပြုခဲ့ပါတယ် ။ ကောင်လေးက“ Hesus” ဆိုတဲ့ ဓမ္မတေးသီချင်းကို စတင်သီဆိုတဲ့အခါ ထိုအဖွဲ့က သဘောကျသွားခဲ့ပါတယ် ။ Elisa က သီချင်းဆိုနေတဲ့ ကောင်လေးကို Video ရိုက်ထားပြီး ၎င်းကို Facebook မှာ မျှဝေလိုက်ပါတယ် ။

Tristan သီချင်းဆိုပြီးတဲ့အခါ Elisa နဲ့ သူမရဲ့သူငယ်ချင်းတွေက သူ့ကိုဆေးဝယ်ဖို့ ငွေလေးတွေ တစ်ယောက်နည်းနည်းပေးခဲ့ပြီး ကောင်လေးကို သူခံစားနေရတဲ့ ရောဂါတွေပျောက်ကင်းပြီး ခက်ခဲတဲ့ ဘဝမှ လွတ်မြောက်နိုင်ရန် မျှော်လင့်နေကြပါတယ် ။

Zawgyi

ေဆးကုသမႈခံယူရန္ ေငြမရွိတာေၾကာင့္ ေငြရဖို႔ သူစိမ္းေတြကို သီခ်င္းသီဆိုျပေလ့ရွိတဲ့ ေကာင္ေလး (႐ုပ္သံ)

ဖိလစ္ပိုင္ႏိုင္ငံက လူငယ္ေလးတစ္ဦးဟာ သူ႔ရဲ႕ ေ႐ႊေရာင္အသံေၾကာင့္ လူႀကိဳက္မ်ားၿပီး သေဘာက်ေနၾကပါတယ္ ။ ဆိုရွယ္မီဒီယာသုံးစြဲသူ Elisa Regalario Secillano မွ မွ်ေဝထားတဲ့ ပို႔စ္တစ္ခုအရ Sta ၿမိဳ႕ရွိ Robinson’s Mall ရဲ႕ food court မွာ သူတို႔အဖြဲထမင္းစားေနစဥ္ ထိုလူငယ္ေလးက သူတို႔အဖြဲ႕နဲ႔ခ်ဥ္းကပ္ခဲ့ၿပီး Rosaနဲ႔ Laguna က အစပိုင္းမွာ ေကာင္ေလးကို လ်စ္လ်ဴရႈခဲ့ၾကေပမယ့္ Elisa ရဲ႕သူငယ္ခ်င္းတစ္ေယာက္က Tristan Dynel Gogit လို႔ေခၚတဲ့ ထိုေကာင္ေလးဟာ ပုံမွန္ေက်ာက္ကပ္ေဆးရန္လိုအပ္တာေၾကာင့္ ေဆးကုသမႈခံယူရန္ သူစိမ္းေတြကို သီခ်င္းမ်ားသီဆိုျပတယ္ဆိုတဲ့ အေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ေကာင္ေလးကလည္း သူ႔မိဘေတြက ခြဲခြာၿပီး သူ႔မွာညီငယ္ေတြရွိေနတာေၾကာင့္ သူ႔ကိုေဆး႐ုံပို႔ဖို႔ ေငြအလုံအေလာက္မရွိခဲ့ပါဘူး ။ ဒါ့ေၾကာင့္ သူက သူကိုယ္တိုင္ Dialysis စင္တာသို႔ သြားခဲ့တယ္လို႔ ဆိုပါတယ္ ။ အဲဒီမွာ သူကတစ္ခါတစ္ေလ ေအာ္ပေရတာေတြကို သီခ်င္းအခမဲ့ဆိုသလို သူတို႔က သူ႔ကိုအခမဲ့ ေဆးစစ္ေပးၾကပါတယ္ ။ ေကာင္ေလးကို သနားေသာအားျဖင့္ Elisa တို႔အဖြဲ႕က ေကာင္ေလးကို ေငြေပးၿပီး သီခ်င္းဆိုခြင့္ျပဳခဲ့ပါတယ္ ။ ေကာင္ေလးက“ Hesus” ဆိုတဲ့ ဓမၼေတးသီခ်င္းကို စတင္သီဆိုတဲ့အခါ ထိုအဖြဲ႕က သေဘာက်သြားခဲ့ပါတယ္ ။ Elisa က သီခ်င္းဆိုေနတဲ့ ေကာင္ေလးကို Video ႐ိုက္ထားၿပီး ၎ကို Facebook မွာ မွ်ေဝလိုက္ပါတယ္ ။

Tristan သီခ်င္းဆိုၿပီးတဲ့အခါ Elisa နဲ႔ သူမရဲ႕သူငယ္ခ်င္းေတြက သူ႔ကိုေဆးဝယ္ဖို႔ ေငြေလးေတြ တစ္ေယာက္နည္းနည္းေပးခဲ့ၿပီး ေကာင္ေလးကို သူခံစားေနရတဲ့ ေရာဂါေတြေပ်ာက္ကင္းၿပီး ခက္ခဲတဲ့ ဘဝမွ လြတ္ေျမာက္ႏိုင္ရန္ ေမွ်ာ္လင့္ေနၾကပါတယ္ ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*