ဆိုးဝါးတဲ့နေ့ရက်တွေကို ဖယ်ရှားပစ်ဖို့ မျက်ခုံးနှင့်နှုတ်ခမ်းမွှေးတွေကို မရိတ်တော့ဘဲ အရှည်ထားတဲ့ မိန်းကလေး

ဆိုးဝါးတဲ့နေ့ရက်တွေကို ဖယ်ရှားပစ်ဖို့ မျက်ခုံးနှင့်နှုတ်ခမ်းမွှေးတွေကို မရိတ်တော့ဘဲ အရှည်ထားတဲ့ မိန်းကလေး

မကြာသေးခင်က ဒိန်းမတ်နိုင်ငံ ၊ Copenhagen မြို့ရှိ အမျိုးသမီးတစ်ဦးဟာ ရှည်လာတဲ့ သူမရဲ့နှုတ်ခမ်းမွှေး သို့မဟုတ် မျက်ခုံးမွှေးတို့ကို မရိတ်တော့တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် online ပေါ်မှ လူအများအား ဆွဲဆောင်စေခဲ့ပါတယ်။အကြောင်းပြချက်ကတော့ သူမရဲ့အဆိုအရသူမဟာ သူမနဲ့ အလားအလာရှိတဲ့ချစ်ခြင်းမေတ္တာအကျိုးစီးပွါးကို “ ဖယ်ရှားပစ်” ချင်ခဲ့ကြောင်း ဆိုပါတယ်။

 

Eldina Jaganjac အမည်ရှိ အဆိုပါသူမဟာ အမွှေးအမျှင်တွေကို ရိတ်လိုက်တဲ့အမျိုးသမီးများအပေါ် ကမ္ဘာ့ရဲထင်မြင်မျှော်မှန်းချက်များကို ငြီးငွေ့လာလို့ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။၂၀၂၀ ၊ မတ်လ မှ စပြီး ၃၁ နှစ်အရွယ်ကျူရှင်ဆရာမဖြစ်တဲ့ Eldina ဟာ သူမရဲ့ မျက်ခုံးနှင့်နှုတ်ခမ်းအထက်ရှိအမွှေးတွေကို မဖယ်ရှားတော့ပါဘူး။၎င်းဆုံးဖြတ်ချက်ဟာ သူမနား မရှိသင့်တဲ့လူတွေကို ဖယ်ရှားပေးသလို ရှေးရိုးစွဲတဲ့လူတချို့ကိုလည်း သူမဘေးမှ ဖယ်ထုတ်ပေးနိုင်ခဲ့ပါတယ်။

 

Eldina က “ ကျွန်မက လူတွေရဲ့ထင်မြင်ချက်ကို ဂရုမစိုက်ပါဘူး၊ လူတိုင်းမှာ ကိုယ့်ကိုယ်ပိုင် ရွေးချယ်မှုတွေရှိပါတယ် ၊ ကျွန်မကို ကျွန်မဘယ်လို ဖြစ်နေပါစေ လူတွေ ဂရုမစိုက်ကြဖို့ မျှော်လင့်ပါတယ် ” လို့ ဆိုခဲ့ပါတယ်။Eldina ဟာ အစပိုင်းမှာ လမ်းသွားလမ်းလာတွေက သူမအား မိုက်တယ်လို့ အော်ဟစ်ခဲ့ကြပေမဲ့ ၎င်းက သူမအတွက် အဆင်မပြေဖြစ်စေခဲ့ပေမဲ့ နောက်ပိုင်း သူမရဲ့ဆုံးဖြတ်ချက်ကို သဘောကျလာကြောင်း နှင့်

 

အခြားလူတွေက သူမအား မကောင်းတာတွေဘဲပြောပြော ၎င်းတို့နဲ့ရန်လိုဖို့ အချိန်မဖြုန်းချင်တော့ကြောင်း ပြောကြားခဲ့ပါသေးတယ်။ယနေ့အချိန်မှာတော့ Eldina ဟာ သူမလုပ်ခဲ့တဲ့အလုပ်တွေနဲ့ ရည်မှန်းချက်တွေကို ပိုမိုအာရုံစိုက်ချင်ပြီး လူတွေရဲ့သဘောမကျတဲ့အရိပ်အယောင်တွေကို နောင်တချိန်မှာ ပြန်မမြင်ရတော့တာကြောင့် ၎င်းတို့အား အထူးသလည် အာရုံစိုက်ကြည့်ချင်ကြောင်း မှတ်ချက်ပေးခဲ့သလို သူမလုပ်နေသေးသ၍ သူမဘာကိုမှ ဂရုမစိုက်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*