ဆိုင်ထဲကို ဓားပြဝင်တိုက်နေသော်လည်း အအိပ်မပျက်ခဲ့သည့် အလွန်အားကိုးရသော ဆိုင်စောင့်ကူနေသည့် တန်ဖိုးကြီး ခွေးတစ်ကောင်၏ ရယ်စရာအဖြစ်အပျက်လေး

ဆိုင်ထဲကို ဓားပြဝင်တိုက်နေသော်လည်း အအိပ်မပျက်ခဲ့သည့် အလွန်အားကိုးရသော ဆိုင်စောင့်ကူနေသည့် တန်ဖိုးကြီး ခွေးတစ်ကောင်၏ ရယ်စရာအဖြစ်အပျက်လေး

လူသားတို့သည် တိရိစ္ဆာန်များစွာကို အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးမြူကြသော်လည်း အိမ်ဝိုင်း ခြံဝန်းနှင့် ဆိုင်များကို စောင့်ပေးနိုင်ရန်အတွက် ခွေးကလေးများကိုသာ မွေးမြူတတ်ကြပါသည်။

ခွေးကလေးများသည် ညဏ်ရည်အလွန်မြင့်မားကာ မိမိသခင်ပေါ်တွင် အလွန်သစ္စာရှိကြသော တိရိစ္ဆာန်လေးများဖြစ်သည်။ယခုတွင် ထိုင်းနိုင်ငံ ခွေးလေးတစ်ကောင်၏ အဖြစ်အပျက်သည် အလွန်ပင် ရယ်စရာကောင်းနေခဲ့ပေသည်။ခွေးကလေးသည် သခင်ဖြစ်သူ၏ရွှေဆိုင်ကို စောင့်ကူရင်းနှင့် ဆိုင်ရှေ့တွင် အိပ်နေခဲ့ပါသည်။

ထိုအချိန်တွင် ဓားပြတစ်ဦးသည် သေနတ်ဖြင့် ရောက်လာခဲ့ပြီး ဆိုင်ရှင်ထံမှ ရွှေများကို ဓားပြတိုက်သွားခဲ့ပါသည်။ဓားပြတိုက်ပြီး ပြန်သွားသည့်အချိန်ထိ ခွေးကလေးဟာ အိပ်ရေးမပျက်ဘဲ ဇိမ်ကျကျပင် အိပ်နေခဲ့ပါသည်။

ထိုအဖြစ်အပျက်လေးဟာ cctvမှတ်တမ်းမှရရှိခဲ့ပြီးဗီဒီယိုကို ကြည့်ရှု့သူများသည် ခွေးကလေး၏ အိပ်နေပုံကိုကြည့်ပြီး ဟာသဖြစ်နေခဲ့ကြသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*