
ဆိုင်ကယ်ဘီးကြီးဖြင့် စကပ်တိုလေးကို ဝတ်ဆင်ထားသောကြောင့် အလွန်ချောမောလှပသော ကောင်မလေးဖြစ်မည်ဟုထင်ကာ လိုင်ချောင်းခဲ့သည့် အမျိုးသားတစ်ဦး၏နောင်တ
စာဖတ်သူတို့အနေဖြင့်ရော တစ်ခါတစ်လေတွင် ထင်တာသည်နဖျင့် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရသည့်အချိန်မျိုး ကြုံတွေ့ဖူးကြပြီလား။ယခုတွင်တော့ အမျိုးသားတစ်ဦးဟာ သူ၏ဝမ်းနည်းဖွယ်ရာကောင်းလွန်းသော အဖြစ်မပျက်လေးကို လိုင်းပေါ်မှတစ်ဆင့်ဝေမျှကာ အားလုံးကို အသိပေးသွားခဲ့ပါတယ်။
ထိုအမျိုးသားတစ်ဦးဟာ ခရီးသွားနေစဥ်အတွင်း မြို့လယ်လမ်းပေါ်တွင် ဆိုင်ကယ်ဘီးကြီးကိုစီးပြီး ချောမောလှပစွာ ဝတ်ဆင်ထားတစ်ဦးကို တွေ့ရှိခဲ့ရပါတယ်။ဆိုင်ကယ်စီးသူဟာလည်း စကပ်အတို ရှပ်အင်္ကျီအဖြူတို့ဖြင့် လူတကာငေးချင်စရာကောင်းသည့် မိန်းကလေးတစ်ဦးလို ဝတ်ဆင်ထားခဲ့ပါတယ်။
ထို့ကြောင်ြအမျိုးသားဟာလည်း ဆိုင်ကယ်မောင်းသူကို မိန်းကလေးဟုထင်ကာ ရင်ခုန်စွာဖြင့် နောက်မှလိုက်ချောင်းနေခဲ့ပါတယ်။ဆိုင်ကယ်မောင်းသူဟာ ဆိုင်တစ်ဆိုင်တွင်နားပြီး ဦးထုပ်ကို ချွတ်လိုက်ချိန်မှာတော့ အမျိုးသားတစ်ဦးဖြစ်နေခဲ့ရပါတယ်။
လိုက်ချောင်းခဲ့သည့်အမျိုးသားမှာလည်း အလွန်ရှက်ကာ တိတ်တိတ်လေးပြန်လာခဲ့ရတယ်ဟု သိရပါတယ်။
Leave a Reply