ဆိုင်ကယ်မရှိလို့ဆိုပြီး ချစ်သူဧ။် လှောင်ပြောင်ခြင်းကို မခံချင်၍ ဈေးကြီးဆုံးဆိုင်ကယ်များကို ခိုးယူပြီးစီးပြခဲ့သောအမျိုးသား အဖမ်းခံရ

ဆိုင်ကယ်မရှိလို့ဆိုပြီး ချစ်သူဧ။် လှောင်ပြောင်ခြင်းကို မခံချင်၍ ဈေးကြီးဆုံးဆိုင်ကယ်များကို ခိုးယူပြီးစီးပြခဲ့သောအမျိုးသား အဖမ်းခံရ

လောကကြီးတွင် ဆင်းရဲနေခြင်းက အပြစ်တစ်ခုမဟုတ်သော်လည်း လူရာဝင်နိုင်ဖို့က ငွေရှိမှသာ ဖြစ်နေသည်။ထို့အတူ ချစ်သူရည်းစားထားပါက ငွေကြေးများမပြည့်စုံလျှင် ချစ်သူလိုတာဖြည့်ဆည်းမပေးနိုင်သည့်အတွက် ရင်ဘတ်ထဲက နှလုံးသားပင် မျက်နှာငယ်ရသည်။

ယခုအခါတွင်လည်း နယူးဒေလီမှ အမျိုးသားတစ်ဦးသည် ဆင်းရဲသားတစ်ဦးဖြစ်ပြီး အလုပ်အကိုင်ဆိုသည်မှာလည်း မယ်မယ်ရရ မရှိ၍ ဆိုင်ကယ်ပင် ဝယ်မစီးနိုင်၍ ချစ်သူမိန်းကလေးဆီကနေ အမွဲအတေဆိုပြီး လှောင်ပြောင်ပြောဆိုခြင်းများ ခဏခဏခံခဲ့ရသည်။

ဆိုင်ကယ်လေးမရှိတာနှင့်ပဲ အမျိုးသားခင်မျာ ဘာပဲလုပ်ပေးလုပ်ပေး ချစ်သူမိန်းကလေးဧ။် ငြိုငြင်ခြင်းသာ ခံရ၍ အထင်ကြီးစေရန် မခံချင်စိတ်နှင့် အမှားများကျူးလွန်ခဲ့သည်။အမျိုးသားသည် အလုပ်လုပ် ပိုက်ဆံစုပြီးဝယ်ပြမည်ဟု မတွေးပဲ အခြားသူများဧ။်ဈေးကြီးဆုံး ဆိုင်ကယ်များကို သူငယ်ချင်းနှင့်အတူ နှစ်ယောက်သား လိုက်ခိုးခဲ့ကြသည်။

ခိုးယူထားသော ဆိုင်ကယ်များနှင့်အတူ လမ်းတွင်ပတ်စီးပြီး မိန်းကလေးအထင်ကြီးစေရန်အတွက် စီးပြခဲ့ရာ လမ်းတွင် လိုင်စင်မဲ့စီးနေခြင်းကြောင့် ယာဉ်ထိန်းရဲများဧ။် စစ်ဆေးခြင်းကို ခံရပြီးနောက် အဖမ်းခံခဲ့ရတော့သည်။

Zawgyi






Be the first to comment

Leave a Reply

Your email address will not be published.


*