
ဆူခံရတဲ့အချိန်တိုင်း အိမ်ခေါင်မိုးပေါ် တက်နေလေ့ရှိတဲ့ ခွေးလေး
ဒီခွေးလေးကတော့ အဆူခံရတဲ့အချိန်တိုင်း အိမ်ခေါင်မိုးပေါ် တက်နေလေ့ရှိပါတယ် ။ အချို့နေ့တွေမှာ သူ့ရဲ့ပိုင်ရှင် အဘွားကြီးက မဆူပေမဲ့လည်း အကျင့်ပါပြီး မနက်စောစောစီးစီး အိမ်ခေါင်မိုးပေါ်တက်နေလေ့ရှိပါတယ် ။ ကြည့်လိုက်ရင်တော့ အိမ်နီးနားချင်းတွေကို မနက်စောစောစီးစီးခေါ်ထတဲ့ ကြက်တွေလို သွန်နိုင်ဖို့ ကြိုးစားသင်ယူနေတဲ့ ပုံစံမျိုးလိုပါပဲ ။ သူ့ရဲ့ ကိုယ်ပိုင်သီးသန့်စိတ်အပန်းဖြေနိုင်တဲ့ နေရာမျိုးလေးလိုပါ ။ တစ်ခါတစ်ရံ မိုးရွာတော့မဲ့အချိန်တွေဆိုရင် သခင်က ခေါင်မိုးပေါ်ကနေ ခေါ်ဆင်းရလေ့ရှိကြောင်းလည်း သိရပါတယ် ။
Leave a Reply