ဆီလီကွန်အရုပ်မလေးကို ချစ်လှပါပြီဆိုပြီး မိန်းမနဲ့ မိသားစုကို စွန့်ပစ်ခဲ့တဲ့ အမျိုးသား

ဒီဖြစ်ရပ်လေးကတော့ လူအများကြားမှာ အရမ်းစိတ်ဝင်စားမှုမြင့်တက်စေခဲ့တဲ့ သတင်းလေးတစ်ပုဒ်ဖြစ်သလို ကြားသိရသူတိုင်းအတွက်လည်း အထူးအဆန်းတွေဖြစ်စေခဲ့ပါတယ်။

မိသားစုကိုထားခဲ့တဲ့ ၎င်းအမျိုးသားရဲ့နာမည်ဟာဆိုရင်လည်း Senji Nakajima ဖြစ်ပြီး သူဟာ အသက် ၆၀ နဲ့ ၇၀ ကြားရောက်ရှိနေတဲ့ သူတစ်ဦးပဲဖြစ်ပါတယ်။

သူ့မှာတော့ မိန်းမရဲ့ ကလေးနှစ်ယောက်ရှိခဲ့ပေမယ့် အရုပ်မတစ်ယောက်ကို ချစ်ကျွမ်းဝင်ခဲ့မိတာကြောင့် မိသားစုကို စွန့်ပစ်ခဲ့ပါတော့တယ်။

၎င်းအမျိုးသားဟာ သူ့ အရုပ်မကိုတော့ Saori လို့နာမည်ပေးထားပြီး ဒီအရုပ်မကို သက်ရှိလူသားတစ်ယောက်လို ဆက်ဆံကာ သူ့ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တွေကို ဒီအရုပ်မလေးလေးနဲ့ပဲ ဖြတ်သန်းနေခဲ့တာပဲဖြစ်ပါတယ်။

သူဟာ အရုပ်မလေးကို ရေချိုးပေးတာ ၊ ခေါင်းဖီးပေးတာ ၊ အတူလမ်းလျှောက်တာတွေနဲ့ အခြားသောအရာတွေကို ပြုလုပ်ပေးလေ့ရှိပြီး အိပ်ရင်တောင် တအိပ်ရာထဲ အတူတူအိပ်တာတွေ့ရပါတယ်။

ဒီဖြစ်ရပ်ကိုမြင်တွေ့နေရတဲ့ အိမ်နီးနားချင်းတွေကတော့ ၎င်းအမျိုးသားကို ဦးနှောက်တခုခုချွတ်ယွင်းသွားတာဖြစ်နိုင်တယ်လို့ ဆိုနေကြပေမယ့် ၎င်းအမျိုးသားကတော့ ဒီလိင်ဖျော်ဖျေရေးအရုပ်မလေးနဲ့အတူ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေခဲ့တယ်လို့ သိရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*